လားရှိုးမြို့ ဟိုတယ် နှင့် ဘား (Bar) ဦးတည်ပြီး ဗုံးထောင်မှု မကြာခဏဖြစ်

သျှမ်းပြည် လားရှိုးမြို့ပေါ်ရှိ ဟိုတယ် နှင့် ဘား (Bar)များ ဦးတည်ပြီး ဗုံးထောင်မှု မကြာခဏ ဖြစ်လာကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

လားရှိုးမြို့ ညမြင်ကွင်း

အဆိုပါ လားရှိုးမြို့ပေါ်ရှိ ဟိုတယ် နှင့် ဘား (Bar) များထံ လက်နက်ကိုင်တပ်ဖွဲ့မှ အခွန် (ဆက်ကြေး) ကောက်ယူမှုကို မပေးဆောင်သဖြင့် ဗုံးလာရောက်ထောင်ပြီး ခြိမ်းခြောက်မှုမျိုး ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုကြသည်။

ပြီးခဲ့သည့် ဇွန်လ အတွင်းမှ စတင်ကာ လားရှိုးမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုများသည် ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ယမန်နေ့ ဇူလိုင်လ ၁၂ ရက်နေ့ ညတွင်လည်း လားရှိုးမြို့၊ (၁၂) ရပ်ကွက်မှ မန်ဆူက KFC လမ်းကြား၌ ဗုံးပေါက်ကွဲမှု ထပ်မံ ဖြစ်ပွားခဲ့သည်။

“မနေ့က ၈ နာရီဝန်းကျင်မှာ ဗုံးပေါက်ကွဲမှုဖြစ်တာ၊ ပေါက်ကွဲမှု အသံနှစ်ချက် ကြားရတယ်၊ မန်ဆူနားက KFC လမ်းကြားမှာ ပေါက်ကွဲမှုဖြစ်တာ၊ ထိခိုက်ပျက်စီးမှုတော့ မရှိဘူး” ဟု လားရှိုးမြို့ ဒေသခံ အသက် ၂၅ နှစ် ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုဖြစ်စဥ်ကို ကြည့်ခြင်းအားဖြင့် ဟိုတယ် နှင့် Bar (ဘား) များတွင်သာ ဖြစ်နေပြီး အခြားနေရာတွင် လာရောက်ပေါက်ကွဲမှု မဖြစ်သဖြင့် လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုမှ အခွန်မဆောင်မှုကို ခြိမ်းခြောက်သည့်အနေဖြင့် လုပ်ခြင်းဖြစ်ကြောင်း ဖြစ်စဥ်ကို သိနေသည့် သူတစ်ဦးက ပြောပြသည်။

“လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုက အခွန်ဆောင်ဖို့ အကြောင်းကြားလာတာတဲ့၊ ကျနော်တို့လည်း အသေးစိတ် မသိရဘူး၊ တောင်းတဲ့ ပမာဏကလည်း များတယ်၊ ပိုင်ရှင်တွေကလည်း ဘယ်အဖွဲ့အစည်းက တောင်းမှန်း မသိတော့ အကြောင်းမပြန်ဘူးပေါ့၊ အဲ့ကြောင့် ခြိမ်းခြောက်တဲ့ အနေနဲ့ မနေ့က ဗုံးဖောက်ခွဲတာ ထင်တယ်” ဟု အဆိုပါ ဗုံးပေါက်ကွဲမှု အနီး နေထိုင်သည့် အသက် ၅၀ ကျော် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန်လ အတွင်းမှာလည်း လားရှိုးမြို့ရှိ Fully Light Hotel မှ ဗုံးပေါက်ကွဲမှု နှစ်ကြိမ်၊ Golden Hill Hotel တွင် ဗုံးပေါက်ကွဲ မှု တစ်ကြိမ် နှင့် အသောက စက်သုံးဆီ ပန့်ဆီဆိုင်တွင် ပေါက်ကွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်။

ယခု ဇူလိုင်လအတွင်း ဗုံးပေါက်မှု အနေဖြင့် KFC လမ်းကြားပေါက်ကွဲမှုက ပထမဆုံးအကြိမ် ဖြစ်နေပြီး အဆိုပါ ပေါက်ကွဲမှုများသည် မည်သည့်လက်နက်ကိုင် တပ်ဖွဲ့မှ လုပ်ဆောင်သည်ကိုလည်း မသိရသေးသလို စစ်ကောင်စီ မှလည်း စစ်ဆေးမှု လုပ်နေသေးကြောင်းသာ အကြောင်းပြန်သည်ဟု ၎င်း အမျိုးသားက ဆက်ပြောသည်။

“ရဲတွေ ၊ တပ်တွေကို သွားမေးရင်လည်း စုံစမ်းစစ်ဆေးဆဲပါ လို့ပဲ ဖြေတာ၊ ဘယ်လို အခြေအနေရောက်ပြီလဲ၊ လုပ်တဲ့သူတွေကို သိရပြီလား ဆိုတာတွေ ဘာမှမပြောဘူး။ ဖမ်းမိတာလည်း တခါမှ မကြားမိဘူး၊ အဲ့ကြောင့် ပြည်သူတွေကို ဘယ်သူ့ကို အားကိုးလို့ ရမှန်း မသိတော့ဘူး” ဟု အထက်ပါ အသက် ၅၀ ဝန်းကျင် အမျိုးသားက ဆက်ပြောသည်။

လားရှိုးမြို့နယ်အတွင်း လှုပ်ရှားသည့် လက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ အပြင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့က သွားလာလှုပ်ရှား နေလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီး နောက်ပိုင်းတွင် သျှမ်းပြည်အတွင်း လှုပ်ရှားသည့် လက်နက်ကိုင် တပ်ဖွဲ့များသည် အခွန်တိုးကောက်ခြင်း၊ ပိုက်ဆံတောင်းခြင်း၊ ဆက်ကြေးတောင်း ပမဏ တိုးမြှင့်ခြင်း နှင့် အချင်းချင်းကြား ပစ်ခတ်သတ်ဖြတ်မှုများလည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

ယင်းကဲ့သို့ အခြေအနေများကြောင့် ဒေသအတွင်း မငြိမ်မသက်မှုများ ဖြစ်ပေါ်လာပြီး ဒေသခံများကလည်း လုံခြုံရေး ကင်းမဲ့နေသလို ခံစားရကြောင်း ပြောဆို ညည်းတွားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...