လားရှိုးမြို့နယ် ကျောင်းထိုင်ဆရာတော်မှ ကိုရင်လေးတစ်ပါး ညိုမဲရိုက်နှက်

သျှမ်းပြည် လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာရှိ ဝေဠုဝန်ဘုန်းကြီးကျောင်းတွင် သီတင်းသုံးနေထိုင်ထားသည့် ကိုရင်လေးတစ်ပါး က စာမရသည်ဟု ပြောဆိုပြီး ဆရာတော်က ညိုမဲအောင် ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

.

ပြီးခဲ့သည့် သြဂုတ်လ (၈) ရက်က အသက် (၉) နှစ်အရွယ် ကိုရင်လေး တစ်ပါး က စာမရသည်ဟု ပြောဆိုပြီး ကျောင်းထိုင် ဆရာတော် တစ်ပါးက ညှိမဲအောင် ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။

“ သူတို့ နေ့လည်စာ စားပြီးတော့ စာသင်နေတာတဲ့။ ( ၃) နာရီလောက်တော့ စာသွားအံတာတဲ့ ။ စာသွားအံ့တာ တစ်လုံးပဲ မရတာကို ရိုက်တာတဲ့။ ပြန်ဆိုခိုင်းတော့လည်းသူက ပြန်ဆိုနိုင်ပါတယ်။ ဒါမဲ့ သူက ရိုက်လိုက်တာ။ တုတ်တောင်ကျိုးတယ်တဲ့။ ကြက်မွှေးနဲ့ရိုက်တာ။ အခုတော့ အသားတွေ ညှိမဲနေတာပေါ့” ဟု ကိုရင်လေး၏ မိသားစုဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မယ်ဟန်ကျေးရွာရှိ ဝေဠုဝန်ဘုန်းကြီးကျောင်း

ကိုရင်လေးကို ညိုမဲအောင် ရိုက်နှက်သည့်အပြင် ညမှာလည်း သောက်သုံးရေ သောက်ခွင့်မပေးခဲ့ကြောင်း သိရသည်။

“ရိုက်တဲ့ သူကတော့ ကျောင်းထိုင် ဆရာတော်ပဲ။ ကလေးရဲ့ အသားကတော့ ညိုမဲနေသေးတယ်ပေါ့။ အိမ်ကိုခေါ်လာပြီးတော့ မယ်ဟန်ဆေးခန်းကို နေ့တိုင်းသွားပြပေးတယ်။ ရိုက်ခံရတဲ့ ရက်မှာဆို စကားတောင် မပြောနိုင်ဘူး။ အဲ့နေ့မှာ သူ့ရဲ့ သူငယ်ချင်းတွေကိုလည်း သူ့ကို ရေမတိုက်ခိုင်းဘူးတဲ့။ တစ်ညလုံး ဘာမှ မပေးစားဘူးတဲ့။ ကလေးက ဖုန်းဆက်လာလို့မှ ကျနော်တို့က ပြန်သွားခေါ်ပြီးဆေးကုသပေးတာ” ဟု မိသားစုဝင် ကပြောသည်။

သြဂုတ် (၉) ရက်မှစပြီး ကိုရင်လေးကို ဆေးကုသမှု ပြုလုပ်ထားရပြီး ကျောင်းထိုင် ဆရာတော်မှ ဆေးဖိုးအတွက် ၉ သောင်းကျပ်သာ ကူညီပေးခဲ့ကြောင်း သိရှိရသည်။

လက်ရှိအချိန်ထိ ကိုရင်လေးသည် ဆေးခန်းကို နေ့စဉ်သွားပြနေရပြီး ကိုရင်လေးသည် ညိုမဲသည့် ဒဏ်ရာကြောင့် မှောက်အိပ်နေရကြောင်းလည်း သိရသည်။

“ ဆိုးဆိုးဝါးဝါးတော့ ဖြစ်သွားတာပေါ့။ မထိုင်နိုင်တော့ဘူး ဖြစ်သွားတယ်။ လမ်းလျှောက်နိုင်ပါတယ်။ လိုအပ်တဲ့ဟာတွေကိုတော့ အကုန်လုပ်ထားပေးပြီးပြီ။ အရမ်းစိုးရိမ်ရတဲ့ ထဲတော့မပါဘူး။ အတွင်းဒဏ်ရာတော့ ဘာမှ မရဘူး။ အပြင်ဒဏ်ရာမှာ သွေးနီဉတာ တော်တော်လေးဆိုးသွားတယ်။ ဆရာတို့ကတော့ ရောက်တဲ့နေ့ ကတည်းက ပိုးသတ်ဆေးတွေလည်း လိုတဲ့ဟာတွေ အယောင် ကျဆေးတွေလည်း အကုန်ပေးထားတော့ ကလေးကတော့ သွားလာတဲ့ အခါမှာ အရမ်းတော့ ဒုက္ခမရောက်ဘူးပေါ့။ ရောက်လာတဲ့ နေ့တုန်းကဆိုရင် ပလပ်တောင် မအိပ်နိုင်ဘူး။ အဲ့လို အိပ်ရင် နာတာပေါ့။ ပထမတစ်ရက်ကတော့ ဖျားတယ် ။ အခုတော့ မဖျားတော့ဘူး” ဟု ဆေးကုသမှု ပေးနေသည့် ဆရာဝန် တစ်ဦး ကပြောသည်။

ကိုရင်လေး မိဘများသည် ကျောင်းထိုင်ဆရာတော်ကို တရားစွဲဆိုဖို့အတွက် ကြောက်ရွံ့နေပြီးတော့ မကျေနပ်မှု ရှိသော်လည်း တိတ်ဆိတ်နေရတယ်လို့ နီးစပ်သူ မိသားစုက ပြောဆိုသည်။

“ အခုလို ရိုက်ပြီးတော့ ၉ သောင်းလာပေးတာတော့ ကျေနပ်လားလို့ပြောရင် ဘယ်ကျေနပ်မလဲ။ တကယ်လုပ်မယ် ဆိုရင်လည်း ကျနော်တို့က သာမာန် ပြည်သူဖြစ်တယ်။ သူတို့က ဘုန်းကြီးဖြစ်တယ်။ ကြောက်လည်း ကြောက်တာပေါ့။ သူဘာတစ်ခုခုလာလုပ်မှာတော့ ကြောက်တာမဟုတ်ဘူး။ သူတို့က ဗမာဖြစ်တယ်။ ကျနော်တို့ကလည်း သူတို့အကြောင်း အကုန်မသိဘူး” ဟု ၎င်းအမျိုးသားက ဆက်လက်ပြောဆိုထားသည်။

ကိုရင်လေးသည် အဆိုပါ ဝေဠုဝန်ကျောင်းတိုက်မှာ (၄) လတာ သီတင်သုံး နေထိုင်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တုန်းကလည်း သျှမ်းပြည် ကျေးသီးမြို့နယ် မိုင်းကောင်းကျေးရွာမှာ နွားနို့တစ်ဗူးကို ခိုးသောက်ခဲ့သည့် ကိုရင်လေးကိုလည်း ရိုက်နှက်ခံခဲ့ရပြီး သေဆုံးသွားခဲ့သည် အထိဖြစ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...