ကွတ်ခိုင်မြို့နယ်အတွင်းရှိ အလယ်တန်းကျောင်း KIA မှ စာသင်ခွင့် ပိတ်သိမ်း

သျှမ်းပြည် ကွတ်ခိုင်မြို့နယ်၊ မိုင်းယုလေး ကျေးရွာအတွင်းရှိ အလယ်တန်း စာသင်ကျောင်း တစ်ကျောင်းကို ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) က စာသင်ခွင့် ပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

Photo – Local

ပြီးခဲ့သည့် ဇွန်လ ၅ ရက်မှ စပြီး ကွတ်ခိုင်မြို့နယ် မိုင်းယုလေး ကျေးရွာရှိ အလယ်တန်းကျောင်းကို KIA တပ်သား ရောက်လာပြီး စစ်ကောင်စီခန့် ဆရာ/ဆရာမများကို စာသင်ခွင့်မပေးကြောင်း နှင့် စာသင်ကျောင်း ဖွင့်လိုပါက CDM ဆရာ/ဆရာမများကိုသာ ခေါ်ယူသင်ခွင့်ပေးကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စာသင်ကျောင်းကို ပိတ်ခိုင်းတာက စစ်ကောင်စီ လက်အောက်ခံ ပညာရေး စနစ်ဖြစ်နေလို့တဲ့၊ စာသင်ကျောင်း ဖွင့်ချင်ရင် CDM ဆရာ/ဆရာမတွေပဲ ခေါ်သင်တဲ့၊ လစာကိုလည်း ရွာသားတွေစုပြီး ပေးခိုင်းတာ။ အခုတော့ သူတို့ ပိတ်ခိုင်းလို့ ကျောင်းသား/ သူ ၃၀၀ ကျော်က စာသင်ခွင့် မဲ့နေကြတယ်” ဟု ကွတ်ခိုင်မြို့နယ် ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ KIA ပိတ်ခိုင်းသည့် မိုင်းယုလေးမှ စာသင်ကျောင်းသည် ပြီးခဲ့သည့် ဇွန်လ ၃ ရက်မှသာ စတင် ဖွင့်လှစ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Photo – Local

လက်ရှိတွင် ကျေးရွာနေ ဒေသခံများ နှင့် ကျောင်းကော်မတီ ရပ်မိရပ်ဖများ စုပေါင်းကာ စာသင်ကျောင်း ပြန်လည်ဖွင့်လှစ်ရေးအတွက် KIO/KIA ကို အသနားခံစာ တင်ပြတောင်းဆိုမည် ဖြစ်ကြောင်းလည်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“ကျောင်းဆက်လက် ဖွင့်နိုင်ဖို့ ကျမတို့ကနေ သူတို့ကို သွားပြီး တောင်းဆိုမှာပါ။ အရင်နှစ်ကလည်း သူတို့က မဖွင့်ချင်၊ ဖွင့်ချင်နဲ့ တစ်နှစ်ပြီးအောင်တော့ ဖွင့်ခဲ့ရတယ်။ ဒီနှစ်သာ ကျောင်းမဖွင့်ရရင်လည်း ကလေး ၃၀၀ ကျော်က ပညာသင်ခွင့် မဲ့သွားတယ်လေ။ ပိုက်ဆံရှိတဲ့သူတွေက ကျောင်းပြောင်းလို့ ရနိုင်ပေမဲ့ တချို့အတွက်က တစ်နေ့လုပ် တစ်နေ့စားဆိုရင် မတတ်နိုင်ဘူး” ဟု အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ဆိုသည်။

မိုင်းယုလေး အလယ်တန်းကျောင်းသို့ လာတက်ရောက်သည့် ကျောင်းသူ/သားများသည် ပန်လော့ကျေးရွာအုပ်စု နှင့် မိုင်းယုလေး ကျေးရွာအုပ်စုတို့မှ ဒေသခံ ကျောင်းသား လူငယ်များ ဖြစ်ကြကြောင်း သိရသည်။

မိုင်းယုလေးကျေးရွာအတွင်းမှ အလယ်တန်းကျောင်းကို ပိတ်ခိုင်းခြင်း နှင့် ပတ်သက်ပြီး ကချင်လွတ်လပ်ရေး တပ်ဖွဲ့၏ ပြောရေးဆိုခွင့် ဖြစ်သူ ဗိုလ်မှူးကြီး နော်ဘူကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

မိုင်းယုလေး ကျေးရွာအုပ်စုအတွင်းတွင် မူလတန်းကျောင်း စုစုပေါင်း ၆ ကျောင်း ရှိနေပြီး အလယ်တန်း ကျောင်း တစ်ကျောင်းတည်းသာ ရှိနေကြောင်း ၊ မိုင်းယုလေးကျေးရွာအုပ်စုအတွင်း ကျေးရွာပေါင်း ၁၃ ရွာ ရှိနေပြီး ကွတ်ခိုင်မြို့ နှင့် မိုင်ပေါင်း ၂၀ နီးပါး ကွာဝေးသည့် ကျေးရွာဖြစ်သည်။

ကွတ်ခိုင်မြို့နယ် စစ်ကောင်စီတပ်ဖွဲ့ နှင့် ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့များအပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ ဖြစ်ကြသည့် TNLA တပ်ဖွဲ့၊ MNDAA ကိုးကန့်တပ်ဖွဲ့၊ ကချင်တပ်ဖွဲ့ KIA နှင့် သျှမ်းပြည် တပ်မတော် SSPP/SSA တို့က သွားလာလှုပ်ရှားနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MDY-PDF In Front of Mong Mit Signboard

မိုးမိတ်တွင် KIA ၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်ကြား လက်နက်ကြီး အပြန်အလှန်ပစ်ခတ်

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် ကချင်လွတ်လပ်ရေးတပ် KIA၊ PDF ပူးပေါင်းတပ်နှင့် စစ်ကော်မရှင်တပ်တို့အကြား လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) နံနက် ၈ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့နယ်ရှိ မိုးဟောက်နှင့် ပသင် ကျေးရွာအုပ်စုဘက်တွင် ကချင်လွတ်လပ်ရေးတပ်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...
MDY-PDF In Front of Mong Mit Signboard

မိုးကုတ်-မိုးမိတ်ကြားတွင် စစ်ကော်မရှင်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA ပြော

0
သျှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးနယ်စပ်ရှိ မိုးကုတ်မြို့မှ မိုးမိတ်မြို့ဘက်သို့ ချီတက်လာသည့် စစ်ကော်မရှင်တပ်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ TNLA တပ်ဆုတ်ခွာမည်ဟု ကြေညာထားသည့် မိုးကုတ်မြို့ထဲသို့ စစ်ကော်မရှင်တပ်များ အင်အားထောင်နှင့်ချီ ပြန်လည်ဝင်ရောက်ခဲ့ပြီးနောက် ယမန်နေ့ (နိုဝင်ဘာလ ၃၀ ရက်) ၌ မိုးမိတ်မြို့ဘက်သို့ စစ်ကော်မရှင်တပ် ဆက်လက်ထွက်ခွာသွားစဉ် KIA...

ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူထွက်ပြေးသည့် TNLA တပ်သားကို ပြည်သူပြန်ဖမ်း

0
သျှမ်းပြည် ကွတ်ခိုင်မြို့တွင် ဆိုင်ကယ်ခိုးယူ ထွက်ပြေးခဲ့သည့် TNLA တပ်သားတစ်ဦးကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ (၁၅)ရက် ညနေ ၆ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ ရပ်ကွက်(၁) ရှိ “အောင်” ဆိုင်ကယ်ပြင်ဆိုင်ရှိ ဆိုင်ကယ်တစ်စီးကို...

စစ်ကျန်လက်နက်ကြီးကျည် ယမ်းထုတ်ယူရာမှ ပေါက်ကွဲပြီး ကွတ်ခိုင်/နမ့်ဖတ်ကာဒေသခံ ၂ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ထဲမှ ယမ်းကို ထုတ်ယူရန် ကြိုးစားရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး အမျိုးသားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။