ရွာငံမြို့နယ် PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား ထိခိုက်ဒဏ်ရာ ရမှုရှိနေ

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း၌ အာဏာသိမ်း စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ (PDF) တို့ တိုက်ပွဲဖြစ်ပွားရာ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေကြောင်း သိရသည်။

.

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက် မွန်းလွဲပိုင်း ၂ နာရီဝန်းကျင်တွင် ရွာငံမြို့နယ်၊ ကျောက်ပချုပ်ကျေးရွာအနီး၌ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း PDF  နှင့် နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီနားတစ်ဝိုက်မှာ နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာမှု ရှိနေတာကတော့ ပြီးခဲ့တဲ့ လကတည်းကပါ။ မနေ့က ပစ်ခတ်မှုကတော့ နာရီဝက်လောက်ကြာတယ်၊ ထိခိုက်ကျဆုံး မှုတွေလည်း ရှိတယ်၊ သတင်းထုတ်ပြန် လာတာတော့ မတွေ့ရသေးဘူး”  ဟု PDF နှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်အတွင်း၌ သာစည်မြို့နယ်ဘက်မှ စစ်ကြောင်း ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည်  ရွာငံမြို့နယ်၊ ကျောက်ပချုပ်ကျေးရွာအနီး PDF နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အရပ်သားနေအိမ်ကို စစ်ကောင်စီ မီးရှို့ ဖျက်ဆီးခဲ့ကြောင်းလည်း သိရသည်။

နှစ်ဖက် တိုက်ပွဲကြား အရပ်သားနေအိမ် မီးရှို့ခံရသည့် အပြင် ဒေသခံ (၁၀၀) ကျော်လည်း တောထဲ သို့ ခေတ္တစစ်ရှောင်ထွက်ပြေးရကြောင်းလည်း ဖြစ်စဥ်ကို သိရှိရသူ ရွာငံဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“မီးရှို့ခံရတဲ့ အရပ်သား အိမ် (၂) လုံးထက် မနည်းဘူးတဲ့၊ အဲ့ဘက်က ခေါင်လည်းခေါင်၊ မြို့နဲ့လည်း ဝေးတော့ သတင်းတွေက တက်မလာဘူး၊ ကျောက်ပချုပ်ရွာခံတွေဆို တိုက်ပွဲဖြစ်လို့ တောထဲ စစ်ရှောင်သွားရတယ်၊ ခုတော့ ပြန်ရောက်လာကြပြီ၊ မနေ့က တိုက်ပွဲမှာ ထပ်ပြေးကြရသေးလားတော့ မသိဘူး” ဟု ဖြစ်စဥ်ကို သိရှိရသူ ရွာငံဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် ရွာငံမြို့နယ်အတွင်း၌ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front) လှုပ်ရှားနေသည့် စွပ်စွဲချက်ဖြင့် စစ်ကြောင်းထိုးကာ မြေပြင် စစ်ဆေးရေး နှင့် စစ်အင်အားဖြည့်တင်းမှု လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ကို စစ်အာဏာရှင် စနစ်ကျဆုံး၍ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဓနုလူငယ်များ နှင့် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်တပ်ဖွဲ့များ စုပေါင်းဖော်ဆောင်သွားမည် ဟုဆိုပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်တွင် ထုတ်ပြန်လာ ခြင်းဖြစ်သည်။

စစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင်း ၂၀၂၃ ခုနှစ် ဇွန်လအထိ စစ်တပ် နှင့် လက်အောက်ခံအဖွဲ့များ က ဒေသခံ ပြည်သူ့နေအိမ် စုစုပေါင်း (၁၈၇) အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထိုအထဲမှ ရွာငံမြို့နယ်ရှိ ဒေသခံ နေအိမ် (၂၀) ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ဇွန်လအတွင်းတွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...