လက်နက်ကိုင် တပ်ဖွဲ့များ ဆက်ကြေး ငွေအများအပြား ကောက်ယူမှုကြောင့် ကားတချို့ ရပ်နားရ

သျှမ်းပြည် ကွတ်ခိုင် – နမ့်ဖက်ကာ – မူဆယ် မှ မန္တလေးဆင်းသည့် ကားလမ်းတလျောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ များသည် ကားသမားများထံ ဆက်ကြေး (အခွန်) အများအပြား ကောက်ယူမှုကြောင့် ကားတချို့ ရပ်နားလိုက်ရကြောင်း သတင်းသိရသည်။

ပုံ – ဟောင်း (ရှု့ခင်းသာအနီးမှ ယာဥ်တန်းများ )

နမ့်ဖတ်ကာ – ကွတ်ခိုင်ကြားရှိ ရှု့ခင်းသာအနီး နှင့် မူဆယ် – မန္တလေး လမ်းမကြီး တလျောက်တွင် ကချင်လွတ်မြောက်ရေး တပ်မတော်( KIA)၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်ဖွဲ့များသည်ကားသမားများထံ ဆက်ကြေးကောက်ယူမှုများရှိကြောင်း ဒေသခံ ကားသမားများ ပြောပြချက်အရ သိရသည်။

“အခုချိန်က ကုန်ဈေးနှုန်းတွေရော၊ ဆီဈေးနှုန်းတွေရော တက်တယ်၊ ကားတစ်ခေါက်ထွက်ရင် ကုန်က နည်းနည်း နဲ့ လမ်းမှာပေးရတဲ့ အခွန်တွေက အရမ်းများတော့ အရင်းမကိုက်ဘူး၊ အဲ့ကြောင့် တချို့ကားသမား တွေက ကားမထွက်တော့ဘဲ နားလိုက်တော့တယ်” ဟု အဆိုပါ လမ်းပိုင်း ကားမောင်းသည့် ကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နမ့်ဖက်ကာ – ကွတ်ခိုင်ကြား ရှု့ခင်းသာတွင် စောင့်နေသည့် KIA တပ်ဖွဲ့သည် ကုန်တင် (၆) ဘီးကား တစ်စီးကို မြန်မာငွေ ၂ သိန်းကျပ် တောင်းယူနေသည့် အကြောင်းလည်း အထက်ပါ ကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ (KIA) စောင့်နေတဲ့ ရှု့ခင်းသာနား မရောက်ခင်မှာ ကျနော့် ကားလာနေတယ်၊ ကားနံပါတ် ဘယ်လောက်၊ ဘယ်လိုကားမျိုးလဲ ဆိုပြီးတော့ သူတို့ကို အရင်ဖုန်းဆက်ပြောရတယ်၊ ဖုန်းဆက်မပြောရင် သူတို့က ပိုတောင်းတယ်၊ ဥပမာ ၂ သိန်းပေးရမယ့်ကားကို ၂ ဆ/၃ ဆ အဲ့လို တိုးတောင်းတာရှိတယ်၊ ၆ ဘီးကို ၁ သိန်းခွဲကနေ ၂ သိန်းထိ တောင်းတယ်”ဟု အထက်ပါ ကားသမားက ပြောသည်။

ထို့အပြင် အဆိုပါ လမ်းပိုင်းတစ်လျှောက်ရှိ TNLA တပ်ဖွဲ့ကလည်း ကုန်တင်ကားတစ်စီးကို ၅ သောင်းကျပ် မှ စတင်ကာ ၃ သိန်း အထိ ဆက်ကြေး ကောက်ယူတောင်းခံမှုများရှိနေကြောင်းလည်း ကားသမားများက ပြောဆိုနေကြသည်။

ထို့အပြင် မြို့ဝင်၊ မြို့ထွက် နေရာများ နှင့် စစ်ကောင်စီ စစ်ဆေးရေး ဂိတ်ရှိသည့် နေရာများမှာလည်း ထပ်မံပိုက်ဆံ ပေးဆောင်ရသည့်အတွက် ကားသမားများသည် ကုန်ပေါက်များနေပြီး အမြတ်မကျန်သဖြင့် ကားများ ရပ်နားရကြောင်း သိရသည်။

“တချို့က ကားမထွက်နိုင်တော့လို့ ကားကို ရပ်လိုက်ပြီး ကြုံရာ အလုပ်နဲ့ မိသားစုဝန်ကို ဖြေရှင်းနေတာရှိတယ်၊ တချို့ကလည်း လုံးဝ အလုပ်လက်မဲ့ဖြစ်ပြီး မိသားစုကိုပဲ ပြန်မှီခိုရတာမျိုးတွေ ရှိတယ်၊ တော်တော်များများ ခက်ခဲကြတယ်၊ လက်နက်ကိုင်တပ်ဖွဲ့တွေကိုပြောချင်တာက မကောက်နဲ့ မဟုတ်ဘူး၊ ဒါပေမဲ့ ကားသမားတွေကိုလည်း ငဲ့ညှာပြီး အများကြီး မကောက်ဖို့ တောင်းဆိုချင်တယ်” ဟု မူဆယ် – မန္တလေး ကားမောင်းသည့် အသက် ၄၀ ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကားမောင်း ရပ်နားရသည့် ကားသမားများ တချို့သည် အလုပ်လက်မဲ့ဖြစ်ပြီး အခက်အခဲ ရင်ဆိုင် ကြုံတွေ့နေရသည့် အတွက် ကားသမားများ ကားပြန်ထွက်နိုင်ရန် လက်နက်ကိုင် တပ်ဖွဲ့များ အခွန်ကောက်ယူမှု လျှော့ပေါ့စေလိုကြောင်း ကားသမားများက တောင်းဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သိန္နီနှင့် ကွတ်ခိုင်တွင် မီးပြန်ရသော်လည်း မီတာတစ်ယူနစ် ၄၀၀ ကျပ် ပေးရမည်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) ထိန်းချုပ်ထားသည့် သျှမ်းပြည်မြောက်ပိုင်း သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များတွင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ လျှပ်စစ်မီးများ ပြန်လည်ရရှိနေပြီဖြစ်သော်လည်း အိမ်သုံးမီတာခ တစ်ယူနစ်လျှင် ၄၀၀ ကျပ်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “၁၀၂၇ စစ်ဆင်ရေး” ကာလအတွင်းမှစတင်ကာ သုံးနှစ်နီးပါးကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည့် အဆိုပါဒေသများတွင် ယခုအခါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...