Tuesday, January 27, 2026

မူဆယ်မြို့အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် ( BPLA ) နာမည်သုံးပြီး ငွေလိမ်လည်မှု ရှိနေ

မြန်မာ-တရုတ်နယ်စပ်ဒေသ မူဆယ်မြို့အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) နာမည် အသုံးပြုပြီး ဒေသအတွင်း ငွေလိမ်လည်မှု ပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

BPLA အမည်ခံ ငွေကောက်ခံနေ

ယခုရက်ပိုင်း လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန့်နှံ့လာနေသည့် BPLA အဖွဲ့အစည်း နာမည်နှင့်အတူ မူဆယ်မြို့ရှိ စီးပွားလုပ်ငန်းလုပ်ရှင်များအနေထံ BPLA တပ်မဟာ (၂) အား အခွန်ငွေပေးဆောင်ခြင်းမရှိဘဲ လုပ်ငန်းဆက်လက် လုပ်ကိုင်မည်ဆိုပါက အရေးယူမည်ဟု ရေးသားဖြန့်ချိနေသည်။

အဆိုပါ အခွန်ဆောင်ခိုင်းခြင်း စာစောင်နှင့်ပတ်သက်ပြီး မဟုတ်မှန်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) မှ တာဝန်ခံ လင်းလင်းက သျှမ်းသံတော်ဆင့်ကို ယခုလို ပြောဆိုထားသည်။

“ လက်ရှိ အခွန်ကောက်ခံနေတဲ့စာဆိုပြီးပျံ့နှံ့နေတဲ့ လူမှုကွန်ရက်ပေါ်ကပုံမှာဆိုတပ်မတော်လို့သုံးထားပါတယ်။ ကျနော်တို့BPLAရဲ့ထုတ်ပြန်ကြေညာချက်တွေကိုပြန်လေ့လာကြည့်ပါ။ ကျနော်တို့က တပ်ရဲ့နာမည်ကိုသုံးတဲ့အခါ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)လို့ပဲသုံးပါတယ်။ ဒါတွေကြည့်ခြင်းအားဖြင့်လည်း တပ်ကိုနာမည်ဖျက်ဖို့ အလွဲသုံးစားလုပ်နေတယ်လို့ပဲပြောချင်ပါတယ် “ ဟု တာဝန်ခံလင်းလင်းက ပြောသည်။

BPLA အနေဖြင့် မူဆယ်မြို့တွင် အခြေချထားခြင်း မရှိသလို လှုပ်ရှားမှုဝာာဝန်မပေးထားကြောင်း၊ MNDAA (၆၁၁) တပ်မဟာ၏ အမိန့်ပေးကွပ်ကဲမှု အောက်မှတဆင့် စစ်ရေးလှုပ်ရှားနေသဖြင့် ပြည်သူလူထုထံ အခွန်ကောက်ခံနေခြင်း မရှိကြောင်း ၎င်းကဆက်ပြောသည်။

BPLA တပ်သား

ထို့အပြင် ပြည်သူများအနေဖြင့် BPLA နာမည်နှင့်တကွ အခွန်ဆောင်ခိုင်းခြင်း ငွေလိမ်လည်မှုကြုံတွေ့လာပါက BPLA အခွန်ကောက်မှု မရှိခြင်း ပြောဆိုဖို့လိုအပ်သလို၊ ငွေကြေးတောင်းခံလာပါက ပေးဆောင်ဖို့မလိုအပ်ကြောင်း ထပ်လောင်းပြောသည်။

သျှမ်းပြည် မူဆယ်မြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြသည့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ နှစ်စဥ်နှစ်တိုင်း ဆက်ကြေး ကောက်ယူမှုရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ၏ အမည်များကို အသုံးပြုကာ ဆက်ကြေး လိမ်ညာကောက်ယူမှုများလည်း တွေ့သဖြင့် ပြည်သူများက စိုးရိမ်ပူပန်မှုဖြင့် နေရကြောင်း မူဆယ်မြို့ ဒေသခံများက ပြောသည်။

“ အခုနောက်ပိုင်း ကားလမ်းမဘေးမှာ ဖွင့်ထားတဲ့ဆိုင်တွေ တော်တော်ခံရတယ်။ ဒီလိုလူကိုယ်တိုင်ရေးတဲ့ လက်ရေးတွေနဲ့ Viber တွေမှာ လိုက်လိုက်ပို့တာ ခံရတယ်။ ခေတ်အခြေအနေကလည်း မကောင်းဘူး။ ဝင်ငွေလည်း မရှိဘူး။ မပေးရင်လည်း ကြောက်ရ၊ ပေးရင်လည်း ကြောက်ရနဲ့ ဘယ်တပ်ဖွဲ့ဖြစ်မှန်းတောင် မသိတော့ဘူး “ မူဆယ်မြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်

ထို့ကြောင့် အဖွဲ့အစည်းနာမည်အသုံးပြုကာ ငွေလိမ်လည်မှု ပြုလုပ်ပါက BPLA ၏ တရားဝင်လူမှုကွန်ယက် စာမျက်နှာ (Facebook Page) ထံ စုံစမ်းဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။