ကွတ်ခိုင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ အပြီး SSPP နှင့် TNLA တို့က တွေ့ဆုံဆွေးနွေး

သျှမ်းပြည် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း နှစ်ဖက်တပ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ ပြီးနောက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

SSPP/SSA နဲ့ TNLA

တွေ့ဆုံဆွေးနွေးမှုကို အောက်တိုဘာလ (၆) နေ့ နှင့် (၇) နေ့ နှစ်ရက်သာ ကျင်းပခဲ့ပြီး အချင်းချင်း နားလည်မှု လွဲခြင်းကြောင့် မဟာမိတ်အကြား မိတ်ဖက် ပဋိပက္ခဖြစ်ပွားခဲ့သည်ကို အပြန်အလှန် သင်ပုန်းခြေပြီး နောက်နောင် မဖြစ်ပွားရန် အတွက် ဆွေးနွေးခဲ့ကြောင်း SSPP/SSA နှင့် TNLA တို့က ယနေ့ (အောက်တိုဘာလ ၈) ရက်တွင် ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် မဟာမိတ် အဖွဲ့အစည်း နှစ်ဖွဲ့ကြား သဘောတူထားသည့် နိုင်ငံရေး၊ စစ်ရေး သဘာတူညီချက်များကို အပြန်အလှန်စောင့်ထိန်းကြပြီး အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးလုပ်ငန်းများ အမြန်အောင်မြင်နိုင်ရန် အတွက် နှစ်ဖက်အဖွဲ့အစည်းကြား အဆင့်ဆင့်သော လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရေးသားထားသည်။

ထို့အပြင် ပြဿနာပေါ်ပေါက်လာပါက မဟာမိတ် အဖွဲ့အစည်းအချင်းချင်း အကောင်းဆုံး ညှိနှိုင်းတွေ့ဆုံဖြေရှင်းပြီး ချစ်ကြည်ရင်းနှီးမှုများ တိုးမြှင့် ဖော်ဆောင်ရန်လည်း သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

SSPP/SSA နှင့် TNLA တပ်တို့သည် ပြီးခဲ့သည့် စက်တင်ဘာလ (၂၃) ရက်တွင် ကွတ်ခိုင်မြို့နယ်၊ မိုင်းယု ကျေးရွာအုပ်စု၊ ဖာပျဥ်ကျေးရွာ (ဝၢၼ်ႈၽႃပႅၼ်ႈ) အနီးတွင် နှစ်ဖက်တပ်ဖွဲ့ ထိတွေ့ပစ်ခတ်မှု ရှိ ခဲ့သည်။

ထိုတွေ့ဆုံမှုသည် ပြီးဆုံးသွားသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့၏ တွေ့ဆုံဆွေးနွေးမှုသည် သျှမ်းပြည်၊ အထူးဒေသ (၂) ပန်ဆန်းမြို့၌ ပြုလုပ်ခဲ့ကြောင်းလည်း သတင်းရရှိသည်။

ထိုထိတွေ့တိုက်ပွဲ နှင့် ပတ်သက်ပြီး နှစ်ဖက်တပ်ဖွဲ့ နားလည်မှု လွဲမှားသည့်အတွက် ဖြစ်ရကြောင်း နှင့် နှစ်ဖက်တပ်ဖွဲ့ တွေ့ဆုံ ဆွေးနွေးရန် လုပ်ဆောင်နေကြောင်း TNLA ၏ ပြောရေးဆိုခွင့် ဒုတိယ ဗိုလ်မှူးကြီး တားအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို စက်တင်ဘာလ ၂၅ ရက်နေ့ အင်တာဗျူး၌ ဖြေဆိုခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...