လင်မယားရန်ဖြစ်ရာမှ အမျိုးသမီးက ပြန်ခုခံတိုက်ခိုက်သဖြင့် အမျိုးသားသေဆုံး

မြန်မာ-ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ် ဖန်မင်ကျေးရွာအုပ်စုရှိ ရာဘာခြံတစ်ခုထဲတွင် လင်မယား ၂ ဦး စကားများရန်ဖြစ်ရာမှ ဇနီးဖြစ်သူက ၎င်း၏ခင်ပွန်းကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာဘ ၁၅ ရက် ည ၈ ဝန်းကျင်တွင် ဖန်မင်ကျေးရွာအုပ်စုရှိ ရာဘာခြံတစ်ခုထဲ၌ လင်မယား ၂ ဦးသည် စကားများပြီး ရန်ဖြစ်နေစဉ် ခင်ပွန်းဖြစ်သူမှ လက်သီးဖြင့် ၎င်းဇနီးအား စတင် ထိုးနှိက်ခဲ့သည်။

ထို့နောက် အမျိုးသမီးသည် ပြန်လည်ခုခံသည့် အနေဖြင့် အနီးရှိ ဓားဖြင့်ပြန်လည်ထိုးခဲ့သဖြင့် ၎င်း သေဆုံးသွားခဲ့ကြောင်း ၎င်းကိုသွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ လင်မယားစကားများကြတာ ယောက်ျားဖြစ်သူက သူ့မိန်းမကို လိုက်ထိုးတာ။ အဲ့မှာ ထိုးဖို့ပြေးလာတာ သူ့ယောင်္ကျားကို ဓားနဲ့လှမ်းထောက် လိုက်တာ။ တစ်ချက်ထဲနဲ့ လှဲကျသွားတယ် “ ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

တာချီလိတ်မြို့

အဆိုပါ သေဆုံးသွားခဲ့ရသူ အမျိုးသားအား တာချီလိတ်ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး လူသတ်မှု ကျူးလွန်မိသူ အမျိုးသမီးဖြစ်သူကိုလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

သေသုံးသွားသည့် အမျိုးသားတစ်ဦးသည် ၎င်းဇနီးဖြစ်သူနှင့် စကားများရန်မဖြစ်ပွားခင်၌ အရက်သောက်ကာ မူးနေကြောင်း သိရသည်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများသည် စီးပွားရေးလုပ်ကိုင်စားသောက်မှု ခက်ခဲလာပြီး၊ မိသားစုဝင်ငွေလည်း ယခင်ကထက် လျော့နည်းကာ တဘက်မှာလည်းကုန်စျေးနှုန်း က အဆမတန်မြင့်တက်နေသဖြင့် လူမှုရေးပြဿနာများ မကြာခဏ ဖြစ်ပွားလာကြသည်။

ထို အိမ်တွင်းရေး၊ လူမှုရေးပြဿနာကြောင့် အိမ်တွင်ရေး ရန်ဖြစ်ကာ သေဆုံးသည့်အထိ ဖြစ်ပွားလာကြောင်း တာချီလိတ်ပြည်သူများကပြောသည်။

အလားတူ အောက်တိုဘာလ ၁၁ ရက်တွင်လည်း မိုင်းဆတ်မြို့ ဟိုနားကျေးရွာအတွင်း နေထိုင်ကြသည့် လင်မယားနှစ်ဦးသည် ရန်ဖြစ်စကားများရာမှ ခင်ပွန်းဖြစ်သူ ၎င်း၏ဇနီးအား သတ်ဖြင့် ခုတ်သတ်ပြီး အလောင်းကို ရေချောင်းထဲ ပစ်ချခဲ့သည့်ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပွားခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့်...

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

တောင်ကြီးတွင် စွန့်ပစ်ထားသည့် အလောင်းတစ်လောင်း တွေ့ရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ၊မြို့မရပ်ကွက် စဝ်စံထွန်းလမ်းထဲတွင် အသတ်ခံထားရသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာလ ၁၆ရက်နေ့ ည ၁၁ နာရီအချိန်တွင် မြိုမရပ်ကွက် စဝ်စံထွန်းလမ်းထဲတွင် အသတ်ခံထားရသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားအလောင်းကို ကားတစ်စီးဖြင့်လာပစ်ချသွားခဲ့ပြီး အဆိုပါ အမျိုးသားရုပ်အလောင်းကို အမှတ်...