သိန္နီတွင် ရာသီဉတု အအေးဒဏ်ကြောင့် အိမ်ခြေမဲ့ အမျိုးသားတစ်ဦးသေဆုံး

သျှမ်းပြည် လားရှိုးခရိုင် သီန္နီမြို့ အမှတ် (၃) ရပ်ကွက်၊ ပိန်အွယ်ကုန်း ဝါးရုံတောထဲ၌ အိမ်ခြေမဲ့အဖြစ် နေထိုင်သည့် အမျိုးသားတစ်ဦး ရာသီဥတု အအေးဒဏ်ကြောင့် သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မေလ ၁၄) ရက် ညပိုင်းတွင် အေးခဲသည့် ရာသီဉတုနှင့် ရင်ဆိုင်ခဲ့ရခြင်းကြောင့် အအေးမိပြီး သေဆုံးသွားခဲ့ပြီး အလောင်းကို ယနေ့ နေ့လယ်ပိုင်းတွင် သွားရောက်သယ်ယူရာ မီးသင်္ဂြိုလ်စက်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းကိုသွားရောက်ကူညီသည့် အနိုင်းမဲ့ကုသိုလ် လူမှုကူညီရေးအသင်းမှ စိုင်းဂွတ်က ပြောသည်။

“ မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ခြေမဲ့အဖြစ် နေထိုင်တဲ့သူပါ။ မနေ့ညက ရာသီဉတု အေးတာနဲ့ ရှော့ဖြစ်ပြီး သေဆုံးသွားတာ ဖြစ်နိုင်တယ်။ မနေ့ ရာသီဉတုက အရမ်းအေးတယ်။ သေသွားတဲ့သူ ဘယ်သူ၊ ဘယ်ဝါ မှန်းတော့ မသိဘူး “ ဟု ၎င်းက ပြောသည်။

အဆိုပါ သေဆုံးသွားသူသည် အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး ဖြစ်ပြီး အမည်နှင့် နေရပ်လိပ်စာကို မသိရှိရကြောင်း ၎င်းကဆက်ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှ သိန္နီမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲသူများ ပေါများလာနေပြီး အဆိုပါ မူးယစ်ဆေးဝါးကြောင့် အိမ်ခြေမဲ့အဖြစ် နေထိုင်သူ ပျှမ်းမျှတစ်မြို့လုံးမှာ လူဦးရ ၁၀၀ ကျော် ရှိကြောင်း သိရသည်။

မူးယစ်ဆေးဝါးသုံးစွဲပြီး အိမ်ခြေမဲ့အဖြစ် နေထိုင်သူ လူဦးရေ ၁၀၀ ကျော်အနက် တစ်လလျှင် ၁ ဦး သေဆုံးနေလျက်ရှိပြီး အေးခဲလာသည့် ရာသီဉတုနှင့် ရင်ဆိုင်ရပါက အိမ်ခြေမဲ့နေထိုင်သူများ သေဆုံးမှု မြင့်တက်နိုင်ကြောင်းလည်း ၎င်းကထပ်လောင်းပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် MNDAA မှ ဈေးဆိုင်ဗွီနိုင်းဆိုင်းဘုတ်များတွင် သျှမ်းစာကို ကန့်သတ်တားမြစ်ပြီး တရုတ်စာ ဦးစားပေးအသုံးပြုခိုင်း

0
သျှမ်းပြည် သိန္နီမြို့နယ် ဈေးဆိုင်များရှိ အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်ပြီး တရုတ်စာကို ဦးစားပေးအသုံးပြုခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များကို သျှမ်းစာနှင့်...

သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး ခြံသန့်ရှင်းရေးလုပ်ရာ မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက်ဆုံးရှုံး 

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်နင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။  ယမန်နေ့ ( ဧပြီလ ၈ ရက် ) မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် ပန်စုံကျေးရွာနေ အမျိုးသားတစ်ဦးသည် အိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ‌သျှမ်းသံတော်ဆင့်ကို...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

သိန္နီမြို့ သုံးလအကြာ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ၊ အရပ်သား (၁) ဦး ဒဏ်ရာရ

0
သျှမ်းပြည် သိန္နီမြို့အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်(၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၂ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့မှ ကွမ်းလုံ-ဟိုပန်...

သိန္နီမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံး

0
သျှမ်းပြည် သိန္နီမြို့နယ် တွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ် မိုင်းနင်းမိ၍ သေဆုံးခဲ့ပြီး ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာတွင် ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်း၌ အမျိုးသား တစ်ဦး အိမ်ခြံနောက်ဖေးတွင် ဟင်းသွားခူးရာမှ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ...