မူဆယ်မြို့ အတွင်း စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ပစ်ခတ်နေ

သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ကံ့ကော်လမ်းခွဲတွင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်း သိရသည်။

.

ယမန်နေ့ (စက်တင်ဘာလ ၁၁) ရက် ည ၉ နာရီအချိန်မှ စပြီး ဟိုမွန်ရပ်ကွက်ရှိ ကံ့ကော်လမ်းခွဲမှ လုံခြုံရေးယူ နေသည့် စစ်ကောင်စီတပ်သည် သေနတ်ဖြင့် မိနစ် ၂၀ ခန့်ကြာအောင် မိုးပေါ်ပစ်ဖောက်ခဲ့ကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ သေနတ် မဖောက်ခင်ကတည်း အဲ့လမ်းမှာ လုံခြုံရေးယူနေတာ အပြည့်ပဲ။ ဘာသတင်းကြားလို့လည်း မသိဘူး။ ဆိုင်ကယ်တွေမကဘူး၊ လူကိုပါ စစ်တယ်။ ညရောက်တော့ အဲ့မှာ သူတို့သေနတ်ဖောက်တော့တာပဲ။ မိနစ် ၂၀ ၊ နာရီဝက်လောက် ကြာတယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အနီးတဝိုက်ရှိ ပြည်သူများ ထိတ်လန့်ကြပြီး သေနတ်ကျည်လာထိမှန်မည်ကို စိုးရိမ်နေရကြောင်း ဆိုသည်။

“သေနတ်သံကြားတော့ လန့်တာပေါ့။ ဘုမသိဘမသိ သေနတ်ကျည်လာမှန်မှာကိုပဲ ကြောက်ရတယ်။ လူ့အသက်က လွယ်လွယ်မရဘူး။ ဘာအကြောင်းမှ မဟုတ်ဘဲ အဲ့လိုသေနတ်တွေ ဖောက်တော့ ကျနော်တို့ ပြည်သူတွေကို လုံခြုံရေးလုပ်ပေးမယ်မပြောနဲ့ ကျနော်တို့က သူတို့ကို ကြောက်နေရတယ်“ ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ စက်တင်ဘာ ၁၀ ရက်တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် သျှမ်းပြည် မြောက်ပိုင်းအတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့များတွေ့ဆုံကြပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း အမှာစကားပြောကြားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...