လားရှိုး ဖမ်းဆီးရမိသည့် လိုင်စင်မဲ့ဆိုင်ကယ်များကို စစ်တိုင်းရုံးမှတဆင့် နေပြည်တော်ပို့နေ

သျှမ်းပြည် လားရှိုးမြို့တွင် စက်တင်ဘာလ ဒုတိယပတ်မှ စတင်ဖမ်းဆီးလာသည့် လိုင်စင်မဲ့ ဆိုင်ကယ်များကို အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်မှတဆင့် နေပြည်တော်သို့ ပို့ဆောင်နေကြောင်း စုံစမ်းသိရသည်။

လားရှိုး ယာဥ်ထိန်းရဲ စစ်ဆေးမှု တင်းကြပ်

“ ဆိုင်ကယ်လိုင်စင်ရှိရင်တော့ ဒဏ်ကြေး ၃ သောင်း တောင်းပြီး ပြန်ပေးတယ်။ လိုင်စင်မရှိရင်တော့ သိမ်းသွားတာ။ အဲ့ဆိုင်ကယ်တွေကို လားရှိုးမှာ စစ်တိုင်းရုံးထဲ ယူသွားတာ။ ၂ ရက် ၃ ရက်နေရင် ၆ ဘီးကားတင်ပြီး နေပြည်တော်ကို ပို့တာလို့ ပြောတယ်။ သူတို့တကယ်သိမ်းမယ်လို့ အုပ်ချုပ်ရေးမှူးတွေကိုယ်တိုင် ပြောတာ”ဟု အမည်မဖော်လိုသည့် လားရှိုးမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆိုင်ကယ်ဦးထုပ်မဆောင်းတာ၊ ဆိုင်ကယ်နံပါတ်ပြား ရှေ့နောက် ၂ နေရာ မတပ်ဆင်ခြင်း၊ ဆိုင်ကယ်ဘက်ကြည့်မှန် မတပ်ဆင်ခြင်းကို စစ်သား၊ ယာဉ်ထိန်းရဲ၊ ပြည်သူ့စစ်နှင့် ကညန တို့မှ ပူးပေါင်းဖမ်းဆီးနေသည်ဟု သိရသည်။

“သူတို့ဖမ်းချင်တဲ့လူကျတော့ ဖမ်းတာပဲ။ စစ်သားတွေကော၊ ယာဉ်ထိန်းရဲတွေကော၊ ကညနကလူတွေနဲ့ ပြည်သူ့စစ်တွေကော လုံခြုံရေးယူပေးနေတာ အဖွဲ့ပေါင်းစုံပဲ။ သူတို့အဖွဲ့မှာ လူ ၂၀ လောက်ပါတယ်။ အလစ်ဖမ်းတာများတယ်။ လမ်းဟိုဘက်ထိပ် ဒီဘက်ထိပ် ပုန်းပြီး စောင့်ဖမ်းတာ”ဟု ၎င်းဒေသခံက ဆက်ပြောသည်။

လားရှိုး ယာဥ်ထိန်းရဲ စစ်ဆေးမှု

စစ်အာဏာသိမ်းပြီးနောက် လားရှိုးမြို့ ယာဉ်ထိန်းရဲတပ်ဖွဲ့သည် နည်းမျိုးစုံသုံးကာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို ပိုမိုတင်းကျပ်လာပြီး စည်းကမ်းချိုးဖောက်သူများကို ဒဏ်ငွေအမြောက်အမြား ကောက်ယူကြောင်း သိရသည်။

“အများစုကလည်း ဝေဖန်ကြတာရှိတယ်။ လားရှိုးမှာ ဗုံးပေါက်တာကလဲ အများစုက ဆိုင်ကယ်တွေနဲ့ လာတာကြောင့်ပဲ ဗုံးပေါက်တာဖြစ်မှာ။ လားရှိုးမှာက မငြိမ်းချမ်းတာ
အဲ့ဒါကြောင့်လဲ ပါတယ်လို့ ပြောရမယ်။ အခုက ဗုံးပေါက်တော့ ဆိုင်ကယ်အစုတ် ဖမ်းသလိုလုပ်ပြီး လုပ်စားနေသလိုပဲ”ဟု လားရှိုးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ရှိ ဟိုတယ်၊ ဆိုင်ခန်းနှင့် ဓာတ်ဆီဆိုင်များတွင် ဗုံးပေါက်ကွဲမှုကြောင့် ၂၀၂၃ ခုနှစ်အတွင်း လူ ၈ ဦး သေဆုံးပြီး ၄၁ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သျှမ်းသံတော်ဆင့်မှ နေ့စဉ်ရေးသား တင်ဆက်ထားသည့် သတင်းမှတ်တမ်းများအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...

လားရှိုးမြို့ “ခိုင်”သစ်သီးပွဲရုံ မီးလောင်

0
သျှမ်းပြည် လားရှိုးမြို့အဝင် လွယ်လွမ့်ကျေးရွာရှိ “ခိုင်”သစ်သီးပွဲရုံ မီးလောင်ကျွမ်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှု များပြားကြောင်း စုံစမ်းသိရသည်။ ယနေ့ (မေလ ၂၇ ရက်) နေ့လယ် ၁ နာရီခန့်မှ စတင်ပြီး လားရှိုးမြို့အဝင်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ် လွယ်လွမ့်ကျေးရွာတွင် ဖွင့်လှစ်ထားသည့် “ခိုင်” သစ်သီးပွဲရုံရှိ ဂိုထောင်တစ်ခု...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...