အလုပ်အကိုင် ပျက်ကွက်မှုကြောင့် မူဆယ်မြို့ နယ် စစ်ရှောင်များ စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်အတွင်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် စစ်ရှောင်လာရသည့် ဒေသခံများသည် အလုပ်အကိုင် ပျက်ကွက်မှုကြောင့် စိုးရိမ်စိတ်ဖြင့် နေရပ်ပြန်သွားရကြောင်း သိရသည်။

မြန်မာ – တရုတ်နယ်စပ် မူဆယ်မြို့နယ် စယ်လန့်ကျေးရွာအုပ်စု စယ်လန့်ရွာ၊ မန်ကန်ရွာ (မၢၼ်ႈၵၢင်) ၊ နမ့်ကတ်ရွာ (မၢၼ်ႈၼမ့်ၵတ်း)၊ ဂေါင်ရာရွာသစ်၊ မိုင်းဆတ်ရွာ (မၢၼ်ႈမႆ့သၵ်း)၊ ဒေသခံများသည် နမ့်ခမ်းမြို့၊ တုန်ခွမ် (မၢၼ်ႈတူင်ႈၶွၼ်) ဒေသခံများသည် နမ့်ခမ်းမြို့၊ တုန်ခွမ်ကျေးရွာသို့ စစ်ရှောင် ရောက်ရှိလာခြင်းဖြစ်ပြီး အောက်တိုဘာလ ၃ ရက်တွင် နေရပ်ပြန်သွားကြောင်း စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – Credit ( မူဆယ်မြို့နယ်ရှိ စစ်ရှောင်များ)

“တုန်ခွမ်ရွာမှာ စစ်ရှောင် ၃၀၀ ကျော်ရှိတယ်၊ သူတို့က နှစ်လအတွင်းမှာ စစ်ရှောင်လိုက် ပြန်သွားလိုက် နဲ့ ၃ ကြိမ်မြောက် စစ်ရှောင်ရတာပေ့ါ၊ အဲ့ဒါကြောင့် လုပ်ငန်းတွေ ပျက်ကြရတာ၊ အခုလည်း တိုက်ပွဲ မရှိတော့ပေမဲ့ စစ်ရေးတင်းမာမှုတော့ ရှိတုန်းမို့၊ ကြောက်တော့ကြောက်တာပေါ့” ဟု နမ့်ခမ်းမြို့နယ်မှ စစ်ရှောင်ကူညီပေးသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဩဂုတ်လ ၂၉ ရက် နံနက်ပိုင်းမှစပြီး သြဂုတ်လ ၃၀ ရက် မွန်းလွဲပိုင်း ၁ နာရီထိ စစ်ကောင်စီ နှင့် TNLA တပ်တို့သည် စယ်လန့်ကျေးရွာအနီး၌ တိုက်ပွဲဖြစ်ပွားခဲ့သည့် အတွက် စယ်လန့်ကျေးရွာ နှင့် အနီး ပတ်ဝန်းကျင်ရှိ ဒေသခံ ၆၀၀ နီးပါး စစ်ရှောင်ထွက်ပြေးခဲ့ရခြင်း ဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်များသည် မူဆယ်မြို့ပေါ် ဟိုနားရပ်ကွက်၊ စွမ်စော်ရပ်ကွက်၊ တိန်းလုံ ရပ်ကွက် ၊ ပန်ခမ်းရွာ နှင့် နမ့်ခမ်းမြို့နယ် တုန်ခွမ်ရွာတို့ရှိ အမျိုးအိမ်များသို့ စစ်ရှောင် ခိုလှုံနေကြကြောင်း သိရသည်။

လက်ရှိတွင် ဒေသအတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်တို့ ထိတွေ့တိုက်ပွဲ မရှိသော်လည်း ဒေသအတွင်း နှစ်ဖက်တပ်ဖွဲ့၏ စစ်ရေးတင်းမာမှုများရှိနေသေးသည့်အတွက် တချို့သော စစ်ဘေးရှောင်များလည်း နေရပ်မပြန်နိုင်ကြသေးကြောင်း စစ်ရှောင်ကူညီပေးသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြော သည်။

“မန်နိမ့်ကျေးရွာဘက်က စစ်ရှောင် ၂၀၀ ဝန်းကျင်လောက်တော့ မပြန်သေးဘူးလို့ သိရတယ်၊ သူတို့ရွာ နားမှာ စစ်ကောင်စီ စစ်ကြောင်းရှိနေသေးလို့ ရွာထဲ ပေးမဝင်မှာကြောက်လို့ မပြန်သေးတာတဲ့၊ တိုက်ပွဲထပ်ဖြစ်မှာလည်း ကြောက်တာပေါ့” ဟု စစ်ရှောင်ကူညီသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ရှောင်များ နေအိမ်စွန့်ခွာပြီး စစ်ရှောင်ထွက်ပြေးရသည့်အချိန်တွင် ကျေးရွာအတွင်း ဝင်လာသည့် လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် ဒေသခံများ၏ နေအိမ်ကို ဖောက်ထွင်းပြီး အတွင်းပစ္စည်းများကို ခိုးယူခြင်း၊ နေအိမ်အတွင်း ဝင်ရောက်နေရာယူခြင်းတို့ ရှိကြောင်းလည်း စုံစမ်းသိရသည်။

မူဆယ်မြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် TNLA တပ်တို့၏ တိုက်ပွဲကြောင့် အရပ်သား နေအိမ်များ လက်နက်ကြီးထိမှန် မီးလောင် ပျက်စီးရသည့်အပြင်၊ အရပ်သား ထိခိုက်သေဆုံးခြင်း၊ ဒဏ်ရာရခြင်း တို့လည်း ရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...