Tuesday, January 27, 2026

ထိုင်းဝန်ကြီးချုပ် ပရာယွတ် နိုင်ငံရေးကနေ အနားယူမည်ဟုဆို

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ် ဟာ နိုင်ငံရေးကနေ အနားယူတော့မယ်လို့ ဇူလိုင် (၁၁) ရက်နေ့က ထိုင်းမီဒီယာတွေက ထုတ်ပြန်ထားပါတယ်။

Photo – Credit (ထိုင်းဝန်ကြီးချုပ် ပရယွတ်)

ဝန်ကြီးချုပ် ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်ကတည်းက ထိုင်းနိုင်ငံကို အာဏာသိမ်းယူပြီး ဝန်ကြီးချုပ် တာဝန်ကို (၉) နှစ်ကြာ ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ပရာယွတ်အနေနဲ့ United Thai Nation Party ရဲ့ ပါတီဝင်အဖြစ်ကနေ နုတ်ထွက်ပြီး နိုင်ငံရေးကနေ အနားယူတော့မယ့်အကြောင်း၊ ပါတီခေါင်းဆောင်တွေ၊ အမှုဆောင်တွေ၊ ပါတီဝင်တွေအနေနဲ့ နိုင်ငံတော် ၊ ဘာသာ သာသနာ နဲ့ ဘုရင်စနစ်ကို ကာကွယ်ပြီး ထိုင်းပြည်သူတွေကို စောင့်ရှောက်ဖို့ဆိုတဲ့ ခိုင်မာတဲ့ ပါတီမူဝါဒတွေနဲ့ အတူ နိုင်ငံရေးကို ဆက်လက်လုပ်ဆောင်သွားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

မေလက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ ပရာယွတ် ဝင်ရောက်ယှဥ်ပြိုင်တဲ့ United Thai Nation Party က လွှတ်တော်အမတ် (၃၆) နေရာသာ အနိုင်ရရှိခဲ့ပါတယ်။

နက်ဖန် ဇူလိုင် (၁၃) ရက်မှာ ထိုင်းနိုင်ငံ အထက်လွှတ်တော်ကနေ ဝန်ကြီးချုပ်နေရာကို လွှတ်တော်ကနေ ရွေးကောက်တင်မြောက် သွားမှာဖြစ်ပါတယ်။

လက်ရှိမှာ ထိုင်းဝန်ကြီးချုပ် ဖြစ်လာမယ်လို့ ရေပန်းစားနေသူကတော့ Move Forward Party ခေါင်းဆောင် ဖိထား လင့်ဂျရုန်းရတ် ဖြစ်ပြီး (ယခင် ဝန်ကြီးချုပ်ဟောင်း) သက်ဆင် ရှင်နဝပ်ရဲ့ သမီး ဖဲထောင်းထန်း ရှင်နဝပ် ဦးဆောင်တဲ့ Pheu Thai Party နဲ့ ယှဥ်ပြိုင်သွားရမှာဖြစ်တယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုထားပါတယ်။

တကယ်လို့ Pheu Thai Party က ဝန်ကြီးချုပ်နေရာရသွားမယ်ဆိုရင်တော့ နယ်နှင်ဒဏ်ခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆက် ထိုင်းနိုင်ငံကို ပြန်လာတော့မယ်လို့လည်း သတင်းတွေထွက်နေပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...