Friday, April 19, 2024

လားရှိုး ယာဉ်စည်းကမ်း စစ်ဆေးတင်းကြပ်ထားသည့်ကြား ယာဉ်တိုက်မှုပိုဖြစ်လာ

Must read

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့နယ် ယာဥ်ထိန်းရဲမှ ယာဉ်စည်းကမ်း တင်းကြပ်ထားသည့်ကြား ယာဉ်တိုက်မှု မကြာခဏဖြစ်ပွားနေကြောင်း သတင်း သိရှိရသည်။

ယာဥ်တိုက်မှုဖြစ်ပွား

ပြီးခဲ့သည့် (မတ်လ ၂၂ ရက်) မှ (မတ်လ ၂၄ ရက်) ထိ သုံးရက်အတွင်း လားရှိုးမြို့နယ် လားရှိုးမြို့မှ သိန္နီ၊ သီပေါ၊ နမ္မတူ နှင့် မိုင်းယော် သွားလမ်း၊ လမ်းမကြီးတွင် ယာဉ်တိုက်မှု ၆ မှု ဖြစ်ပွားပြီး လူ ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေး အသင်းထံမှ သိရသည်။

“လားရှိုးမှာ ကားတွေ၊ ဆိုင်ကယ်တွေ များလာတော့ ဖြစ်သလို မောင်းတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာတော့ နေ့တိုင်းလိုလို ယာဉ်တိုက်မှု ဖြစ်နေတာ “ ဟု လားရှိုးမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယခု (မတ်လပထမ) ပတ်မှစပြီး လားရှိုးမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့များက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း နှင့် ပတ်သက်၍ ဟောပြောပွဲလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဟောပြောပွဲတော့ လုပ်ခဲ့တယ်။ အခုက စည်းကမ်း မလိုက်နာရင် ဒဏ်ငွေ ရိုက်တာပေါ့။ ယာဉ်တိုက်မှုဖြစ်လာရင် ယာဉ်ထိန်းရဲတွေက အမှုစစ်ဆေးပြီး ပိုက်ဆံကောက်တယ်။ လမ်းမှာလည်း စစ်ဆေးရေး စောင့်ပြီး ပိုက်ဆံကောက်တယ် “ ဟု ၎င်း ဒေသခံ အမျိုးသားက ထပ်လောင်းပြောသည်။

ထို့အပြင် လားရှိုးမြို့နယ်အတွင်း စည်းကမ်းမဲ့ ယာဉ်မောင်း လာသူများကို ယာဉ်ထိန်းရဲတပ်ဖွဲ့များက စောင့်ဆိုင်း စစ်ဆေးနေပြီး ငွေကောက်ယူနေသလို လိုင်စင်မပါရှိသည့် ဆိုင်ကယ်သမားကို ကျပ်ငွေ ၃ သောင်း အထိ ကောက်ယူပြီး ကားသမားကို ကျပ်ငွေ ၁ သိန်း အထိ ကောက်ယူနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article