လုံခြုံရေး တင်းကြပ်သည့် အင်းလေးဒေသ နေအိမ်တစ်လုံး ဓားပြတိုက်မှု ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေး ဒေသအတွင်း စစ်ကောင်စီ၏ လုံခြုံရေး တင်းကြပ်စွာ ချမှတ်ထားသည့်ကြား နေအိမ်ပေါ်တက်ပြီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

အင်းလေး

ယမန်နေ့ (မတ် ၂၂) ရက် ည ၉ နာရီခွဲ ဝန်းကျင်တွင် အင်းလေးဒေသ ရွာကြီးထက်ရွာရှိ နေအိမ်တစ်လုံးကို အမည်မသိလက်နက်ကိုင် လူတစ်စုက မူးယစ်ဆေးဝါး စစ်ဆေးရန်ဟုဆိုကာ ဓားပြတိုက်သွားကြောင်း အသက် ၅၀ ကျော်အရွယ်ရှိ အင်းလေးဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူးယစ်ဆေးဝါး စစ်ဆေးဖို့ အတွက်ဆိုပြီး Mask တပ်ထားတဲ့ အမျိုးသား ၇/၈ ယောက်လောက်က အိမ်ပေါ်ကို တက်လာတယ်၊ အိမ်သားအားလုံးကို သေနတ် နဲ့ ချိန်ပြီး စုနေခိုင်းတာ၊ အိမ်တွေကို မွေနှောက်ရှာပြီးတော့ ငွေသား (၃) သိန်း နဲ့ ရွှေစုစုပေါင်း (၂) ကျပ်သားလောက်ကို ဓါးပြတိုက်ယူ သွားတယ်၊ ကောင်လေး တစ်ယောက်ကိုလည်း ရိုက်နှက်ပြီး ဖမ်းသွားတယ်” ဟု အင်းလေးဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ လက်နက်ကိုင် အုပ်စုသည် လူငယ် နှင့် လူလတ်ပိုင်း အရွယ်များသာ ဖြစ်ပြီး ရွှေအင်းတိမ် ဘုရားဘက်ရှိ ကုန်းလမ်းမှ တစ်ဆင့် ရွာကြီးထက်ရွာသို့ ရောက်ရှိလာပြီး ဓားပြတိုက်ယူသွားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် လက်နက်ကိုင် အုပ်စုတို့က ဗမာစကားသာ ပြောဆိုပြီး အင်းသံဝဲသူ နှင့် ပအိုဝ်းသံဝဲသူ တို့လည်း ပါရှိကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

“စကားပြောတာကတော့ ဗမာစကားပဲ၊ အင်းသံဝဲတဲ့သူ ပါတယ်၊ ပအိုဝ်းသံဝဲတဲ့သူ ပါတယ်၊ အိမ်ကို ဓါးပြတိုက်ပြီး ပြန်ဆင်းသွားတဲ့ အချိန်မှာလည်း တစ်လမ်းလုံး အော်ဟစ် ကြိမ်းမောင်းပြီး ပြောသွားတယ်၊ ရွာကိုပါ မီးရှို့ပစ်မယ် ဆိုပြီးတော့လည်း ခြိမ်းခြောက်သွားတယ်” ဟု ၎င်းက ဆိုသည်။

ဓားပြတိုက်မှု ဖြစ်ပွားသည့် ရွာကြီးထက်ရွာသည် စစ်ကောင်စီမှ ခန့်အပ်ထားသည့် ပြည်နယ် တိုင်းရင်းသား ရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၏ ဇာတိရပ်ရွာဖြစ်သည့် အင်းပေါခုန် ကျေးရွာအုပ်စုမှ ဖြစ်နေကြောင်းလည်း သိရသည်။

နေအိမ်ခြိမ်းခြောက် ဓားပြတိုက်ခံရခြင်း နှင့် ပတ်သက်ပြီး အိမ်ရှင် မိသားစုဝင်များက ညောင်ရွှေမြို့ ရဲစခန်း နှင့် နန်းပန် ရဲစခန်းကို သွားရောက် တိုင်ချက်ဖွင့်ထားကြောင်း သိရသည်။

“အင်းလေးဒေသမှာက လက်နက်ကိုင်ပြီး ပါဝါ ပြနေတာဆိုလို့ စစ်ကောင်စီရဲ့ ပျူစောထီး နဲ့ PNO တွေပဲ ရှိတယ်၊ အခု ဒီဖြစ်စဥ်မှာ စစ်ကောင်စီ လက်အောက်ခံ ရဲက သူတို့လုပ်တာမဟုတ်၊ သူတို့ မသိဘူးလို့ ပြောကြတယ်။ တိုင်ချက်တော့ ဖွင့်ထားလိုက်တယ်” ဟု အထက်ပါ အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိ အင်းလေးဒေသ အဝင်အထွက်များကို စစ်ကောင်စီတပ်ဖွဲ့မှ တင်းကြပ်စွာ စစ်ဆေးနေပြီး ပေါင်းပိုင်းဂိတ်၊ မှော်ဘီဂိတ်၊ အင်းတိန်ဂိတ် နှင့် ဘုရားနီ၊ သန်းထောင်ကြားမှ စစ်ဆေးရေးတို့က စစ်သားများသည် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ ကာယိအိန္ဒြေ ကျူးလွန်မှု စစ်ဆေးမှုများလည်း ပြုလုပ်နေသည့် နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးတွင် ဝက်သေများ မျောလာ၊ ဒေသခံများ ရောဂါကူးစက်မည် စိုးရိမ်

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ရေတက်လာသောကြောင့် ဝက်သေများ မျောပါလာပြီး ရောဂါကူးစက်မည်ကို စိုးရိမ်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်မှစပြီး အင်းလေးဒေသတွင် မိုးရက်ဆက် ရွာသွန်းမှုကြောင့် ရေတက်လာပြီး ဝက်နာရောဂါဖြင့် သေဆုံးသည့်ဝက်များကို မြုပ်နှံထားရာမှ အဆိုပါ ရေကြီးမှုကြောင့် ပြန်လည်မျောပါလာခဲ့သည်။ ထိုသို့ မျောပါလာသောကြောင့် ရေများမှတဆင့်...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...

အင်းလေးတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံများ ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ကျွန်းမျောဆယ်ယူသည့် ဒေသခံအချို့ ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ အင်းလေးဒေသတွင် ဒေသခံများသည် ရေပေါ်စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြပြီး ကျွန်းမျောများကို ဆယ်ယူ၍ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ၂၀၂၅ ခုနှစ် မေလမှစတင်၍ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက ကျွန်းမျောဆယ်ယူခွင့်ကို ပိတ်ပင်ထားသဖြင့် စိုက်ပျိုးရေးလုပ်ကိုင်နေသည့် အင်းလေးဒေသခံများ အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း...

အင်းလေးတွင် စစ်တပ်၏ မျှားခေါ်ထောင်ချောက်ကြောင့် CDM ဝန်ထမ်းဟောင်း ဖမ်းဆီးခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အင်းလေး‌ဒေသတွင် အင်းလေးပြည်သူ့ ကာကွယ်ရေးတပ် (PDF) အမှတ် (၁၀၀၉) တပ်ရင်းမှ ရဲဘော်နှစ်ဦးကို စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ၎င်းတို့ကို အသုံးပြု၍ ထောက်ချောက်ဆင် မျှားခေါ်မှုပြုလုပ်ခဲ့ရာ  CDM ကျန်းမာရေး ဝန်ထမ်း ဟောင်းတစ်ဦး ဖမ်းဆီးခံရကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ်က ပြီးခဲ့သည့် ဇွန်လ (၂၂)ရက်တွင် ထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင်...