တာချီလိတ်တွင် အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး သေဆုံး

သျှမ်းပြည် တာချီလိတ်ခရိုင် တာချီလိတ်မြို့ တော်ကော့တွင်းရပ်ကွက်တွင် အမျိုးသားတစ်ဦး ဦးခေါင်းဓားခုတ်ခံရပြီး သေဆုံးမှုဖြစ်ပွားကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ (မတ်လ ၃၁ ရက်) ညနေပိုင်း ၅ နာရီအချိန်ဝန်းကျင်တွင် တာချီလိတ်မြို့ တော်ကော့တွင်းရပ်ကွက်ရှိ အိမ်ခြေမဲ့အဖြစ် နေထိုင်သူ အသက် (၅၀) နှစ်ဝန်းကျင် အမျိုးသားတစ်ဦး၏ ဦးခေါင်းတွင်း ဓားခုတ်သည့် ဒဏ်ရာဖြင့် သေဆုံးနေေသာ အလောင်းကိုတွေ့ရှိခဲ့ကြောင်း ဦးလှမိုး(တာချီလိတ်) လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

“ ပျံကျနေထိုင်သူ အချင်းချင်း ရန်ဖြစ်ပြီး ဓားနဲ့အပြန်အလှန်ခုတ်ကြတာ။ အဲ့အမျိုးသားတော့ ဦးခေါင်မှာ ဓားနဲ့တစ်ချက် ခုတ်ခံထားရတာ တွေ့ရတယ်။ အခင်းမှာလည်း တုတ်ချောင်းတွေလည်း တွေ့ရတယ်။ သူတို့အချင်းချင်း ရန်ဖြစ်ပြီး ဓားတွေ၊ တုတ်တွေနဲ့ ရိုက်ကြတာ ဖြစ်နိုင်တယ် “ ဟု ၎င်းတာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ဓားဖြင့်ခုတ်ခံရသည့် အမျိုးသားကို တာချီလိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင် ရွှေ့ပြောင်းအလုပ်သမားများ သောင်းကျော်ရောက်ရှိနေပြီး အလုပ်လုပ်ကိုင်ရှာဖွေနေကြသည့်အပြင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးဝါးနှင့် တရားမဝင် အလုပ် အွန်လိုင်းဂိမ်းများလည်း အဆမတန် ပေါများလာနေပြီး ခိုးဆိုးလုယက်၊ ဓားပြတိုက်မှုနှင့် ရိုက်နှိက်မှုမှာလည်း မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

“ တာချီလိတ်မှာတော့ လူမျိုးပေါင်းစုံရှိတယ်။ မူးယစ်ဆေးဝါးတွေလည်း ပေါသလို အွန်လိုင်းဂိမ်းတွေလည်း အများကြီးရှိတယ်။ တစ်ခါတလေ မူးယစ်ဆေးဝါး ကြောင်တဲ့တွေသူ လမ်းသွားလမ်းလာမှာ ဓားတွေ၊ တုတ်တွေ ကိုင်ပြီး လျောက်သွားနေတာလည်း တွေ့ရတယ်။ ပြည်သူတွေကတော့ လုံခြုံရေးစိုးရိမ်ရတာပေါ့။ အပြင်သွားရင် အရင်လို လွတ်လွတ်လပ်လပ်၊ စိတ်ချလက်ချ မသွားရဲတော့ဘူး “ ဟု ၎င်း တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ကာလအတွင်း မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခများကြောင့် နိုင်ငံရေး မတည်မငြိမ်မှုဖြစ်ပြီး တရားဉပဒေမဲ့ခေတ်ရောက်ရာ ခိုးဆိုးလုယက်၊ ဓားပြတိုက်မှု၊ ခြိမ်းခြောက် ငွေတောင်းယူမှုနှင့် ပြန်ပေးဆွဲမှုများလည်း မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...