Wednesday, January 28, 2026

မိုင်းဖြတ်မြို့နယ် လဝကရုံးတွင် စမတ်ကတ်အတွက် ယာယီကတ်ထုတ်ပေးနေ

သျှမ်းပြည် တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် လဝကရုံးတွင် မှတ်ပုံတင် အချက်အလက်ယူပြီး မျက်လုံး Scan ဖတ်ခြင်းဖြင့် စမတ်ကတ်ပုံစံ စာရွက်ကို ယာယီထုတ်ပေးနေကြောင်း စုံစမ်းသိရသည်။

စမတ်ကတ်

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်မှစပြီး မိုင်းဖြတ်မြို့နယ် လဝကရုံးတွင် စမတ်ကတ် လုပ်ဆောင်ဖို့အတွက် မှတ်ပုံတင် အချက်လက် ပေးသွင်းခြင်း နှင့် မျက်လုံး Scan ဖတ်ခြင်းဖြင့် စမတ်ကတ်ပုံစံ စာရွက်ကို ယာယီထုတ်ပေးနေကြောင်း ကိုယ်တိုင်သွားလုပ်ဆောင်ခဲ့ရသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ တနင်္လာနေ့က စပြီး လုပ်လာတာ။ စမတ်ကတ် လုပ်ဖို့အတွက် မျက်လုံးတွေကအစ Scan ဖတ်ပြီး၊ A4 စာမျက်နှာ တစ်ဝက်ဆိုဒ်လောက်ပါတဲ့ စမတ်ကတ်ပုံစံ ယာယီထုတ်ပေးထားတယ်။ ၆ လပြည့်ရင် စမတ်ကတ် ထုတ်ပေးပြီး မှတ်ပုံတင် သိမ်းမယ်လို့ ပြောတယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ စမတ်ကတ်ကို လုပ်ဆောင်ဖို့အတွက် မှတ်ပုံတင် အဟောင်းပါရှိရမည်ဖြစ်ပြီး အချက်အလက် ဖြည့်သွင်းခြင်း နှင့် မျက်လုံး Scan ဖတ်ခြင်းဖြင့် စမတ်ကတ်ပုံစံ စာရွက်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ မြို့နယ်လဝက ရုံးမှတစ်ဆင့် မှတ်ပုံတင်အစား စမတ်ကတ်ကို ထုတ်လုပ်ပေးခြင်းသည် ယခုအချိန်မှစ၍ ရည်ရွယ်ပြီး လုပ်ဆောင်ပေးခြင်း မဟုတ်ဘဲ ယခင် အရပ်သား အစိုးရ လက်ထပ်မှစပြီး စမတ်ကတ် လုပ်ဆောင်ပေးရန် ရည်ရွယ်ထားသည်။

“ဟို့အရင်ကတည်းက စမတ်ကတ်အဖြစ် ပြောင်းမယ်လို့တော့ ကြားတယ်။ အရင်အစိုးရခေတ်တုန်းက တစ်ခေါက် လုပ်မယ်ဆိုပြီး သတင်းထွက်သေးတယ်။ ပြီးမှ ဒီလိုအခြေအနေဖြစ်မှ မလုပ်ဖြစ်တာ။ အခုချိန်မှ ပြန်လုပ်ပေးတာပေါ့ “ ဟု အထက်ပါ ဒေသခံတစ်ဦးက ထပ်လောင်း ပြောသည်။

ထို့အပြင် စမတ်ကတ် လုပ်ဆောင်ဖို့အတွက် မှတ်ပုံတင် အချက်အလက် ပေးသွင်းခြင်း နှင့် မျက်လုံး Scan ဖတ်ခြင်းဖြင့် စမတ်ကတ်ပုံစံ စာရွက်ကို ယာယီကိုင်ဆောင်ထားရပြီး ၆လ ပြည့်ပါက စမတ်ကတ် ကိုထုတ်ပေးပြီး မှတ်ပုံတင်အဟောင်းကို ပြန်လည် သိမ်းယူဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...