Thursday, May 16, 2024

ရွာငံ – မန္တလေး လမ်းမကြီးပေါ် စစ်ကောင်စီ စစ်ဆေးရေးတင်းကြပ်

Must read

ရွာငံ – မန္တလေး သွားသည့် လမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်သားများက ယခင်ကထက် စစ်ဆေးမှု တင်းကြပ်နေကြောင်း ဒေသခံများထံ သတင်းသိရသည်။

သျှမ်းပြည် ရွာငံမြို့ နယ် ရေဦးကျေးရွာရှိ လမ်းမကြီးပေါ်တွင် အောက်တိုဘာလ ပထမပတ်လောက်မှ စ၍ ယခုချိန်ထိ စစ်ကောင်စီတပ်သားများက ယခင်ကထက် ကား၊ ဆိုင်ကယ် နှင့် ကုန်တင်ကားများကို စစ်ဆေးရေးများတင်းကြပ်ပြီး ပြည်သူ နှင့် တောင်သူများအတွက် အခက်ခဲများဖြစ်နေကြောင်း ရွာငံဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ရွာတွေမှာတော့ ဒီလကစပြီး တင်းကြပ်စစ်ဆေး လာတယ်၊ အရင်ကထပ် စစ်ဆေးရေး တင်းကြပ်လာတယ် ” ဟု ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့ပြင် ရွာငံမြို့တွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၁ ရက် မနက် စစ်ကောင်စီယာဉ်တန်းကို ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ (DPLF) က မိုင်းဆွဲခဲ့ပြီး စစ်ကောင်စီဖက်မှ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတို့က ရွာငံ နှင့် ရေဦးလမ်းတစ်လျှောက်တွင် စစ်ဆေးရေးများ တင်းကြပ်လာပြီး ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ (DPLF) များကလည်း ပြည်သူများ ရှောင်ရှားသွားလာရန် သတိပေးထားသည်။

ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်များ ၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ (DPLF) တို့ကလည်းလှုပ်ရှားနေသည့်နယ်မြေဖြစ်ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article