Wednesday, January 28, 2026

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ စစ်မှန်မည် မဟုတ်ဟု KIA ပြော

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် စစ်မှန်သည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ မဟုတ်ဟု ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၏ ပြောရေးဆိုခွင့် ဗိုလ်မှူးကြီး နော်ဘူက ပြောဆိုလိုက်သည်။

KIA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးကြီး နော်ဘူ

လာမည့် အောက်တိုဘာလ ၁၅ ရက်တွင်ကျရောက်သည့် NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ရန် စစ်ကောင်စီ၏ ဖိတ်ကြားခဲ့သော်လည်း အောက်တိုဘာလ ၁၀ ရက်တွင် KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီး မုန်လိုက်ချက် စစ်ရှောင်စခန်းကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။

“ဆွေးနွေးပွဲတက်ဖို့ ဖိတ်လာတာတော့ ရှိပါတယ်။ ဒါပေမဲ့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုတာ အခုလိုမျိုး ပြည်သူလူထုကို သတ်ဖြတ်ပြီး နိုင်ငံရေး ဆွေးနွေးတာ၊ ငြိမ်းချမ်းရေး ဆွေးနွေးတာ ဆိုတာ သဘာဝ မကျပါဘူး။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဟုတ်မယ်လို့ ကျနော်တို့ မထင်ဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

NCA (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်ရန် စစ်ကောင်စီ၏ ဖိတ်ကြားမှုနှင့် ပတ်သက်ပြီး ဗဟိုကော်မတီမှ သီးခြားထုတ်ပြန်ပြောဆိုမှု မရှိသေးကြောင်းလည်း ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“အခုထိတော့ ဗဟိုကော်မတီကနေ တရားဝင် ဘာမှထုတ်ပြန်တာ မရှိသေးဘူး၊ ကျနော်တို့ကို သတင်း ဌာနတွေကို ပြောတာ မရှိသေးဘူး။ ဆိုတော့ အခမ်းအနားကို တက်မလား ၊ မတက်ဘူးလား ဆိုတာကို တော့ မသိရသေးဘူးပေါ့နော်” ဟု ဗိုလ်မှူးကြီး နော်ဘူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

NCA (၈) နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့အစည်း များနှင့် လက်မှတ် မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုလည်း ဖိတ်ကြား ထားကြောင်း စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ထားသည်။

NCA (၈) နှစ်ပြည့် အခမ်းအနားကို NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA-PC)၊ လားဟူးဒီမိုကရက်တစ် အစည်းအရုံး (LDU)နှင့် ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO) တို့က တက်ရောက်မည် ဖြစ်ကြောင်း ကြားသိထားရသည်။

သို့သော် NCA လက်မှတ်ရေးထိုးသည့် တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့ အနက် ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း PPST အဖွဲ့ဝင်အဖြစ် ပါဝင် လှုပ်ရှားမှု မရှိတော့ကြောင်းလည်း သိရသည်။

စစ်တပ်၏ မတရားအာဏာသိမ်းမှုကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ပျက်ပြယ် သွားပြီဟု ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ပဒိုစောတာဒိုမူးက ဩဂုတ်လ (၁၀) ရက်တွင် ပြုလုပ်သည့် (၁၇)ကြိမ်မြောက် အစည်းအရုံး ကွန်ဂရက်အပြီး ပထမဦးဆုံး ရက် (၁၀၀) အတွင်း လုပ်ဆောင်ခဲ့မှု ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...