စစ်ကောင်စီက ရွာငံမြို့နယ်ကို လေကြောင်းဖြင့် တိုက်ခိုက်၊ ဒေသခံ ၅၀၀ ကျော် စစ်ရှောင်နေရ

သျှမ်းပြည် ရွာငံမြို့နယ်အတွင်း စစ်ကောင်စီ တပ်ဖွဲ့က မြေပြင် ထိုးစစ်ဆင် အပါအဝင် လေကြောင်းလိုင်းဖြင့်လည်း တိုက်ခိုက်မှု ပြုလုပ်နေသည့်အတွက် ဒေသခံ ၅၀၀ နီးပါးက စစ်ရှောင် ထွက်ပြေးနေရကြောင်း သိရသည်။

ဒေသခံများ၏ ကျွဲများ သေဆုံး

ပြီးခဲ့သည့် မေလ ၄ ရက်မှ စတင်ကာ ရွာငံမြို့နယ် နန်းခုံကျေးရွာ နှင့် ရွာငံ – သာစည် စပ်ကြားရှိ သာစည်မြို့နယ်မှ လွှစင်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းတို့တွင် စစ်ကောင်စီတပ်ဖွဲ့က စခန်းချ နေထိုင်ခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ် ရေး ပူးပေါင်း တပ်ဖွဲ့ PDF တို့ကို ထိုးစစ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။

“စစ်ကောင်စီတပ်ကတော့ အင်အား တော်တော်များတယ်၊ သူတို့က ဘုန်းကြီးကျောင်းထဲ ဝင်ပြီး စခန်းချတာ၊ ပြီးတော့ ရွာတွေဘက်ကို စစ်ကြောင်းထိုးပြီး ပစ်ခတ်မှုတွေကို စလုပ်တော့တာပဲ၊ လေယာဥ်တစ်စီး နဲ့ ဗုံးတွေ ကြဲချသွားတယ်၊ မြေပြင်မှာဆိုလည်း လက်နက်ကြီး /ငယ်တွေပစ်ကြတယ်၊ အခုဆိုရင် ဒေသခံတွေ စစ်ရှောင် ထွက်ပြေး နေရတယ်” ဟု ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် ရွာငံမြို့နယ်အတွင်း ရှိနေသည့် ပူးပေါင်း PDF တပ်ဖွဲ့ကို ပျူစောထီး လမ်းပြမှုဖြင့် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် သာစည်မြို့နယ်မှ လွှစင်ကျေးရွာ၊ ရွာငံမြို့နယ်မှ နန်းခုံရွာ၊ ငှက်ပျောတောရွာ၊ ကုန်းမော်ရွာ နှင့် မြတ်ခါး အင်း ကျေးရွာတို့မှ ဒေသခံများ စစ်ရှောင် ထွက်ပြေးနေရခြင်း ဖြစ်ပြီး အများစုသည် ပင်းတယမြို့ပေါ်၊ ဆွေမျိုးရှိရာ မြို့ပေါ် နှင့် တောထဲသို့ ထွက်ပြေးသွားကြကြောင်းလည်း ဒေသခံများက ပြောသည်။

မေလ ၆ ရက် နံနက်ပိုင်း ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်ဖွဲ့သည် ရွာငံမြို့နယ် မြက်ခါးအင်းကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးပြီး စစ်ရှောင်သွားသည့် ဒေသခံ နေအိမ်များအတွင်း ဝင်ရောက် မွှေနှောက်ကာ အိမ်တွင်း အဖိုးတန် ပစ္စည်းများကို ယူဆောင်သည့်အပြင် ဖျက်ဆီးမှုလည်း ပြုလုပ်သွားသည့် အကြောင်း ဒေသခံ အမျိုးသား တစ်ဦးက ဆက်ပြောသည်။

“ရွာခံတွေ ထွက်ပြေးပြီးနောက်ပိုင်းမှာ စစ်သားတွေက အိမ်ထဲဝင်ပြီးတော့ အိမ်သုံးပစ္စည်းတွေ အကုန်ယူဆောင် သွားတယ်။ တချို့အိမ်ကို ဖျက်စီးတယ်၊ တချို့ ဝိုင်းကို မီးရှို့တာရှိတယ်၊ ရွာခံတော်တော်များက တောထဲ ပြေးနေရတယ်”ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ စစ်ရှောင်များသည် တစ်စုတစ်စည်း ရှိနေခြင်း မဟုတ်သည့် အတွက် လူဦးရေ တိတိကျကျကို သိနိုင်ရန် ခက်ခဲကြောင်းလည်း အထက်ပါ ဒေသခံအမျိုးသား က ဆက်ပြောသည်။

အဆိုပါ ထိတွေ့တိုက်ပွဲကြောင့် ဒေသခံများ၏ ကျွဲ ၊ နွားများကို ကျည်ဆန်ထိမှန်ခြင်း၊ မိုင်းနင်းမိ ပေါက်ကွဲခြင်း တို့ကြောင့် ကျွဲ၊ နွားများ သေဆုံးမှု ၅ ကောင် ထက်မနည်း ရှိနေကြောင်းလည်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီ တပ်သားတို့က ရွာငံမြို့ အဝင်အထွက်များကို တင်းကြပ်ပြီး စစ်ဆေးမေးမြန်းမှုများကြမ်းတမ်းနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ အတွင်းမှာလည်း ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာ နှင့် ငှက်သောက်ကျေးရွာ တို့ဘက် ပူးပေါင်း PDF တပ်ဖွဲ့ ရောက်နေသည့် အကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်က ကျေးရွာထဲ စစ်ကြောင်းထိုးလာပြီး ဒေသခံများကို ဖမ်းဆီးစစ်ဆေးခြင်း၊ နေအိမ်များကို ဖျက်ဆီးခြင်းများ ပြုလုပ်မှု ရှိခဲ့သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်ထိ စစ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီ နှင့် လက်အောက်ခံ အဖွဲ့အစည်းများ က မီးရှို့ဖျက်ဆီးမှုကြောင့် သျှမ်းပြည်မှ အရပ်သားပြည်သူ နေအိမ်ပေါင်း ၁၃၅ အိမ် ရှိနေပြီး ရွာငံမှ ၁၈ အိမ် ရှိနေကြောင်း Data for Myanmar က မတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...