Tuesday, January 27, 2026

လဲချားမြို့ အမျိုးသမီးငယ်တစ်ဦး ပြန်ပေးဆွဲခံရ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့ ရပ်ကွက် (၅) ဟိုရင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦး ပြန်ပေးဆွဲခံနေရကြောင်း စုံစမ်းသိရှိရသည်။

နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၁၅ ရက်) မနက် ၈ နာရီ အချိန်မှစပြီး ၎င်း အမျိုးသမီးငယ်တစ်ဦး နေထိုင်သည့် ဟိုရင်ရွာ နေအိမ်အနီးရှိ ဟိုနောင်လုံကန်တွင် အမျိုးသား (၂) ဦး နှင့် အမျိုးသမီး (၁) ဦးတို့သည် သူမကို Surf (ခဲရောင်) ကားအမျိုးအစားဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ပြန်ပေးဆွဲခံရသည့် မိန်းကလေး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ မနက်အစောပိုင်းတုန်းက နေအိမ် အနီးနားမှာ ကားနဲ့ လာခေါ်သွားတာ။ ထမင်းစားနေရင်း တန်းလန်းထပြီး သူကလိုက်သွားတယ်လို့ ပြောတယ်။ လာခေါ်သွားတာတော့ အမျိုးသား (၂) ယောက်နဲ့ အမျိုးသမီး ၁ ယောက် ပါတယ်။ ကားပေါ်ကို တက်တက်ချင်း ဖုန်းပိတ်လိုက်တယ်လို့ အဲ့ အနီးနားက တွေ့တဲ့သူတွေ ပြန်ပြောပြတယ်။ သူလည်း ဖုန်းနဲ့ မှတ်ပုံတင် နှစ်ခုဘဲ ယူသွားတာ။ ဘာအဝတ်အထည်၊ ပစ္စည်းမှ ယူမသွားဘူး “ ဟု ၎င်းက ပြောသည်။

နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ

အဆိုပါ ပြန်ပေးဆွဲခံရသည့် အမျိုးသမီးတစ်ဦးသည် အသက် ၁၈ နှစ်ပြည့် နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ ဖြစ်ကြောင်းလည်း သိရသည်။

ထို ပြန်ပေးဆွဲ သွားပြီးနောက် ယနေ့ (မတ်လ ၁၆ ရက်) နံနက်အစောပိုင်းမှာ အသက် (၅၀) အရွယ်ခန့် အမျိုးသားတစ်ဦးသည် နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံကို ခေါ်ဆောင်ထားကြောင်းသိရသည်။

“ဒီနေ့ အစောပိုင်းက အမျိုးသားတစ်ယောက် ဖုန်းဆက်လာတယ်။ လေသံကတော့ အသက် (၅၀) အရွယ်လောက်ရှိမယ်လို့ ခန့်မှန်းလို့ ရတယ်။ “ဒီကလေးမနဲ့ ဘာတော်လဲ။ ဒီကလေးကို ငါခေါ်ထားတယ်၊ လိုချင်လား ” လို့ မေးလာတယ်။ ကျမလည်း ပြန်လိုချင်တာပေါ့ပြောတော့ “ အဲ့ဆိုနေရာချိန်းမယ်၊ နင်တို့လာခေါ်လိုက် “ဆိုပြီးပြောတယ်။ အဲ့ဆို ဒီကလေး နဲ့ စကား (တစ်ခွန်း၊ နှစ်ခွန်း) ပြောလို့ရလားဆိုတော့ ကျမတို့ကို ပြန်ဆဲဆိုပြီး “ငါသတင်းပို့တာတောင်မှ ကျေးဇူးတင်ရအုံးမယ် “ ပြောပြီး ဖုန်းချသွားတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဖုန်းဆက်ပြောဆိုလာသူသည် ရိုင်းစိုင်းစွာ သုံးနှုန်းပြီး ပြောဆိုခဲ့သည်။

နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ

လက်ရှိမှာ နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံကို အမျိုးသားတစ်ဦးက ပြန်ပေးဆွဲထားကြောင်း သိရှိရထားပြီး ၎င်း၏ မိသားစုဝင်များကလည်း အသက် အန္တရာယ်အတွက် စိုးရိမ်နေရကြောင်း သိရသည်။

ထို့အပြင် နန်းထက်ထက် (ခ) နန်းယွတ်နွံ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်း နှင့် ပြည်နယ် ရဲတပ်ဖွဲ့များ အပြင် လက်နက်ကိုင် တပ်ဖွဲ့များကိုလည်း တိုင်ကြားထားကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသည့် အသက် (၁၈) နှစ်ပြည့် နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံသည် အထက်တန်းကျောင်း ပြီးဆုံးခဲ့သူ ဖြစ်သလို တရုတ်ဘာသာစကားကိုလည်း ကျွမ်းကျင်တတ်မြောက်ထားသူဖြစ်ပြီး ပြန်ပေးဆွဲခြင်းသည် အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင် ရှာဖွေရာကနေ ပြန်ပေးဆွဲခြင်း ခံခဲ့ရကြောင်း ၎င်း၏ မိသားစုဝင် က ယူဆထားကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သျှမ်းပြည်တွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာရာ လူငယ်များသည် အွန်လိုင်းပေါ်မှ တစ်ဆင့် အလုပ်ရှာဖွေခြင်းမှ “ ဝ “ ဒေသဖြစ်သည့် လောက်ကိုင်၊ ပန်ဆန်း စသည့်မြို့ကြီးများမှာ လူကုန်ကူးမှုခံရခြင်း အများအပြားရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...