Thursday, January 29, 2026

မူဆယ်မြို့ နေအိမ်တစ်လုံးအတွင်း အမျိုးသမီးတစ်ဦး ရိုက်ခံရပြီးသေဆုံး

သျှမ်းပြည် မူဆယ်မြို့ စက်မှုဇုံနယ်မြေရှိ ထွယ်ပန်းခြံအကျော် အနီးနေထိုင်သည့် နေအိမ်တစ်လုံးထဲ၌ အမျိုးသမီးတစ်ဦး ရိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။

မူခင်းဖြစ်ပွားသည့် နေရာ

ယမန်နေ့ (ဇူလိုင် ၁၂) ရက် ညနေပိုင်း ၆ နာရီဝန်းကျင်တွင် မူဆယ်မြို့ စက်မှုဇုံနယ်မြေရှိ ထွယ်ပန်းခြံအကျော် အနီးနေထိုင်သည့် နေအိမ်တစ်လုံးထဲ၌ အသက် ၃၀ နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ဦးခေါင်းအရိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း ၎င်းကို သွားရောက်ကူညီခဲ့သည့် နှလုံးလှလူမှုကူညီရေးအသင်းမှ သိရသည်။

“ သူ့ရဲ့ မိဘက ရဲကို အကြောင်းကြားပြီး ရဲကမှ ကျနော်တို့ကို အကြောင်းကြားလို့ သွားသယ်တာပါ။ ဒဏ်ရာက ဦးခေါင်းမှာပဲ ရိုက်ခံထားရတာ တွေ့တယ်။ အဲ့နားမှာက လက်ကိုင်နဲ့ ပါတဲ့ သံပိုက်တစ်ခု ပိန်နေတာလည်း တွေ့ရတယ်။ အဲ့ဒါနဲ့ ရိုက်သွားတာလို့ပဲ ထင်တယ်“ ဟု လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ရိုက်နှိက်ခံရသည့် အမျိုးသမီးတစ်ဦးကို နှလုံးလှ လူမူကူညီရေးအသင်းမှ သွားရောက်ကူညီပေးခဲ့ပြီး မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

ထိုအမှုနှင့်ပတ်သက်ပြီး သံသယရှိသူ ၎င်းအမျိုးသမီး၏ ခင်ပွန်းကိုလည်း ရဲတပ်ဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးခြင်း ပြုလုပ်နေကြောင်း သိရသည်။

“အခုချိန်မှာတော့ ကိုယ့်သတိ ၀ိရီယ နဲ့ သွားလာလှုပ်ရှားရမှာပေါ့။ ဒီလို ညကြီးညအခါ ထွက်ရင် အဲ့လိုမျိုး သီးသန့်တစ်ယောက်တည်း ထွက်ရမယ်ဆိုရင် မသွားနဲ့ပေါ့။ အဖော်ခေါ်ပြီးမှ သွားကြဖို့၊ အဖော်မပါဘဲ တစ်ယောက်တည်း မသွားနဲ့ပေါ့။ မသွားသင့်တဲ့နေရာ၊ လူပြတ်တဲ့နေရာသို့ဆို မသွားတာ အကောင်းဆုံးပဲ။ အခုက ဆိုင်ကယ်အသစ်လေးစီးပြီဆိုရင် ဆိုင်ကယ်လုခံနေရတာ “ ဟု မူဆယ်မြို့ ဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တွင် ခိုးဆိုးလုယက်၊ သူခိုး၊ ဓားပြတိုက်သူ များလာနေသလို မူဆယ်မြို့အပြင် လားရှိုးမြို့တွင်လည်း တစ်လအတွင်း ဓားခုတ်မှု၊ ရိုက်နှိက်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...