Wednesday, December 11, 2024

ကျောင်းသားအချင်းချင်း ရန်ဖြစ်ရာမှ ပုဆိန်ဖြင့် ခုတ်မှုဖြစ်ပွားပြီး ကျောင်းသားတစ်ဦး သေဆုံး

Must read

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ် မယ်ဆောင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်း တစ်ကျောင်းတွင် (၁၀) နှစ်ကျော် အရွယ်ရှိ ကျောင်းသား အချင်းချင်း ရန်ဖြစ်ပွားရာမှ ပုဆိန်ဖြင့် ခုတ်ကြပြီး ကျောင်းသားတစ်ဦး သေဆုံးသည့်အထိ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ကျောင်းသား

အဆိုပါ ရန်ဖြစ်သည့် ကျောင်းသား (၂) ဦးသည် (၆) လနီးပါး အချင်းချင်း မတည့်ရာမှ စာသင်ခန်းအတွင်း အငြင်းပွားဖွယ်ရာ စကားအမြဲ ပြောဆိုကြသည်။

“နေ့လည် ထမင်းစားချိန်မှာ ကျောင်းသားတွေ ထမင်းခူးပေးနေချိန်မှာ ဖြစ်ပွားခဲ့တာပါ။ သူ ပုဆိန်ကို ထမင်းစားဆောင်မှာ သိမ်းထားမယ်ဆိုတာ လုံးဝ မထင်ထားဘူး။ သေဆုံးသူ ကျောင်းသားရဲ့ ဦးခေါင်းကို ပုဆိန် (၅) ချက်လောက် သူ က ခုတ်လိုက်တာ။ ဘယ်သူမှ ဝင်မတားရဲကြဘူး။ အသက် (၁၀) နှစ်ကျော်လောက်ပဲ ရှိမယ်” ဟု ကျောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မယ်ဟန့်ကျေးရွာရှိ စာသင်ကျောင်း

ပြစ်မှုကျူးလွန်သူသည် အသက် (၁၆) နှစ်အရွယ် လားဟူတိုင်းရင်းသားဖြစ်ပြီး သေဆုံးသူ ကျောင်းသားသည် အသက် (၁၄) နှစ် အရွယ် မယ်အိုင်းမြို့နယ်က ဒေသခံ ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ ကျောင်းကို သက်ဆိုင်ရာ အာဏာပိုင်များက ကျောင်း (၃) ရက် ပိတ်ခိုင်းထားပြီး ကျောင်းသား/သူ များ၏ စိတ်ပိုင်းဆိုင်ရာများ နှင့် သေဆုံးသူ မိသားစုတို့ဘက်မှ တရားစွဲဆိုမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

မယ်အိုင်းမြို့နယ် မယ်ဆောင်ကျေးရွာအုပ်စု မယ်ဟန့်ကျေးရွာရှိ စာသင်ကျောင်းသည် ယခင်က ကျောင်းသား/သူ (၂၀၀) ကျော်ရှိခဲ့ပြီး ယခု စာသင်နှစ်အတွင်း ကျောင်းသား (၄၀၀) ကျော် ရှိလာသည်။

ထို့ကြောင့် ဆရာမများ လုံလောက်မှု မရှိသဖြင့် ပြဿနာများကို ထိန်းသိမ်းနိုင်မှု အားနည်းခဲ့ခြင်းဖြစ်ကြောင်း ကျောင်းအုပ်ဆရာ က ပြောကြားသည်။

Leave a Comments

- Advertisement -spot_img

Latest article