သိန္နီမြို့နယ် KIA ဆက်ကြေးမဆောင်နိုင်သည့် ကားများ သိမ်းဆည်းခံရ

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) မှ ဆက်ကြေးကောက်ယူမှုကို မပေးဆောင်နိုင်သည့် ကားများ သိမ်းဆည်းခံရကြောင်း စုံစမ်းသိရသည်။

ကားကို ကန့်လန့်ဖြတ်ပိတ်ပြီး ဆက်ကြေးကောက်နေသည့် KIA

ယမန်နေ့ (အောက်တိုဘာလ ၁၅) ရက် မွန်းလွဲပိုင်း ၂ နာရီကျော်တွင် သိန္နီမြို့နယ်၊ စယ်အူကျေးရွာ အုပ်စု ဟိုမိန်းကျေးရွာ (ဝၢၼ်ႈႁူဝ်မိူင်း) နှင့် နားခေးကျေးရွာ (ဝၢၼ်ႈၼႃးၶိူဝ်း)ရှိ လမ်းမကြီးဘေး၌ KIA တပ်ဖွဲ့မှ ကားသမားများထံမှ ဆက်ကြေး တောင်းယူကောက်ခံနေကြောင်း ဒေသခံ အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လမ်းဘေးမှာ လက်နက်အပြည့်အစုံနဲ့ လာရပ်ပြီး ဆက်ကြေးတောင်းကြတာ၊ မပေးနိုင်တဲ့ကားတွေကို သော့သိမ်းပြီး ကားကိုသိမ်းလိုက်တာပေါ့၊ မနေ့က သူတို့ ဆက်ကြေးမပေးနိုင်တဲ့ ကုန်တင်ကားကြီး (၃) စီး သော့သိမ်းခံလိုက်ရလို့ လမ်းဘေးမှာပဲ ဒီအတိုင်းရပ်နားထားရတယ်၊ ဒီနေ့မနက်အထိ အဲ့ကားတွေက မရွှေ့ရသေးဘူး” ဟု လုံခြုံရေး အရအမည်ဖော်လိုသည့် အမျိုးသား တစ်ဦးက ပြောသည်။

KIA တပ်မှ ဆက်ကြေးကောက်ယူသည့် ပမာဏသည် ကုန်တင်ကားကြီး တစ်စီးလျှင် ဘီးလိမ့်ခွန် တစ်နှစ်စာ မြန်မာငွေကျပ် (၁၀) သိန်း နှင့် ၊ တင်လာသည့် ကုန်အမျိုးအစားပေါ်မူတည်ကာ နောက်ထပ် ကုန်တင်ခ ဆက်ကြေးအဖြစ် တစ်ခေါက်စာကို မြန်မာငွေကျပ် သိန်း (၂၀) မှ (၈၀) အထိ တောင်းယူကြောင်း ဒေသခံ ကားသများထံမှ သိရသည်။

ကားကို ကန့်လန့်ဖြတ်ရပ်ပြီး ဆက်ကြေးကောက်နေသည့် KIA

လက်ရှိ သော့သိမ်းခံရသည့် ကုန်တင်ကား (၃) စီးသည့် (၁၂) ဘီး အမျိုးအစား ကုန်တင်ကား ဖြစ်ပြီး ဒေသအတွင်း၌ လက်နက်ကိုင်တပ်ဖွဲ့များလည်း စုံသည့်အတွက် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားမှာကို စိုးရိမ်ရကြောင်းလည်း အထက်ပါ အမျိုးသားကဆက်ပြောသည်။

“ပိုက်ဆံမပေးမချင်း ဒီကနေကားတွေလည်း မရွှေ့ရဘူးဆိုပြီး သော့ပိတ်သိမ်းသွားတော့ ကားကလည်း မရွှေ့ရသေးဘူး၊ နောက်တခု စိုးရိမ်ရတာက ဒီဒေသမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း စုံတော့ ထိတွေ့ပစ်ခတ်မှုဖြစ်ရင်လည်း ဒေသခံတွေပဲ ဒုက္ခရောက်မှာ၊ ဒါကြောင့် သူတို့အခုလို ရပ်ရွာထဲ လာနေပြီး ဆက်ကြေးကတောက်နေတာကို သက်ဆိုင်ရာ ဒေသအတွင်းအာဏာပိုင်တွေက ထိန်းသိမ်း ပြောဆိုနိုင်ရင် ကောင်းတာပေါ့” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ယင်းကဲ့သို့ သိန္နီမြို့နယ်အတွင်း ဆက်ကြေးကောက်ခြင်း ကိစ္စနှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖြစ်စဥ် အသေးစိတ်ကို မသိရကြောင်း သျှမ်းသံတော်ဆင့် ကို ဖြေကြားခဲ့ဖူးသည်။

“ဖြစ်စဥ် အသေးစိတ်ကို ကျနော်မသိရဘူး။ အခွန်ကောက်တာက ကျနော်တို့ လှုပ်ရှားတဲ့ နေရာအတွင်း ကျနော်တို့ မြေပြင် အရာရှိတွေ လုပ်ဆောင်နေတာတော့ ရှိပါတယ်။ အသေးစိတ်ကတော့ ကျနော်တို့ ဆီမရောက်လာသေးဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံဝောာ်ဆင့်ကို ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့တွင်လည်း သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုရှိ ကွန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်းရှေ့တွင် စခန်းချပြီး ကုန်တင်ကားများထံမှ ဆက်ကြေး ကောက်ယူမှုလည်း ရှိခဲ့သည်။

အဆိုပါ KIA ဆက်ကြေးကောက်ယူနေသည့် လမ်းပိုင်းသည် သိန္နီ- ကွန်လုံ- ချင်းရွှေဟော် ဆက်သွယ် ထားသည့် လမ်းဖြစ်ပြီး၊ ချင်းရွှေဟော်သည် တရုတ်နယ်စပ်မြို့ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးဇုံ ရှိသည့်မြို့ဖြစ်ကာ ကုန်တင်ကားများ သွားလာဖြတ်သန်းသည့် လမ်းပိုင်းလည်းဖြစ်သည်။

ပြီးခဲသည့် အောက်တိုဘာလ ပထမပတ် အတွင်း၌ သိန္နီမြို့နယ်အတွင်း စစ်ကောင်စီ နှင့် KIA တပ်တို့ လက်နက်ကြီးဖြင့် အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှု ရှိခဲ့ရာ ကွန်ကောက်ဘုန်းကြီးကျောင်း အပါအဝင်၊ လူနေအိမ်များ၊ အရပ်သားများက လက်နက်ကြီးထိမှန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။