ခိုလမ်မြို့ အမျိုးသမီးတစ်ဦး တပ်ထိန်းတပ်မှူး ဇနီးထံ ပိုက်ဆံချေးရာမှ အိမ်တွင်း ပစ္စည်းများကို ဖောက်ယူသွား

သျှမ်းပြည် လွိုင်လင်ခရိုင် ခိုလမ်မြို့ ရှိ အမျိုးသမီးတစ်ဦးသည် တပ်ထိန်းတပ်မှူး ဇနီးထံ အကြွေးသိန်း ၃၀ တင်ထားရာမှ အကုန်မဆပ်နိုင်သေးသဖြင့် ၎င်းအမျိုးသမီး နေအိမ်တွင်းမရှိချိန်တွင် သော့ဖျက်ပြီး ပစ္စည်းများကို ယူဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အိမ်အဝင်သော့ဖျက်ထားပုံ

ပြီးခဲ့သည့် မတ် ၂၅ ရက်နေ့ ခိုလမ်မြို့ ရပ်ကွက် ၆ အတွင်း နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် စီးပွားရေးလုပ်ရန် တပ်မှူးဇနီးထံ ငွေချေးငှားခဲ့ပြီး အကုန်မဆပ်နိုင်သေးသဖြင့် တပ်မှူးဇနီးက အိမ်တွင်းရှိ ပစ္စည်းများကို ခွင့်ပြုချက်မရဘဲ လာရောက်ယူဆောင်သွားခဲ့ကြောင်း ပစ္စည်းသိမ်းခံရသည့် အမျိုးသမီး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ကျမကလည်း စီးပွားရေး တစ်ခုအတွက် ငွေတောင်းချေးတာ။ ငွေချေးတုန်းကတော့ ဘာစာချုပ် နဲ့ ချေးတာတော့ မဟုတ်ဘူး။ ယုံကြည်မှုတွေနဲ့ပဲ။ ငွေချေးလာတာ ၁၀ လလောက်တော့ ရှိတော့မယ်။ ကြားထဲမှာ နည်းနည်းချင်းတော့ ဆပ်သွားတယ်။ ၁၀ သိန်းကျော်လောက်တော့ ဆပ်ပြီးပြီ။ အခုက ကျမအိမ်မှာ မရှိချိန် ရပ်ကွက် ဥက္ကဌတွေနဲ့ ခေါ်ပြီးတော့ အိမ်သော့တွေဖျက်ပြီးတော့ ပစ္စည်းတွေကို ကားနဲ့ လာတင်သွားတာ” ပစ္စည်းသိမ်းခံလိုက်ရသည့် အမျိုးသမီးက ပြောသည်။

အိမ်သော့ဖျက်ထားပုံ

အဆိုပါ တပ်မှူးဇနီး လာရောက်သိမ်းသွားသည့် ပစ္စည်းများသည် သိန်း ၅၀ ဝန်းကျင်ရှိကြောင်း သိရသည်။

“ သူသိမ်းယူသွားတာက သိန်း ၅၀ လောက်တော့ရှိတယ်။ ဘာလို့လဲဆိုတော့ ကျမအိပ်တဲ့ ကုတင်ထဲမှာ ရွှေဆွဲကြိုး တစ်ခုနဲ့ လက်စွပ်တစ်ခု ထည့်ထားတာ။ အိမ်မှာရှိတဲ့ ကုတင်တွေ ၊ ခုံတွေယူသွားတာ။ ကျမက မုဆိုးမ ဖြစ်တယ်။ ကလေးကို ကျောင်းထားဖို့ဆိုပြီး အဲ့ဒါကို မပေးဘဲ ထားထားတာ” ဟု ၎င်း အမျိုးသမီးက ပြောသည်။

တပ်မှူးဇနီးသည် ထိုသို့ နေအိမ်တွင် လူမရှိချိန် သော့ဖျက်ပြီး ပစ္စည်းများကို လာရောက်ယူဆောင်သွားခြင်းသည် ဓားပြတိုက် ခိုးယူမှုဖြစ်ကြောင်း ၎င်းအမျိုးသမီးက ပြောသည်။

တပ်ထိန်းတပ်မှူး ဇနီး

“ သူတော့ ဒီတိုင်း လာမယူသွားသင့်ဘူး။ ကျမ အိမ်မှာ မရှိတဲ့အချိန်မှာ သော့တွေဖျက်ပြီးတော့ လာယူသွားတာက အိမ်ခိုးဖောက်ယူတာနဲ့ တူတယ်။ ဒါကို အရေးယူခိုင်း စေချင်ပါတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

တပ်မှူးဇနီးအနေဖြင့် လူမရှိချိန် နေအိမ်သော့ဖျက်ပြီး ပစ္စည်းယူဆောင်သွားခြင်းသည် အတင်းအဓမ္မ ခေါင်းပုံဖြတ်ခြင်း၊ ခိုးယူခြင်းဖြစ်ကြောင်း၊ လက်ရှိ ချေးငှားထားသည့် အမျိုးသမီး အကြွေးကို ဆပ်နေသည့် ကာလဖြစ်ကြောင်းလည်း ၎င်း၏ ဆွေမျိုးတော်စပ်သည့် သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တပ်ရဲ့ အာဏာကို ယူပြီးတော့ လုပ်နေတာ။ အကြွေးတွေက မဆပ်တာမှ မဟုတ်တာ၊ ယူတာထပ် အခု အိမ်ထဲက ပစ္စည်းတွေက အကြွေးတွေထက် ပိုပြီး များနေပြီ၊ သယ်သွားတာ နည်းတာမဟုတ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

ခိုလမ်မြို့နယ်သည် စစ်ကောင်စီ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...