မိုင်းဖြတ်မြို့နယ် လဝကရုံးတွင် စမတ်ကတ်အတွက် ယာယီကတ်ထုတ်ပေးနေ

သျှမ်းပြည် တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ် လဝကရုံးတွင် မှတ်ပုံတင် အချက်အလက်ယူပြီး မျက်လုံး Scan ဖတ်ခြင်းဖြင့် စမတ်ကတ်ပုံစံ စာရွက်ကို ယာယီထုတ်ပေးနေကြောင်း စုံစမ်းသိရသည်။

စမတ်ကတ်

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်မှစပြီး မိုင်းဖြတ်မြို့နယ် လဝကရုံးတွင် စမတ်ကတ် လုပ်ဆောင်ဖို့အတွက် မှတ်ပုံတင် အချက်လက် ပေးသွင်းခြင်း နှင့် မျက်လုံး Scan ဖတ်ခြင်းဖြင့် စမတ်ကတ်ပုံစံ စာရွက်ကို ယာယီထုတ်ပေးနေကြောင်း ကိုယ်တိုင်သွားလုပ်ဆောင်ခဲ့ရသည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ တနင်္လာနေ့က စပြီး လုပ်လာတာ။ စမတ်ကတ် လုပ်ဖို့အတွက် မျက်လုံးတွေကအစ Scan ဖတ်ပြီး၊ A4 စာမျက်နှာ တစ်ဝက်ဆိုဒ်လောက်ပါတဲ့ စမတ်ကတ်ပုံစံ ယာယီထုတ်ပေးထားတယ်။ ၆ လပြည့်ရင် စမတ်ကတ် ထုတ်ပေးပြီး မှတ်ပုံတင် သိမ်းမယ်လို့ ပြောတယ် “ ဟု ၎င်းဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ စမတ်ကတ်ကို လုပ်ဆောင်ဖို့အတွက် မှတ်ပုံတင် အဟောင်းပါရှိရမည်ဖြစ်ပြီး အချက်အလက် ဖြည့်သွင်းခြင်း နှင့် မျက်လုံး Scan ဖတ်ခြင်းဖြင့် စမတ်ကတ်ပုံစံ စာရွက်ကို ရရှိမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမှာ မြို့နယ်လဝက ရုံးမှတစ်ဆင့် မှတ်ပုံတင်အစား စမတ်ကတ်ကို ထုတ်လုပ်ပေးခြင်းသည် ယခုအချိန်မှစ၍ ရည်ရွယ်ပြီး လုပ်ဆောင်ပေးခြင်း မဟုတ်ဘဲ ယခင် အရပ်သား အစိုးရ လက်ထပ်မှစပြီး စမတ်ကတ် လုပ်ဆောင်ပေးရန် ရည်ရွယ်ထားသည်။

“ဟို့အရင်ကတည်းက စမတ်ကတ်အဖြစ် ပြောင်းမယ်လို့တော့ ကြားတယ်။ အရင်အစိုးရခေတ်တုန်းက တစ်ခေါက် လုပ်မယ်ဆိုပြီး သတင်းထွက်သေးတယ်။ ပြီးမှ ဒီလိုအခြေအနေဖြစ်မှ မလုပ်ဖြစ်တာ။ အခုချိန်မှ ပြန်လုပ်ပေးတာပေါ့ “ ဟု အထက်ပါ ဒေသခံတစ်ဦးက ထပ်လောင်း ပြောသည်။

ထို့အပြင် စမတ်ကတ် လုပ်ဆောင်ဖို့အတွက် မှတ်ပုံတင် အချက်အလက် ပေးသွင်းခြင်း နှင့် မျက်လုံး Scan ဖတ်ခြင်းဖြင့် စမတ်ကတ်ပုံစံ စာရွက်ကို ယာယီကိုင်ဆောင်ထားရပြီး ၆လ ပြည့်ပါက စမတ်ကတ် ကိုထုတ်ပေးပြီး မှတ်ပုံတင်အဟောင်းကို ပြန်လည် သိမ်းယူဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...