သောက်သုံးရေ ပြဿနာကြောင့် သျှမ်း – ကယား နယ်စပ် ပြည်သူ ၂,၀၀၀ နီးပါး ဝမ်းပျက်၊ ဝမ်းလျှောဖြစ်

သျှမ်း – ကယားပြည် နယ်စပ်တလျောက်တွင် သောက်သုံးရေ ပြဿနာကြောင့် စစ်ရှောင် အပါအဝင် ဒေသခံဦးရေ (၂,၀၀၀) နီးပါး ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ပုံ – (Mobye Rescue Team) ပင်လောင်း စစ်ရှောင်များ ကျန်းမာရေး စစ်ဆေးပေးစဥ်

အဆိုပါ ဝမ်းပျက်၊ ဝမ်းလျှေ ာဦးရေ (၂,၀၀၀) နီးပါးသည် သျှမ်း – ကယားပြည် နယ်စပ်ရှိ ဖယ်ခုံမြို့နယ် အတွင်းရှိ တောထဲ တိမ်းရှောင်နေသည့် စစ်ရှောင်များ နှင့် ကျေးရွာ ၁၅ ရွာမှ ဒေသခံများဖြစ်ကြောင်း Mobye Rescue Team ထံမှ ကျန်းမာရေး ဆရာမ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဝမ်းပျက်၊ ဝမ်းလျှော ဖြစ်ရတဲ့အကြောင်းက သူတို့ စိမ့်စမ်းရေကို သောက်တာ။ အဲ့မှာက ရေရှားတယ်။ ရေကို ကျိုမချက်နိုင်ဘူး။ စစ်ရှောင်ကော၊ မရှောင်တဲ့သူကော အကုန်ဖြစ်နေတယ်။ ရွာက ၁၅ ရွာနဲ့ လူဦးရေ ၂,၀၀၀ နီးပါးက ဝမ်းပျက်၊ ဝမ်းလျှောဖြစ်နေတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါခံစားရသူများကို ၅ ရက်သာ ဆေးဝါးကုသပေးနိုင်ကြောင်း သိရသည်။

လမ်းကြောင်းဆက်သွယ်ရေး နှင့် ထောက်ပံ့ပေးသူ အခက်ခဲ မျိုးမျိုးကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစခန်းတွင် ဆေးဝါးလုံလောက်မှု မရရှိခြင်းကြောင့် အချိန်မှီ ဆေးဝါးကုသမှု မပေးနိုင်သည့် ကလေးငယ်များနှင့် သွေးတိုးရောဂါ ခံစားရသူများမှာ အသက်ဆုံးရှုံးမှု ရာခိုင်နှုန်း ပိုများနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

ပုံ – (Mobye Rescue Team) ပင်လောင်း စစ်ရှောင်များ ကျန်းမာရေး စစ်ဆေးပေးစဥ်

“ ဝမ်းလျှောရင် ၂ နှစ်အောက်ကလေးငယ်အတွက်တော့ စိုးရိမ်ရတယ်။ ဒီညဖြစ်လိုက်တာနဲ့ မနက်ဖြန် သေဆုံးနိုင်တဲ့ အလားအလာ အများကြီးရှိတယ်။ ဝမ်းပျက်၊ ဝမ်းလျှောကတော့ ကျမတို့ ရအောင်လုပ် ပေးနိုင်တယ်။ သွေးတိုးဖြစ်တဲ့သူတွေက ဆေးမသောက်ရရင် သွေးတိုးတက်ပြီး သွေးပေါက်တာ ဉီးနှောက်ထိပြီး သေဆုံးတာရှိတယ်။ ဒီမှာလည်း သွေးတိုးရှိတဲ့သူ ဆေးမသောက်နိုင်တာ အများကြီးရှိတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

ထို့အပြင် လစဉ်ဆေးဝါး ကုသမှု မရှိပါက စစ်ရှောင်များ အပါအဝင် ဒေသခံများ ခံစားရသည့် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါ၊ သွေးတိုးရောဂါ စသည့်ဖြင့် ရောဂါများကို အချိန်မှီ မကုသနိုင်ခြင်းကြောင့် သေဆုံးသွားနိုင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်မှစပြီး ပင်လောင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၊ ပအိုဝ်းပြည်သူ့စစ် PNO နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားမှုကြောင့် ဒေသခံ ၅,၀၀၀ ဝန်းကျင်သည် အိုးအိမ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်ရသည်။

သျှမ်း – ကယားပြည် တလျောက်တွင် စစ်ဘေးရှောင် တသိန်းကျော်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

သဘာဝဘေးဒဏ်ကြောင့် အင်းလေးဒေသ သောက်သုံးရေ ပြဿနာဖြစ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ၂နှစ်ဆက်တိုက် ရေဘေးကြုံတွေ့ ရသောကြောင့် သောက်သုံးရေ ပြဿနာဖြစ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိယပတ်မှစပြီး သျှမ်းတောင်တွင် မိုးများ ရက်ဆက်ရွာသွန်းခဲ့ပြီး တောင်ကြီး၊ ကလော၊ ညောင်ရွှေဘက်မှ ရေများသည် အင်းလေးဒေသထဲသို့ စီးဝင်သောကြောင့် အင်းလေးဒေသမှာ ရေကြီးလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုသို့ ရေကြီးရေလျှံမှုကြောင့်...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...