လဲချားမြို့ အမျိုးသမီးငယ်တစ်ဦး ပြန်ပေးဆွဲခံရ

သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့ ရပ်ကွက် (၅) ဟိုရင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦး ပြန်ပေးဆွဲခံနေရကြောင်း စုံစမ်းသိရှိရသည်။

နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ

ဖြစ်စဉ်မှာ ယမန်နေ့ (မတ်လ ၁၅ ရက်) မနက် ၈ နာရီ အချိန်မှစပြီး ၎င်း အမျိုးသမီးငယ်တစ်ဦး နေထိုင်သည့် ဟိုရင်ရွာ နေအိမ်အနီးရှိ ဟိုနောင်လုံကန်တွင် အမျိုးသား (၂) ဦး နှင့် အမျိုးသမီး (၁) ဦးတို့သည် သူမကို Surf (ခဲရောင်) ကားအမျိုးအစားဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ပြန်ပေးဆွဲခံရသည့် မိန်းကလေး၏ မိသားစုဝင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့ မနက်အစောပိုင်းတုန်းက နေအိမ် အနီးနားမှာ ကားနဲ့ လာခေါ်သွားတာ။ ထမင်းစားနေရင်း တန်းလန်းထပြီး သူကလိုက်သွားတယ်လို့ ပြောတယ်။ လာခေါ်သွားတာတော့ အမျိုးသား (၂) ယောက်နဲ့ အမျိုးသမီး ၁ ယောက် ပါတယ်။ ကားပေါ်ကို တက်တက်ချင်း ဖုန်းပိတ်လိုက်တယ်လို့ အဲ့ အနီးနားက တွေ့တဲ့သူတွေ ပြန်ပြောပြတယ်။ သူလည်း ဖုန်းနဲ့ မှတ်ပုံတင် နှစ်ခုဘဲ ယူသွားတာ။ ဘာအဝတ်အထည်၊ ပစ္စည်းမှ ယူမသွားဘူး “ ဟု ၎င်းက ပြောသည်။

နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ

အဆိုပါ ပြန်ပေးဆွဲခံရသည့် အမျိုးသမီးတစ်ဦးသည် အသက် ၁၈ နှစ်ပြည့် နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ ဖြစ်ကြောင်းလည်း သိရသည်။

ထို ပြန်ပေးဆွဲ သွားပြီးနောက် ယနေ့ (မတ်လ ၁၆ ရက်) နံနက်အစောပိုင်းမှာ အသက် (၅၀) အရွယ်ခန့် အမျိုးသားတစ်ဦးသည် နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံကို ခေါ်ဆောင်ထားကြောင်းသိရသည်။

“ဒီနေ့ အစောပိုင်းက အမျိုးသားတစ်ယောက် ဖုန်းဆက်လာတယ်။ လေသံကတော့ အသက် (၅၀) အရွယ်လောက်ရှိမယ်လို့ ခန့်မှန်းလို့ ရတယ်။ “ဒီကလေးမနဲ့ ဘာတော်လဲ။ ဒီကလေးကို ငါခေါ်ထားတယ်၊ လိုချင်လား ” လို့ မေးလာတယ်။ ကျမလည်း ပြန်လိုချင်တာပေါ့ပြောတော့ “ အဲ့ဆိုနေရာချိန်းမယ်၊ နင်တို့လာခေါ်လိုက် “ဆိုပြီးပြောတယ်။ အဲ့ဆို ဒီကလေး နဲ့ စကား (တစ်ခွန်း၊ နှစ်ခွန်း) ပြောလို့ရလားဆိုတော့ ကျမတို့ကို ပြန်ဆဲဆိုပြီး “ငါသတင်းပို့တာတောင်မှ ကျေးဇူးတင်ရအုံးမယ် “ ပြောပြီး ဖုန်းချသွားတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဖုန်းဆက်ပြောဆိုလာသူသည် ရိုင်းစိုင်းစွာ သုံးနှုန်းပြီး ပြောဆိုခဲ့သည်။

နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံ

လက်ရှိမှာ နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံကို အမျိုးသားတစ်ဦးက ပြန်ပေးဆွဲထားကြောင်း သိရှိရထားပြီး ၎င်း၏ မိသားစုဝင်များကလည်း အသက် အန္တရာယ်အတွက် စိုးရိမ်နေရကြောင်း သိရသည်။

ထို့အပြင် နန်းထက်ထက် (ခ) နန်းယွတ်နွံ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်း နှင့် ပြည်နယ် ရဲတပ်ဖွဲ့များ အပြင် လက်နက်ကိုင် တပ်ဖွဲ့များကိုလည်း တိုင်ကြားထားကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသည့် အသက် (၁၈) နှစ်ပြည့် နန်းထက်ထက်ဝင်း (ခ) နန်းယွတ်နွံသည် အထက်တန်းကျောင်း ပြီးဆုံးခဲ့သူ ဖြစ်သလို တရုတ်ဘာသာစကားကိုလည်း ကျွမ်းကျင်တတ်မြောက်ထားသူဖြစ်ပြီး ပြန်ပေးဆွဲခြင်းသည် အွန်လိုင်းမှတစ်ဆင့် အလုပ်အကိုင် ရှာဖွေရာကနေ ပြန်ပေးဆွဲခြင်း ခံခဲ့ရကြောင်း ၎င်း၏ မိသားစုဝင် က ယူဆထားကြသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် သျှမ်းပြည်တွင် အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာရာ လူငယ်များသည် အွန်လိုင်းပေါ်မှ တစ်ဆင့် အလုပ်ရှာဖွေခြင်းမှ “ ဝ “ ဒေသဖြစ်သည့် လောက်ကိုင်၊ ပန်ဆန်း စသည့်မြို့ကြီးများမှာ လူကုန်ကူးမှုခံရခြင်း အများအပြားရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...