Wednesday, May 8, 2024

မူဆယ်မြို့ အတွင်း စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ပစ်ခတ်နေ

Must read

သျှမ်းပြည် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်ရှိ ကံ့ကော်လမ်းခွဲတွင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်း သိရသည်။

.

ယမန်နေ့ (စက်တင်ဘာလ ၁၁) ရက် ည ၉ နာရီအချိန်မှ စပြီး ဟိုမွန်ရပ်ကွက်ရှိ ကံ့ကော်လမ်းခွဲမှ လုံခြုံရေးယူ နေသည့် စစ်ကောင်စီတပ်သည် သေနတ်ဖြင့် မိနစ် ၂၀ ခန့်ကြာအောင် မိုးပေါ်ပစ်ဖောက်ခဲ့ကြောင်း မူဆယ်မြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ သေနတ် မဖောက်ခင်ကတည်း အဲ့လမ်းမှာ လုံခြုံရေးယူနေတာ အပြည့်ပဲ။ ဘာသတင်းကြားလို့လည်း မသိဘူး။ ဆိုင်ကယ်တွေမကဘူး၊ လူကိုပါ စစ်တယ်။ ညရောက်တော့ အဲ့မှာ သူတို့သေနတ်ဖောက်တော့တာပဲ။ မိနစ် ၂၀ ၊ နာရီဝက်လောက် ကြာတယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ သေနတ်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီဘက်မှ တစ်ဖက်သတ် သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် အနီးတဝိုက်ရှိ ပြည်သူများ ထိတ်လန့်ကြပြီး သေနတ်ကျည်လာထိမှန်မည်ကို စိုးရိမ်နေရကြောင်း ဆိုသည်။

“သေနတ်သံကြားတော့ လန့်တာပေါ့။ ဘုမသိဘမသိ သေနတ်ကျည်လာမှန်မှာကိုပဲ ကြောက်ရတယ်။ လူ့အသက်က လွယ်လွယ်မရဘူး။ ဘာအကြောင်းမှ မဟုတ်ဘဲ အဲ့လိုသေနတ်တွေ ဖောက်တော့ ကျနော်တို့ ပြည်သူတွေကို လုံခြုံရေးလုပ်ပေးမယ်မပြောနဲ့ ကျနော်တို့က သူတို့ကို ကြောက်နေရတယ်“ ဟု အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ စက်တင်ဘာ ၁၀ ရက်တွင် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် သျှမ်းပြည် မြောက်ပိုင်းအတွင်းရှိ ပြည်သူ့စစ်ဌာနေတပ်ဖွဲ့များတွေ့ဆုံကြပြီး နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ဝိုင်းဝန်းဆောင်ရွက်ကြရန်လည်း အမှာစကားပြောကြားခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article