လားရှိုးမြို့နယ် တစ်လအတွင်း ယာဉ်တိုက်မှု၊ ဓားခုတ်မှု နှင့် မူးယစ်ဆေးသုံးစွဲမှု ၅ ဦး သေဆုံး၊ ၁၄ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့တွင် မတော်တဆ ယာဉ်တိုက်မှု၊ ဓားခုတ်မှု နှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် တစ်လအတွင်း ၅ ဦး သေဆုံးပြီး၊ ၁၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ယာဥ်တိုက်မှု

ပြီးခဲ့သည့် ဇွန်လ ၁ ရက်မှစ၍ လားရှိုးမြို့နယ်အတွင်း မတော်တဆ ယာဉ်တိုက်မှု၊ တိမ်းမှောက်မှုကြောင့် တစ်လအတွင်း လူ ၂ ဦး သေဆုံးခဲ့ရပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အခြေစိုက် လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့သည့် မှတ်တမ်းအရ သိရသည်။

ထို့အပြင် လားရှိုးမြို့ ရပ်ကွက် ၁၂ ၊ ရပ်ကွက် (၅) နှင့် လွိုင်လွမ့်ရွာ တန့်ယန်းလမ်းခွဲထိပ်တွင်လည်း မူးယစ်ဆေးဝါး သုံးစွဲပြီး အိမ်ခြေမဲ့အဖြစ် နေထိုင်သူ အမျိုးသား ၃ ဦး၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့အတွင်း ရွှေ့ပြောင်းနေထိုင်သူ၊ လူမှုထူထပ်မှု များပြားလာမှုကြောင့် ခိုးဆိုးလုယက် မကြာခဏ ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ဓားခုတ်မှု ၂ မှုဖြစ်၍ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“လားရှိုးမြို့မှာတော့ မကြာခဏ ဗုံးပေါက်သံတွေ ကြားနေရတာ ရိုးနေပြီ။ ခိုးဆိုးလုယက်၊ ဓားခုတ်မှုတွေလည်း ခဏခဏဖြစ်တာ ကြားနေရတယ်။ ကျမကတော့ လုံခြုံရေးအတွက် စိုးရိမ်ရတယ်။ လူအရမ်းများတဲ့ နေရာဆို မသွားရဲဘူး။ ညဖက်ဆိုလည်း အိမ်ပြင် မထွက်ရဲဘူး။ အခုကလေးကို ကျောင်းထားတော့ ကလေးအတွက်လည်း စိုးရိမ်ရတယ်“ ဟု လားရှိုးမြို့ ဒေသခံ ကျောင်းသားမိဘတစ်ဦးက ပြောသည်။

အလားတူ ဇွန်လ ၇ ရက်နှင့် ဇွန်လ ၂၈ ရက် လားရှိုးမြို့ပေါ်ရှိ Fully Light ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး လက်နက်ကိုင်တပ်ဖွဲ့ တစ်ဖွဲ့မှ အခွန်တောင်းဆိုမှု အတွက် ခြိမ်းခြောက်လုပ်ဆောင်မှု ဖြစ်နိုင်ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လားရှိုးမြို့ ၌ ခိုးဆိုးလုယက်၊ ဓားပြတိုက်မှု၊ ဗုံးပေါက်ကွဲမှု စသည်ဖြင့် ပဋိပက္ခများ မကြာခဏဖြစ်ပေါ်နေကာ အုပ်ချုပ်ရေး၊ တရားဉပဒေရေး မရှိတော့ရာမှ ပြည်သူများသည် စိုးရိမ်ကြောက်လန့်စိတ်ဖြင့် နေထိုင်ကြရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...