စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု နိုင်ငံတကာသိအောင် သရုပ်ဖော်ပြ

မြန်မာပြည်သူများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသည်ကို နိုင်ငံတကာ သိအောင် ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ တာ့ဖဲဂိတ်တွင် ယမန်နေ့ (အောက်တိုဘာ ၁၂)ရက်တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု နိုင်ငံတကာသိအောင် သရုပ်ဖော်ပြ

အဆိုပါ သရုပ်ပြမှုကို ချင်းမိုင်မြို့ရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် လူငယ်အနုပညာရှင် ၆ ဦး ပါဝင်သည့် အဖွဲ့မှ Deadly Strikes by Myanmar Junta ခေါင်းစဉ်နဲ့ သရုပ်ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ် အောက်တိုဘာ ၉ရက် ည ၁၁နာရီခွဲ တွင် KIA ဌာနချုပ်အနီး ဗုံးကြဲတိုက်ခိုက်မှုကြောင့် မုန်လိုင်ခက်စစ်ရှောင်စခန်းမှကလေး သူငယ် ၁၀ဦးအပါအဝင် ပြည်သူ ၂၉ဦး သေဆုံးခဲ့သည်။

ထိုကိစ္စများကို နိုင်ငံတကာက သတိထားမိလာအောင် သရုပ်ဖော်ပြကွက်ကို လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ပါဝင်သရုပ်ဆောင်သူ လူငယ်တစ်ဦးက ပြောသည်။

စစ်ကောင်စီ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု နိုင်ငံတကာသိအောင် သရုပ်ဖော်ပြ

“မထင်မှတ်ဘဲ သေဘေးနဲ့ကြုံလာရတဲ့အခါ ကျနော်တို့ ဘယ်လောက်တောင် ကြောက်ရွံ့ရလဲ၊ ကိုယ့်ရဲ့ ဆုံးရှုံးသွားတဲ့ ခြေလက်အင်္ဂါတွေကို ကြည့်ပြီး ဘယ်လိုနာကျင်ခံစားရတယ်၊ ကိုယ့်ဘေးနားမှာ ကိုယ်ချစ်ရတဲ့လူတွေ သေသွားတာကို ကြည့်ပြီးတော့မှ ဘယ်‌လောက်ထိ ကြေကွဲရလဲ ဆိုတဲ့ဟာကို အဓိကဖော်ပြချင်တာပါ”ဟု လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မျှော်လင့်ချက်ဆုံးရှုံးရသည်ကို ၎င်းလူငယ်က ဆက်ပြောသည်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာပြည်သူတွေကို ပိုမိုကူညီပေးရန်၊ စစ်ကောင်စီတပ်၏ လေယာဉ်ဆီ အရောင်းအဝယ်ကိစ္စနှင့် ပတ်သက်ပြီး ရန်တန့်သွားအောင် အစီအစဉ်ချမှတ်ပေးရန်လည်း တိုက်တွန်းတောင်းဆိုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

မြန်မာနိုင်ငံတွင်ကလေးသူငယ်များအပေါ် လေကြောင်းတိုက်ခိုက်မှု ၆၄၀ ကျော် ရှိခဲ့ကြောင်း IIMM ထုတ်ပြန်

0
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ကလေးသူငယ်များကို ထိခိုက်သေဆုံးစေသည့် လေကြောင်းတိုက်ခိုက်မှုပေါင်း အနည်းဆုံး ၆၄၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က ယမန်နေ့ (မေလ ၁၂ ရက်) တွင် ထုတ်ပြန်လိုက်သည်။ စစ်ကိုင်းတိုင်းဒေသကြီး အိုးထိန်းကွင်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းအား မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်သဖြင့်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...