Friday, May 3, 2024

ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခု ဂရိန်းကြိုးပျက်ကျကာ (၁) ဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာရ

Must read

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Srinakharinwirot University တက္ကသိုလ်ဝင်းအတွင်း ဆောက်လုပ်ဆဲ အဆောက်အအုံတစ်ခုတွင် ဂရိန်းကြိုး ပျက်ကျပြီး ၁ ဦး သေဆုံးကာ၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

.

ပြီးခဲ့သည့် စက်တင်ဘာ (၁၀) ရက် နေ့လည် ၄ နာရီဝန်းကျင်မှာ ဆောက်လုပ်ဆဲ (၄) ထပ်တိုက် အဆောက်အုံတစ်ခုမှာ ဂရိန်းကြိုး ရုတ်တရက် ပျက်ကျပြီး (၃) လွှာရှိ အလုပ်သမားပေါ် ပြုတ်ကျသဖြင့် ၁ ဦး သေဆုံးကာ ၊၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းသတင်းမှာ ဖော်ပြထားသည်။

Photo – Credit ( ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမား)

သေဆုံးသူမှာ ထိုင်းလူမျိုး လျှပ်စစ်အင်ဂျင်နီယာ ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၂) ဦးသည် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖြစ်ကြောင်း ထိုင်းမီဒီယာဖြစ်သည့် Thairath မှာဖော်ပြထားသည်။

သေဆုံးသွားသည့် အမျိုးသားသည် အသက် (၃၈) နှစ်ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိသူ (၂) ဦးသည် လက်ရှိမှာ ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

မြန်မာနိုင်ငံမှ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမား အများအပြား ဝင်ရောက် အလုပ်လုပ်ကိုင်လာပြီး တချို့မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် ဆောက်လုပ်ရေးပိုင်းတွင် အလုပ်လုပ်ရသည့်အတွက် အသက်အန္တရာယ် စိုးရိမ်ရသည့် ဖြစ်စဥ်များလည်း ရှိသည်။

ပြီးခဲ့သည့် သြဂုတ် (၁၆) ရက်တွင်လည်း ထိုင်းနိုင်ငံ ကန်ချနပူရီမြို့ရှိ ကုန်းလမ်းပို့ဆောင်ရေးရုံး
ရှေ့တွင် မြန်မာရွှေ့ပြောင်းအလုပ်သမား တင်ဆောင်လာသည့် ကားတစ်စီး နှင့် (၁၀) ဘီးကား တစ်စီး တိုက်မိပြီး (၁) ဦး သေဆုံးကာ (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article