Wednesday, January 28, 2026

PDF နှင့် တပ်မတော်တို့ ပဋိပက္ခအကြား RCSS ဝင်ရှုပ်မည်မဟုတ် ကြောင်းထုတ်ပြန်လာ

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် တပ်မတော်တို့ ပဋိပက္ခအကြား သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS)မှ ဝင်ရှုပ်မည်မဟုတ်ကြောင်း ယနေ့ (ဧပြီ ၃)ရက် တွင် Tai Freedom မှ ရေးသားထုတ်ပြန်လာသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် ဗိုလ်ချုပ်ကြီးယွက်စစ် နေပြည်တော်တွင်တွေ့ဆုံစဥ်

1009 INFANTRY (IPDF)မှ ထုတ်ပြန်ထားသည့် ပြည်သူပန်ကြားချက်အတိုင်း စီးပွားရေး အပေးအယူလုပ်၍ တပ်မတော်က RCSS/SSA တပ်ဖွဲ့ကို တိုက်ပွဲအတွင်း ဆွဲသွင်းလာသည် ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိသည့် ကောလဟာလသတင်းသာဖြစ်ကြောင်း Tai Freedom တွင်ရေးသားထားသည်။

၁၀၀၉ တပ်ရင်း (အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ IPDF)မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည့် ပြည်သူပန်ကြားချက်တွင် ၂၀၂၃ ခုနှစ် မတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ IPDF နှင့် တပ်မတော်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအကြောင်း ရေးသားဖော်ပြထားပြီး စီပွားရေးအပေးအယူ ပြုလုပ်၍ RCSS/SSA ကို တိုက်ပွဲတွင်းသို့ ဆွဲသွင်းလာသည့် သတင်းများကို ကြားလာခဲ့ရသည်ဟုလည်း ရေးသားဖော်ပြထားသည်။

Photo by RCSS/SSA – RCSS/SSA စစ်ရေးပြအခန်းအနားမှ စစ်ရေးပြစစ်သားများ

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA သည် သျှမ်းပြည်တောင်ပိုင်းတွင် ဖြစ်ပွားသည့် PDF နှင့် တပ်မတော် တိုက်ပွဲများတွင်းသို့ ပါဝင်ရှုပ်ထွေးရန် ရည်ရွယ်ချက်မရှိသည့်အပြင် ဒေသခံပြည်သူများကို ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူမဆန်‌သောလုပ်ရပ်များကိုလည်း RCSS/SSA မှ ကန့်ကွက်ရှုံ့ချပါသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ် ရပ်တည်မှုဖြင့် နိုင်ငံရေးဆွေးနွေးမှုများ ဆောင်ရွက်နေပြီး ကောလဟာလသတင်းများကဲ့သို့ စီးပွားရေး အခွင့်အရေးများကြောင့် NCA လက်မှတ်ရေးထိုးရခြင်းမဟုတ်ကြောင်း RCSS/SSA အပေါ် ပြည်သူလူထုများ အထင်အမြင်လွှဲမှားစေမည့် လုပ်ကြံသတင်းများ သာဖြစ်ကြောင်းလည်း Tai Freedomတွင် ရေးသားဖော်ပြထားသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) နိုင်ငံရေး ဆွေးနွေးမှုကြောင့် ပြည်သူလူထုများနှစ်ပေါင်းများစွာ ကြုံတွေ့လာခဲ့သည့် တိုက်ပွဲများအား လျော့ချနိုင်ပြီး တည်ငြိမ်အေးချမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည် တည်ထောင်နိုင်ရန်၊ ပြည်သူလူထုများအတွက် ကောင်းကျိုးများရှိသည်ဟူသော ရည်ရွယ်ချက်ဖြင့် NCA လက်မှတ်ရေးထိုးရခြင်းဖြစ်သည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA သည် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြစ်သည့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင် မည်ဟု လက်စွဲယုံကြည်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းလည်း ရေးသားထားသည်။

RCSS သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးနေသည့် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည်။

အမျိုးသား စည်းလုံးညီညွတ်ရေး အစိုးရ NUG ၊ PDF များ နှင့် ကူညီထောက်ပံ့ပေးနေသူများကို ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဟု စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က မတ် ၂၇ရက် တပ်မတော်နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

#SHANBurmese

#shannews

#သျှမ်းသံတော်ဆင့်

#RCSS

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...