လွိုင်ကော် – မိုးဗြဲ ကားလမ်းမကြီးပေါ်ရှိ တိုက်ပွဲပြင်းထန်၊ ခရီးသွား၊ လာမှု မပြုရန် KNDF သတိပေး

သျှမ်း – ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ လွိုင်ကော် – မိုးဗြဲ ကားလမ်းမကြီးပေါ်ရှိ ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ရေးတင်းမာနေလျက်ရှိသောကြောင့် ပြည်သူများအနေဖြင့် မသွားလာရန် ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF B-02 ၏ ထုတ်ပြန်သတိပေးချက်အရ သိရသည်။

.

ပြီးခဲ့သည့် သြဂုတ် ၄ ရက်မှစ၍ လွိုင်ကော် – မိုးဗြဲ ကားလမ်းမကြီးပေါ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီတပ်များ လှုပ်ရှားမှု ပြုလုပ်ခဲ့ပြီးနောက် သြဂုတ် ၆ ရက်မှစတင်ကာ ကရင်နီ ပူးပေါင်းတပ်တို့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

လက်ရှိမှာ စစ်ရေးတင်းမာလျက်ရှိနေသောကြောင့် အချိန်မရွေး တိုက်ပွဲများ ပြင်းထန်လာနိုင်သဖြင့် လွိုင်ကော် – မိုးဗြဲ လမ်းမကြီး အသုံးမပြုသေးရန်နှင့် မိဘပြည်သူများအနေဖြင့် စစ်ရေးပြင်းထန်သည့် နယ်မြေဒေသအတွင်း သတိထားပြီး ရှောင်ရှားသွားလာရန် သတိပေးထားသည်။

“စစ်ကောင်စီ ဖက်ကတော့ အခုချိန်ထိ စစ်ရေး လှုပ်ရှားနေတာရှိတယ်။ တိုက်ပွဲကတော့ ဖြစ်လာနိုင်ချေရှိတယ်။ ပြည်သူတွေအနေနဲ့ မသွားလာဖို့တော့ သတိပေးချင်တာပေါ့။ အဓိကတော့ စစ်ရေး ပြင်းထန်နေတဲ့ နယ်မြေဒေသမှာ အသွားအလာ မလုပ်ဖို့ပြောချင်ပါတယ် “ ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

အလားတူ ဇူလိုင် ၂၀ ရက်မှ ၂၈ ရက်အထိ လွိုင်ကော် – မိုးဗြဲ လမ်းမကြီး တစ်လျောက်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးခြင်း၊ အင်အားဖြည့်တင်းခြင်းကြောင့် ကရင်နီပူးပေါင်းတပ် နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကြောင့် စစ်ကောင်စီဖက်မှ MA-1 (၅) လက်၊ MA-2 စက်ကလေး (၁) လက်၊ MA-3 (၂) လက်နှင့်အတူ ခဲယမ်းမီးကျောက်များ၊ အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သလို စစ်သုံး ကားတစ်စီးကိုလည်း ဖျက်စီးနိုင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီသည် ကရင်နီ (ကယား) ပြည်ကို စစ်အင်အားဖြည့်တင်းရန်အတွက် ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် လမ်းမကြီးကို အသုံးပြု၍ စစ်ယာဉ်တန်းကားများအပြင် အရပ်သားကားများပါ အသုံးပြုကာ ဝင်ရောက်ခဲ့သဖြင့် ကရင်နီပူးပေါင်းတပ်များမှ ကြားတိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲသည် နေ့စဉ်နီးပါး ဖြစ်ပွားနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...