ပင်လောင်းမြို့နယ် ကျေးရွာလုံခြုံရေးအတွက် ဒေသခံများ  စောင့်ဆိုင်းရမည်ဟု PNO အမိန့်ထုတ်

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ PNO မှ ကျေးရွာလုံခြုံရေးအတွက် ဒေသခံများကို ၂၄နာရီအတွင်း  ဂိတ်ဆောက်လုပ်ခိုင်းပြီး စောင့်ဆိုင်းရန် အမိန်စာထုတ် ပြန်ခဲ့ကြောင်း သတင်းသိရှိရသည်။

PNO မှ ပြုလုပ်သည့် စစ်သင်တန်း

အဆိုပါ အမိန့်ထုတ်ပြန်စာစောင်ကို (မတ်လ ၂၅) ရက်က ထုတ်ပြန်ခဲ့ပြီး ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာများ၏ လုံခြုံရေးကို ဒေသခံများအနေဖြင့် ရွာအဝင်အထွက်ကို ၂၄နာရီ ဂိတ်ဆောက်လုပ်ခိုင်းပြီး ဂိတ်စောင့်ခိုင်းကြောင်း၊ မစောင့်ဆိုင်းနိုင်ပါက တစ်ရက်လျှင် ကျပ် (၂၀,၀၀၀) ဒဏ်ငွေဆောင်ရန် ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားသည်။

PNO မှ ပြုလုပ်သည့် စစ်သင်တန်း

“ ရွာအဝင် သံပန်းနဲ့တောင် လုပ်ခိုင်းတယ်။ PNO ကကျည်ဆံ ဝယ်ဖို့လည်း တစ်အိမ်ကို ၆ သောင်း ကောက်တယ်။ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး “ ဟု ပင်လောင်းဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ပြည်သူ့စစ်တပ်ဖွဲ့ PNO အသုံးပြုရန် ကားဝယ်ဖို့အတွက် တစ်အိမ်ကို ကျပ်ငွေ ၂၀၀၀ နှင့် ရေပိုက်ဝယ်ရန် ကျပ်ငွေ ၅၀၀ မထည့်မနေရကောက်ခံမည်ဖြစ်ကြောင်း၊ ယခု (မတ်လ ၃၀) ရက်နောက်ဆုံးထားပြီး ထည့်ပေးရန် ရေးသားဖော်ပြထားသည်။

PNO

ထို့အပြင် ဒေသခံများအနေဖြင့် ရွာလုံခြုံရေးအတွက် ဂိတ်ဖွင့်ပြီး စောင့်ဆိုင်းရန်၊ ကျည်ဆံဖို့အတွက် ပိုက်ဆံ ထည့်ရန် ငွေရေးကြေးရေး အခက်ခဲရှိနေကြောင်း သိရသည်။

“ ဒီလိုအချိန်က ပိုက်ဆံရှာရခက်တဲ့အချိန်လေ။ အခုနောက်ပိုင်း PNO က ခေါင်းစဥ်အမျိုးမျိုးနဲ့ ပြည်သူဆီ ပိုက်ဆံကောက် တယ်” ဟု ပအိုဝ်း လူငယ်တစ်ဦးက ပြောသည်။ 

PNO သည် စစ်ကောင်စီ၏ လက်အောက်ခံ တပ်ဖွဲ့တစ်ခုဖြစ်ပြီး၊ လက်ရှိ သျှမ်း-ကရင်နီ( ကယားပြည်) ဘက် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF)များကို တိုက်ခိုက်နေသည့်တပ်ဖွဲ့ဖြစ်သည်။ ထို့ကြောင့် လက်ရှိကောက်ယူနေသည့် ငွေကြေးများသည်လည်း PDF တပ်ဖွဲ့များကို တိုက်ခိုက်ရန်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး၊ နေရာပြောင်းရွှေ့ရန် စီစဉ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးပြီး နေရာပြောင်းရွှေ့ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်မှစပြီး သျှမ်းတောင်၌ မိုးများ ဆက်တိုက်ရွာသွန်းခဲ့ပြီးနောက် တောင်ကျရေကြောင့် တီကျစ်ဒေသနှင့် နောင်တရားဒေသတွင် ပြောင်းစိုက်ခင်းနှင့် ရာသီပေါ်သီးနှံစိုက်ခင်းများ ရေနစ်မြှုပ် ပျက်စီး သွားခဲ့သည်။ ထိုသို့ သီးနှံများ ပျက်စီးဆုံးရှုံးသောကြောင့် နောက်ထပ်...