Friday, April 19, 2024

မြန်မာ – ထိုင်း တာချီလိတ် အမှတ် (၁) တံတားပေါ် အမျိုးသမီးလဲကျ သေဆုံး

Must read

မြန်မာ – ထိုင်း အမှတ် (၁) ချစ်ကြည်ရေး တံတားပေါ်တွင် ယနေ့ (မေ ၂) ရက် နံနက် (၉) နာရီတွင် အသက် (၅၇)နှစ် အရွယ် အမျိုးသမီးတစ်ဦး လဲကျပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။

ဒေါ်ခင်မာရီ

ဖြစ်စဥ်မှာ ယနေ့ (မေ ၂) ရက် နံနက် ၉ နာရီတွင် တာချီလိတ်မြို့ အောင်ချမ်းသာ ရပ်ကွက်တွင်နေထိုင်သည့် အသက် ၅၇ နှစ်အရွယ်ရှိ ဒေါ်ခင်မာရီသည် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ သွားစဥ် အမှတ် (၁) ချစ်ကြည်ရေး တံတားပေါ် လဲကျပြီး သေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသည့် တာချီလိတ်ဒေသခံ တစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

“ သူ (ဒေါ်ခင်မာရီ) က မယ်ဆိုင်သွားဖို့ တံတားပေါ်ဖြတ်ချိန်မှာ လဲကျသွားတယ်။ သူ့မှာ သွေးတိုးအခံရှိတယ်လို့ ပြောတာပဲ။ ဆေးရုံရောက်မှ ဆုံးသွားပြီလို့ကြားရတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်ခင်မာရီသည် သွေးတိုးရောဂါ အခံရှိပြီး လက်ရှိမှာ တာချီလိတ်ခရိုင်ဆေးရုံမှ စစ်ဆေးသည့်အခါ ဦးနှောက် သွေးကြောပေါက်ပြီး သေဆုံးသွားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article