Monday, May 13, 2024

“ကနောင်စစ်ဆင်ရေး” တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အများအပြားသေဆုံး

Must read

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ ပူးပေါင်းပြီး “ကနောင်စစ်ဆင်ရေး “ ဟု နာမည်ပေးထားသည့် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ အများအပြား သေဆုံးခဲ့ကြောင်း MDY PDF မှ ယမန်နေ့ (စက်တင်ဘာ ၁၁) ရက်တွင် ထုတ်ပြန်ထားသည်။

.

၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၅) ရက်မှစပြီး ပထမဦးဆုံး တိုက်ပွဲအနေဖြင့် “ကနောင်စစ်ဆင်ရေး“ တွင် မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်လေကြောင်းရန်ကာကွယ်ရေးတပ် (၁၀၁၄) ကို ရှေ့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၁) ဦး အပါအဝင် တပ်သား (၁၉) ဦး သေဆုံးခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

Photo – MDY PDF ( စစ်ကောင်စီထံမှ သိမ်းဆည်း ရရှိထားသည့် လက်နက်များ)

ထိုပထမဦးဆုံး တိုက်ပွဲအတွင်း၌ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) မှ ရဲဘော်တစ်ဦးလည်း သေဆုံးခဲ့သည်။

ထို့နောက် မန္တလေး သျှမ်းပြည် နောင်ချိုမြို့ နှင့် ပြင်ဦးလွင် – မိုးကုတ်လမ်းပိုင်းတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့အကြား ယခု စက်တင်ဘာလ ၁၀ ရက်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲသည် ၂ လ နီးပါးကြာအောင် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး၊ အရာရှိ၊ ဒု – စစ်ကြောင်းမှူး အပါအဝင် တပ်သား စုစုပေါင်း ဦးရေ ၈၀ ခန့် သေဆုံးခဲ့ပြီး၊ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထိုထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ဘက်မှ ရဲဘော် ၂ ဦး သေဆုံးခဲ့သည်။

လက်ရှိအချိန်ထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ဆင်နွှဲလျက်ရှိသော “ ကနောင် စစ်ဆင်ရေး “ သည် ပြီးဆုံးခြင်းမရှိသေးဘဲ စစ်ကောင်စီတပ် နှင့် ထိပ်တိုက်ရင်ဆိုင်ထားကာ စစ်ရေးတင်းမာလျက်ရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article