နယ်စပ်လုံခြုံရေးအတွက် ပအိုဝ်းလူငယ်များ ပူးပေါင်းတိုက်ပွဲ ပါဝင်ပေးရန် PNA ပြောဆို

သျှမ်း – ကယားပြည် နယ်စပ်လုံခြုံရေးအတွက် ပအိုဝ်းတိုင်းရင်းသားလူငယ်များ တတူတကွ ပူးပေါင်းတိုက်ပွဲ ပါဝင်ပေးရန် ပအိုဝ်းအမျိုးသားတပ်မတော် (PNO/PNA) က ပြောဆိုလိုက်ကြောင်း ယမန်နေ့ (မတ်လ ၇ ရက်) ထုတ်ပြန်ချက်အရ သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယဂ ဦးအောင်ခမ်းထီ နှင့်တွေ့ဆုံစဥ်

နယ်စပ်တိုက်ပွဲကြောင့် ပင်လောင်းမြို့နယ် တောင်မဲသင်း၊ တောင်စလုံး၊ မြောက်စလုံး၊ နမ့်နိမ့်၊ လုံးပျဉ်၊ ပင်ပုံ စသည့် ကျေးရွာ ဒေသခံ (၅,၀၀၀) ကျော် အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ရကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ဒေသကို ကာကွယ် တားဆီးဖို့ရန် ပအိုဝ်းဒေသအတွင်း မြို့နယ်အလိုက်၊ ကျေးရွာအလိုက် ပအိုဝ်းတိုင်းရင်းသားလူငယ်များ အနေဖြင့် အမျိုးသားရေး တာဝန်ကို ဝင်ရောက်ထမ်းဆောင်ပေးရန် နှိုးဆော်လိုက်ကြောင်း သိရသည်။

“ သူတို့က ငါတို့ PNO/PNA နယ်မြေမှာ အေးချမ်းချင်တယ်၊ ကျန်တာ ဘာပဲဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုတဲ့ သဘောမျိုး။ သူတို့ငြိမ်းချမ်းရေး ယူပြီးကတည်းက နယ်မြေငြိမ်းချမ်းတယ်။ အခု နိုင်ငံရေး မတည်ငြိမ်တော့မှ PDF တွေ ပေါ်ပေါက်လာလို့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီး ချေမှုန်းချင်တာ။ သူတို့က ပြည်သူတွေ အတွက် အသက်ပေးလှူခဲ့ရတယ်။ အခုက လူမလောက်လို့ သူတို့တပ်ထဲကို ဝင်ခိုင်းတာ“ ဟု အသက် ၂၀ နှစ်အရွယ် ခွန်ကျော်အောင် (အမည်လွှဲ) ပအိုဝ်းတိုင်းရင်းသား လူငယ်တစ်ဦးက ပြောသည်။

နယ်စပ်ဒေသတွင် နှစ်ဖက် အပြန်အလှန် တိုက်ပွဲကြောင့် ပြည်သူပိုင် အိုးအိမ်များ၊ ဘုရားကျောင်းကန်များမှာလည်း အထိအခိုက်များစွာ ရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှ ပအိုဝ်းအမျိုးသားတပ်မတော် ( PNO/PNA ) ဗိုလ်မှူး ဆိုင်းကြွယ်ကို ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိခဲ့ပေ။

ဆက်လက်ပြီး “အရင်တုန်းက ဗိုလ်ကြီးသိန်းဖေ ပြောဖူးတယ်။ စစ်တပ် နဲ့ ငြိမ်းချမ်းရေး ယူပြီးရင် စစ်တပ်က ငါ့ကိုလူမျိုးကို ကူညီမယ်တဲ့။ အခုတော့ စစ်တပ်က ငါ့တို့ဆီမှာ အကူညီ လာတောင်းနေရတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် ၁၉၉၁ ခုနှစ်တွင် အမျိုးသားတပ်မတော် PNO/PNA သည် စစ်ကောင်စီ နှင့် ငြိမ်းချမ်းရေး ရယူခဲ့ပြီး ဆီဆိုင်မြို့နယ်၊ ပင်လောင်းမြို့နယ် နှင့် ဟိုပုံးမြို့နယ်တို့ကို အထူးဒေသ ၆ အဖြစ် သတ်မှတ်ပေးကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရခဲ့သည်။

လက်ရှိမှာ ၎င်းမြို့နယ်များတွင် စစ်ကောင်စီ၊ PNO/PNA ပူးပေါင်း နှင့် PDF တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ ထိုဒေသတွင် စစ်ဘေးရှာင် ၅,၀၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ ခက်ခဲနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...