Wednesday, January 28, 2026

ပင်လုံမြို့ ခြေမြန်တပ်ရင်း (၅၁၃) တပ်ရင်းမှူး လွိုင်ကော်မြို့နယ် ထီးစဲခါးဂိတ်တွင် သတ်ခံရ

သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့ ခြေမြန်တပ်ရင်း (၅၁၃) တပ်ရင်းမှူးသည် ကရင်နီပြည်နယ် လွိုင်လင်လေးမြို့နယ် ထီးစဲခါးဂိတ်တွင် သတ်ဖြတ်ခံရကြောင်း စုံစမ်းသိရှိရသည်။

ပုံ – CJ (ထီးစဲခါးဂိတ်)

ပြီးခဲ့သည့် မေလ ၄ ရက်တွင် စစ်ကောင်စီတပ် (၅၁၃) ခြေမြန်တပ်ရင်းသည် လွိုင်ကော်ဘက်သို့ သွားခဲ့ပြီး ထီးစဲခါးစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီ တပ်သားတစ်ဦးက ပစ်သတ်ခဲ့ကြောင်း သိရသည်။

“ ပင်လုံဘက်က ခြေမြန်တပ်ရင်း ၅၁၃ က တပ်ရင်းမှူး နဲ့ 2IC တို့ ကယားမှာ ကျသွားတယ်လို့ ကြားတယ်။ ဘယ်နားမှာ ကျသွားတာလဲတော့ အသေးစိတ် မသိရဘူး။ ပင်လုံဘက်က ဌာန ဆိုင်ရာတွေကို မေးကြည့်လိုက်တော့ ဟုတ်တယ်တဲ့” ဟု လွိုင်လင်မြို့နယ် အတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ ထီးစဲခါးဂိတ်တွင် သတ်ဖြတ်ခံရသည့် တပ်ရင်းမှူးကို စစ်ကောင်စီ စစ်သားတစ်ဦးက ပစ်သတ်လိုက်ကြောင်း သိရသည်။ ပစ်သတ်လိုက်သည့် စစ်သားသည်လည်း ကိုယ်ကိုယ်ပြန်ပစ်သတ်လိုက်ခဲ့ကြောင်း Job For Karan လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရေးသားထားသည်။

ထိုအပြင် သေဆုံးသွားသည့် တပ်ရင်းမှူး ကိုလည်း လွိုင်ကော်ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

“ပင်လုံဘက်ကို ပြန်ယူမလာတာတော့ သေချာတယ်။ ဘယ်နား သင်္ဂြိုဟ်လဲတော့ သေချာမသိဘူး။ ပစ်သတ်ခံရပြီး သူ့ကို လွိုင်ကော်ဆေးရုံကို ယူသွားတယ်လို့ ကြားတယ် ” ဟု အထက်ပါ လွိုင်လင်မြို့နယ်တွင်း နေထိုင်သူက ပြောသည်။

သျှမ်းပြည် လွိုင်လင်ခရိုင်အတွင်းရှိ စစ်ကောင်စီ တပ်သားများကို လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့ ၊ ကရင်နီပြည်နယ်ဘက်တွင် စစ်အင်အားဖြည့်တင်းပေးနေလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်ထိ သျှမ်းပြည် နှင့် ကရင်နီပြည် နယ်စပ် ဖယ်ခုံမြို့နယ် ၊ ပင်လောင်းမြို့နယ်ထဲတွင် တိုက်ပွဲဆက်လက် ပြင်းထန်နေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...

ပင်လုံမြို့နယ် ပြောင်းတွဲကား လက်နက်ကိုင်တပ်ဖွဲ့ က ငွေ တိုးကောက်

0
သျှမ်းပြည် ပင်လုံမြို့နယ်တွင် ပြောင်းဖူးများဈေးကျနေချိန် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ၏ဂိတ်များတွင် ပြောင်းတင် တွဲကားများကို ပိုက်ဆံ တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင် ယခု မတ်လ ပထမပတ်မှစ၍ SSPP ဂိတ်မှလည်း ပြောင်းဖူးတင်သည့် တွဲကားများကို ငွေတိုးကောက်လာမှုကြောင့် ပြောင်းပိုင်ရှင်များ...