နမ့်လန်မြို့မစျေးအနီး ရွှေဆိုင် တစ်ဆိုင် ဓားပြတိုက်ခံရ

သျှမ်းပြည် ကျောက်မဲခရိုင် နမ့်လန်မြို့နယ်ခွဲရှိ ရွှေဆိုင်တစ်ဆိုင်အတွင်း လက်နက်ကိုင် အမျိုးသား (၃) ဦး ဝင်ရောက်ဓားပြတိုက်ရာ အမျိုးသား (၁) ဦး ဖမ်းဆီးရမိကြောင်း စုံစမ်း သိရှိရသည်။

ဖမ်းဆီးရမိသည့် အမျိုးသား

ယနေ့ ဧပြီ (၂၀) ရက် မနက်ပိုင်းချိန်က လက်နက်ကိုင် အမျိုးသား (၃) ဦးမှ နမ့်လန်စျေးအနီးရှိ “ပြည့်ဝရွှေဆိုင်” တစ်ဆိုင်တွင် ဓားပြဝင်တိုက်ရာမှ ပြည်သူများ ဝိုင်းဝန်းဖမ်းဆီးရာ (၁) ဦး ဖမ်းဆီးရမိပြီး (၂) ဦး လွတ်မြောက်သွားကြောင်း သိရသည်။

“မနက်ပိုင်းက ဖြစ်သွားတာ။ အဲ့ ဓားပြတွေလည်း သူတို့ ဆိုင်ဖွင့်ဖို့ကို စောင့်နေတာလဲ ဖြစ်နိုင်တယ်။ ရွှေဆိုင် ဖွင့်လိုက်တာနဲ့ ဓားပြဝင်တိုက်တယ်။ ဘာမှတော့ မရသွားဘူး။ အနီးနားက သူတွေ ဝိုင်းဖမ်းတော့ ၁ ယောက်တော့ ဖမ်းမိပြီး ရဲလက်ထဲကိုတော့ အပ်ထားပြီ” ဟု နမ့်လန်ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ ဖမ်းဆီးရမိသည့် အမျိုးသားတစ်ဦးကို စစ်ဆေးရာတွင် ၎င်းတို့သည် အဖွဲ့လိုက်ရှိပြီး နမ့်လန်စျေးအတွင်း “သစ်ဆန်းရွှေဆိုင်”ကို ပြီးခဲ့သည့် ဇန်နဝါရီလက ဓားပြဝင်တိုက်သည့် အဖွဲ့ဖြစ်နိုင်ကြောင်းလည်း နမ့်လန်ဒေသခံများက ပြောဆိုကြသည်။

“သူတို့က အုပ်စုလိုက်ရှိကြတာ ထင်တယ်။ ဖမ်းမိထားတဲ့ တစ်ယောက်ကို စစ်ဆေးတဲ့အခါမှာ ကျနော်တို့ သိရသလောက်က သစ်ဆန်း ရွှေဆိုင် နဲ့ သီပေါမြို့က “ရီရှင်းရွှေဆိုင်” ကို ဓားပြဝင်တိုက်တာ သူတို့ပဲဖြစ်တယ်” ဟု နမ့်လန်ဒေသခံ တစ်ဦး ကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီ ၂၀ ရက် ညနေ ၄ နာရီဝန်းကျင်တွင် နမ့်လန်မြို့နယ်ခွဲရှိ “သစ်ဆန်း” ရွှေဆိုင်သို့ သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား နှစ်ဦးက ဝင်ရောက် ဓားပြတိုက်ယူသည့်အတွက် ရွှေ နှင့် ငွေ စုစုပေါင်း တန်ဖိုး ၃၀၀ ကျော် ဓားပြတိုက်ယူမှု ဖြစ်ပွားခဲ့သည်။

အလားတူ ၂၀၂၃ ဖေဖော်ဝါရီ ၂၁ ရက် ညနေ ၄ နာရီခွဲတွင် သီပေါမြို့ရှိ ရီရှင်းရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၆ ပိဿကျော် ပါသွားကြောင်း သိရှိရသည်။

ရီရှင်းရွှေဆိုင်သည် လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်တွင်လည်း ဓားပြတိုက်မှု တကြိမ် ကြုံခဲ့ရပြီး ရွှေ ၁ ပိဿခန့် ပါသွားခဲ့ဖူးသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းယူပြီးနောက်ပိုင်းတွင် သျှမ်းပြည်အပါဝင် နိုင်ငံတစ်ဝှမ်းလုံး၌ ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှု ပေါများလာပြီး သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများကလည်း နှိမ်နှင်းအရေးယူမှု မရှိသဖြင့် ပြည်သူများက လုံခြုံမှု မရှိကြောင်း ပြောဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ထိန်းချုပ် သီပေါမြို့အနီး ရှော့တိုက်ဒုံးပစ်ခတ်ခံရ

0
သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...