ပင်လောင်းမြို့နယ် လွယ်ကြိန်းဘုန်းကြီးကျောင်းမှ စစ်ရှောင် ၃၀၀ ကျော် အလှူရှင်မရှိ

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် လွယ်ကြိန်းဘုန်းကြီးကျောင်းသို့ ရောက်ရှိနေသည့် စစ်ရှောင်ဦးရေ ၃၀၀ ကျော်အတွက် အလှူရှင် ပြတ်တောက်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်ရှောင်များ

သျှမ်း – ကယား (ကရင်နီ) နယ်စပ် တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် လွယ်ကြိန်းဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်ဦးရေ ၃၂၀ ကျော်အတွက် လက်ရှိမှာ စားနပ်ရိက္ခာထောက်ပံ့ပေးမည့်သူ မရှိ၊ ၃ လနီးပါးကြာ အလှူရှင်ပြတ်တောက်နေကြောင်း စစ်ရှောင် အမျိုးသမီးတစ်ဦး ကပြောသည်။

“ အဓိကတော့ စားဝတ်နေရေးတွေ လိုအပ်တာပေါ့။ ဆန်၊ ဆီ၊ ဆား တွေလိုအပ်တယ်။ အခုက အလှူရှင်မလာတာ ၃ လလောက်ရှိပြီ။ နေ့တိုင်းနေ့စား အလုပ်နဲ့ဘဲ ဖြတ်သန်းပြီး ရလာတဲ့နေ့စားခနဲ့ဘဲ ဝယ်စားရတယ်။ တချို့အသက်ကြီးတဲ့သူတွေက အလုပ်မလုပ်နိုင်တော့ နေ့စားမသွားနိုင်ဘူး။ သူတို့တွေတော့ တစ်ခါတလေ ဘုန်းကြီးကျောင်းက စွန့်ပေးတဲ့ဟာတွေဘဲ စားရတာပေါ့ “ ဟု ၎င်းက အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်များကို ထောက်ပံ့ပေးနေသည့် အလှူရှင်များ ပြတ်တောက်သွားသောကြောင့် စစ်ရှောင်ဦးရေ ၃၀ ခန့်သည် ဘုန်းကြီးကျောင်းမှ လှုဒါန်းထားသော စားနပ်ရိက္ခာများကို စွန့်ပြီး စားသုံးနေရကြောင်း သိရသည်။

ထို့အပြင် ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်သည့် အချိန်ကာလမှာ ဒေသတွင်း သွားလာရန် ခက်ခဲနေသောကြောင့် အလှူရှင် ပြတ်တောက်သွားသည့် လွယ်ကြိန်းဘုန်းကြီးကျောင်းမှ စစ်ရှောင်စခန်းအပြင် ဗန်းမောက်ရွာရှိ စစ်ရှောင်များမှာလည်း စားနပ်ရိက္ခာ ထောက်ပံ့ပေးသူ အလှူရှင် လိုအပ်နေကြောင်း သိရသည်။

“ ဗန်းမောက်ရွာဘက်ကလည်း စစ်ရှောင်တွေ အများကြီးရောက်နေတယ်။ သူတို့လည်း အလှူရှင် မရှိဘူး။ စားနပ်ရိက္ခာတွေ၊ နေရာ အထိုင်အခင်းတွေ၊ ဆောင်တွေ အကူညီ အမျိုးမျိုး လိုအပ်နေတယ် “ ဟု လွယ်ကြိန်းဒေသခံ တစ်ဦးကပြောသည်။

လွယ်ကြိန်းဘုန်းကြီးကျောင်းသည် ပင်လောင်းမြို့ နှင့် ၂၅ မိုင် ကွာဝေးပြီး တိုက်ပွဲဖြစ်သည့် နမ့်နိန်းကျေးရွာ နှင့် တစ်တောင်ခြားထားကြောင်း သိရသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၄ ရက်) မှစပြီး စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်ဖွဲ့တို့၏ တိုက်ပွဲကြောင့် ဗန်းမောက်ကျေးရွာတွင် စစ်ရှောင်ဦးရေ ၇၀၀ ကျော် ရောက်ရှိနေကြောင်း သိရသည်။

ပင်လောင်းမြို့နယ်အတွင်း တိုက်ပွဲကြောင့် တောင်စလုံး၊ မြောက်စလုံး၊ လုံးပင်၊ ပျဉ်ပင်၊ နမ့်နိန်း နှင့် တောင်မဲသင်းရွာမှ ပြည်သူများ အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရကာ ပင်လောင်းမြို့နယ်မှာ စစ်ရှောင်ဦးရေ (၅,၀၀၀) ကျော်ရှိနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...