ထိုင်းဝန်ကြီးချုပ် ပရာယွတ် နိုင်ငံရေးကနေ အနားယူမည်ဟုဆို

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ဟာ နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ဇူလိုင် (၁၁) ရက်နေ့က ထိုင်းမီဒီယာတွေက ထုတ်ပြန်ထားပါတယ်။

Photo – Credit (ထိုင်းဝန်ကြီးချုပ် ပရယွတ်)

ဝန်ကြီးချုပ် ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်ကတည်းက ထိုင်းနိုင်ငံကို အာဏာသိမ်းယူပြီး ဝန်ကြီးချုပ် တာဝန်ကို (၉) နှစ်ကြာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ပရာယွတ်အနေနဲ့ United Thai Nation Party ရဲ့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ပြီး နိုင်ငံရေးကနေ အနားယူတော့မယ့်အကြောင်း၊ ပါတီခေါင်းဆောင်တွေ၊ အမှုဆောင်တွေ၊ ပါတီဝင်တွေအနေနဲ့ နိုင်ငံတော် ၊ ဘာသာ သာသနာ နဲ့ ဘုရင်စနစ်ကို ကာကွယ်ပြီး ထိုင်းပြည်သူတွေကို စောင့်ရှောက်ဖို့ဆိုတဲ့ ခိုင်မာတဲ့ ပါတီမူဝါဒတွေနဲ့ အတူ နိုင်ငံရေးကို ဆက်လက်လုပ်ဆောင်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မေလက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ ပရာယွတ် ဝင်ရောက်ယှဥ်ပြိုင်တဲ့ United Thai Nation Party က လွှတ်တော်အမတ် (၃၆) နေရာသာ အနိုင်ရရှိခဲ့ပါတယ်။

နက်ဖန် ဇူလိုင် (၁၃) ရက်မှာ ထိုင်းနိုင်ငံ အထက်လွှတ်တော်ကနေ ဝန်ကြီးချုပ်နေရာကို လွှတ်တော်ကနေ ရွေးကောက်တင်မြောက် သွားမှာဖြစ်ပါတယ်။

လက်ရှိမှာ ထိုင်းဝန်ကြီးချုပ် ဖြစ်လာမယ်လို့ ရေပန်းစားနေသူကတော့ Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် ဖြစ်ပြီး (ယခင် ဝန်ကြီးချုပ်ဟောင်း) သက်ဆင် ရှင်နဝပ်ရဲ့ သမီး ဖဲထောင်းထန်း ရှင်နဝပ် ဦးဆောင်တဲ့ Pheu Thai Party နဲ့ ယှဥ်ပြိုင်သွားရမှာဖြစ်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုထားပါတယ်။

တကယ်လို့ Pheu Thai Party က ဝန်ကြီးချုပ်နေရာရသွားမယ်ဆိုရင်တော့ နယ်နှင်ဒဏ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆက် ထိုင်းနိုင်ငံကို ပြန်လာတော့မယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အာဏာသိမ်းသမ္မတအား ကြိုဆိုရန် ထိုင်းဝန်ကြီးချုပ်ပြင်ဆင်နေ

0
အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထိုင်းဝန်ကြီးချုပ်၏ ဖိတ်ကြားချက်အရ လာရောက်မည်ဖြစ်ပြီး ခရီးစဉ်အတွက် ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်မှ ထိုင်းအစိုးရအဖွဲ့ရုံးတွင် ကြိုဆိုရေးပြင်ဆင်မှုများကို ကိုယ်တိုင်စစ်ဆေးဆောင်ရွက်နေကြောင်း Khaosod သတင်းတွင်ဖော်ပြသည်။ လာမည့် ဩဂုတ်လ ၆ ရက်မှ ၇ ရက်ထိ လာရောက်မည့်ခရီးစဉ်သည် အာဏာသိမ်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ရနောင်းတွင် မြန်မာနိုင်ငံသားပိုင် ဘတ်သန်း ၅၀ တန် မှောင်ခိုပစ္စည်းဂိုဒေါင်ကြောင့် ဝန်ကြီးချုပ် ထိတ်လန့်တုန်လှုပ်

0
ထိုင်းဝန်ကြီးချုပ် အနုတင် (Anutin Charnviraku) သည် ရနောင်းပြည်နယ်အတွင်းရှိ မြန်မာနိုင်ငံသားတစ်ဦးပိုင်ဆိုင်သော ဘတ်သန်း ၅၀ တန်ဖိုးရှိ မှောင်ခိုလျှပ်စစ်ပစ္စည်းများ သိုလှောင်ထားသည့် တရားမဝင်ဂိုဒေါင်တစ်ခုကို ကိုယ်တိုင်သွားရောက် စစ်ဆေးခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြသည်။ ယမန်နေ့ (မေလ ၁၀ ရက်) က ထိုင်းဝန်းကြီးချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ...