မူဆယ်မြို့ နေအိမ်တစ်လုံးအတွင်း အမျိုးသမီးတစ်ဦး ရိုက်ခံရပြီးသေဆုံး

သျှမ်းပြည် မူဆယ်မြို့ စက်မှုဇုံနယ်မြေရှိ ထွယ်ပန်းခြံအကျော် အနီးနေထိုင်သည့် နေအိမ်တစ်လုံးထဲ၌ အမျိုးသမီးတစ်ဦး ရိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

မူခင်းဖြစ်ပွားသည့် နေရာ

ယမန်နေ့ (ဇူလိုင် ၁၂) ရက် ညနေပိုင်း ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ စက်မှုဇုံနယ်မြေရှိ ထွယ်ပန်းခြံအကျော် အနီးနေထိုင်သည့် နေအိမ်တစ်လုံးထဲ၌ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဦးခေါင်းအရိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၎င်းကို သွားရောက်ကူညီခဲ့သည့် နှလုံးလှလူမှုကူညီရေးအသင်းမှ သိရသည်။

“ သူ့ရဲ့ မိဘက ရဲကို အကြောင်းကြားပြီး ရဲကမှ ကျနော်တို့ကို အကြောင်းကြားလို့ သွားသယ်တာပါ။ ဒဏ်ရာက ဦးခေါင်းမှာပဲ ရိုက်ခံထားရတာ တွေ့တယ်။ အဲ့နားမှာက လက်ကိုင်နဲ့ ပါတဲ့ သံပိုက်တစ်ခု ပိန်နေတာလည်း တွေ့ရတယ်။ အဲ့ဒါနဲ့ ရိုက်သွားတာလို့ပဲ ထင်တယ်“ ဟု လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ရိုက်နှိက်ခံရသည့် အမျိုးသမီးတစ်ဦးကို နှလုံးလှ လူမူကူညီရေးအသင်းမှ သွားရောက်ကူညီပေးခဲ့ပြီး မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ထိုအမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ၎င်းအမျိုးသမီး၏ ခင်ပွန်းကိုလည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးခြင်း ပြုလုပ်နေကြောင်း သိရသည်။

“အခုချိန်မှာတော့ ကိုယ့်သတိ ၀ိရီယ နဲ့ သွားလာလှုပ်ရှားရမှာပေါ့။ ဒီလို ညကြီးညအခါ ထွက်ရင် အဲ့လိုမျိုး သီးသန့်တစ်ယောက်တည်း ထွက်ရမယ်ဆိုရင် မသွားနဲ့ပေါ့။ အဖော်ခေါ်ပြီးမှ သွားကြဖို့၊ အဖော်မပါဘဲ တစ်ယောက်တည်း မသွားနဲ့ပေါ့။ မသွားသင့်တဲ့နေရာ၊ လူပြတ်တဲ့နေရာသို့ဆို မသွားတာ အကောင်းဆုံးပဲ။ အခုက ဆိုင်ကယ်အသစ်လေးစီးပြီဆိုရင် ဆိုင်ကယ်လုခံနေရတာ “ ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် ခိုးဆိုးလုယက်၊ သူခိုး၊ ဓားပြတိုက်သူ များလာနေသလို မူဆယ်မြို့အပြင် လားရှိုးမြို့တွင်လည်း တစ်လအတွင်း ဓားခုတ်မှု၊ ရိုက်နှိက်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်မြို့ ရွှေဆိုင်ပိုင်ရှင် မိသားစု ဓားပြတိုက်ခံရ၊ ကျူးလွန်သူများ လွတ်မြောက်နေဆဲ

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ရွှေဆိုင်ပိုင်ရှင်မိသားစု နှစ်ဦးကို အမည်မသိလက်နက်ကိုင် လူတစ်စုက သေနက်ပစ်ဖောက်ကာ ဓားပြတိုက်လုယက်ခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၉ ရက်) နေ့လည် ၃ နာရီခွဲကျော် အချိန်တွင် မူဆယ်မြို့ ၊ တောင်ရပ်ကွက်တွင် ရွှေဆိုင်ပိုင်ရှင် မိသားစု နှစ်ဦး...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...