SNLD မှ စစ်ရှောင်များကို ကူညီထောက်ပံ့မှု ပေး

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ကျားခေါင်း ပါတီသည် နိုင်ငံရေးမှတ်ပုံတင် မတင်သည့် အတွက် ပါတီဖျက်သိမ်းကြောင်း စစ်ကောင်စီမှ ထုတ်ပြန်လာသော်လည်း စစ်ရှောင်များကို ကူညီထောက်ပံ့မှုပေးနေကြောင်း သိရသည်။

ဆန်များ သွားရောက်လှူဒါန်းစဥ်

ယမန်နေ့ (ဧပြီ ၆) ရက်တွင် သျှမ်းပြည် တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် ညောင်ထောက်ကျေးရွာရှိ စစ်ရှောင်စခန်းမှ အိမ်ထောင်စု ၁၉၆ ခုထံသို့ SNLD ကိုယ်စား စိုင်းစွမ်ဝမ်းမှ ဆန်များသွားရောက် ကူညီပေးခဲ့ကြောင်း ပါတီမှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ညောင်ထောက်စစ်ရှောင်စခန်းက ဆိုရင် ကျောက်မဲဘက်က ပြည်သူတွေ စစ်ရှောင်ပြီး နေထိုင်ကြတာပေါ့နော်၊ အိမ်ထောင်စု ၁၉၆ ခု၊ လူဦးရေ ၅၃၆ ဦးရှိတယ်၊ အခုတော့ ဆန်အိတ် သွားကူညီပေးခဲ့တာပေါ့နော်၊ ဆန် ၆ အိတ်ပါ၊ စုစုပေါင်း တန်ဖိုးငွေက ၄၅၀,၀၀၀ (လေးသိန်းခွဲ) ပေါ့နော်” ဟု SNLD ပါတီမှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆန်များ သွားရောက်လှူဒါန်းစဥ်

ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိမှာလည်း SNLD ကျားခေါင်းပါတီမှ တစ်ဆင့် သျှမ်း – ကယား (ကရင်နီပြည်) နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်များကို အသုံးအဆောင် ပစ္စည်း နှင့် စားနပ်ရိက္ခာများ သွားရောက် ကူညီပေး ခဲ့ကြောင်းလည်း ပင်လောင်းမြို့မှ SNLD ပါတီ၏ မြို့နယ်ဥက္ကဌ စိုင်းသန်းထွန်း ထံမှ သိရသည်။

“ဗဟိုကနေ ကူညီထောက်ပံ့လာတဲ့ အကူအညီတွေနဲ့ ကျနော်တို့က စစ်ရှောင်တွေကို သွားရောက်ကူညီပေးခဲ့တာပါ၊ အဝတ် အထည်တွေ၊ ရိက္ခာခြောက်တွေ၊ ပြီးတော့ တခြား အသုံးအဆောင်ပစ္စည်းတွေကို သွားကူညီပေးဖြစ်ပါတယ်၊ ကရင်နီဘက်က စစ်ရှောင်တွေ အတွက် ၁၅ သိန်း၊ ပင်လောင်းမြို့မှာ ရှိတဲ့ စစ်ရှောင်တွေအတွက် ၁၅ သိန်း နဲ့ ခရစ်ယာန် ကျောင်းမှာ ရှိနေတဲ့ စစ်ရှောင်တွေအတွက် ၃၀၅,၀၀၀ ကျပ် (သုံးသိန်း ငါးထောင်ကျပ်) ကူညီပေးခဲ့ပါတယ်” ဟု စိုင်းသန်းထွန်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆန်များ သွားရောက်လှူဒါန်းစဥ်

လက်ရှိတွင် ပင်လောင်းမြို့နယ်အတွင်း စစ်ဘေးရှောင်များသည် စုစုပေါင်း တစ်သောင်း ထက်မနည်းရှိနေပြီး ဖယ်ခုံ၊ မိုးဗြဲ ၊ ဒီးမော့ဆို နှင့် လွိုင်ကော် တို့ဘက်မှ ဒေသခံများ စစ်ရှောင် ရောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့မှ နိုင်ငံတော် အာဏာသိမ်းယူပြီးချိန်မှ စတင်ပြီး ယနေ့အထိ သျှမ်း – ကယား နယ်စပ်နှင့် ကရင်နီပြည် အတွင်းမှ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များကို ပြင်းထန်စွာ ထိုးစစ် တိုက်ခိုက်နေသည့်အတွက် ဒေသအတွင်းက ပြည်သူများ နေအိမ်စွန့်ခွာ စစ်ရှောင်ထွက်ပြေးနေရခြင်း ဖြစ်ကြောင်း သိရသည်။

စစ်ရှောင်များ

ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်မှ နမ့်နိန်းရွာ (ဝၢၼ်ႈၼမ့်ၼဵင်ႈ) မှ ဘုန်းကြီးကျောင်း ဝန်းထဲ ဝင်ရောက်နေရာယူပြီး သံဃာတော် (၃) ပါး အပါအဝင် အရပ်သား ၁၉ ဦးကို စစ်ကောင်စီမှ ပစ်သတ်မှု ရှိခဲ့သည်။

ကျားခေါင်းပါတီ SNLD ပါတီသည် စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်ထံကို နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း မပြုလုပ်သည့်အတွက် နိုင်ငံရေးပါတီ အဖြစ်မှ ဖျက်သိမ်းခံလိုက်ရကြောင်း မတ်လ ၂၈ ရက်နေ့ တွင် စစ်ကောင်စီ တပ်ဖွဲ့က ထုတ်ပြန်ကြေညာ ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ – ၂၀၂၂ ခုနှစ်အတွင်း သျှမ်းတပ် နှစ်တပ် တိုက်ပွဲဖြစ်ပွားမှုကြောင့် သျှမ်းပြည် မြောက်ပိုင်းမှ တောင်ပိုင်း အထိ စစ်ရှောင်ပြည်သူများအတွက် ကျပ်သိန်း ထောင်နဲ့ချီ စုပေါင်း ကူညီထောက်ပံ့ပေးမှုလည်း ပြုလုပ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...