တာချီလိတ် – မယ်ဆိုင် အမှတ် (၁) ပြန်လည်ဖွင့်လှစ်လာပြီးနောက် အဝင်၊ အထွက်များနေ

မြန်မာ – ထိုင်း နယ်စပ်ဒေသဖြစ်သည့် တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် (၁) တွင် ဖွင့်လှစ်လာပြီးနောက်ပိုင်း အဝင်၊ အထွက် ပြုလုပ်သူများကြောင်း စုံစမ်းသိရှိရသည်။

ပုံ – Credit to owner

ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် နံနက်အစောပိုင်းတွင် တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေးတံတား အမှတ် (၁) ကို မြန်မာ နှင့် ထိုင်း နှစ်ဖက်သဘောတူညီမှု နှင့် ဖွင့်လှစ်နိုင်ခဲ့ပြီး ဖြတ်သန်းသွားလာရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားကြောင်း သက်သေခံ လက်မှတ် ရှိထားရမည်ဖြစ်ကြောင်း သိရသည်။

ကိုဗစ် – ၁၉ ရောဂါကြောင့် (၃) နှစ် ဝန်းကျင် ပိတ်ထားသည့် ချစ်ကြည်ရေးတံတား အမှတ် (၁) ကို ပြန်လည်ဖွင့်လှစ် လာပြီးနောက်ပိုင်း လူဦးရေ ထောင်နှင့်ချီ အဝင်၊ အထွက် ပြုလုပ်နေကြောင်း တာချီလိတ်ဒေသခံ အသက် ၃၀ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တံတားစဖွင့်လိုက်တာနဲ့ စိတ်လှုပ်ရှားပြီး မယ်ဆိုင်ကို သွားလည်ပတ်ချင်တဲ့သူတွေ၊ မြန်မာနိုင်ငံကို ပြန်ဝင်ချင်တဲ့သူကော ကားတွေ ပြည့်ကြပ်နေတယ် “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေး အမှတ် (၁) တံတားကို နံနက်ပိုင်း ၆ နာရီမှ ညနေ ၆ နာရီထိ ဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့အပြင် ချစ်ကြည်ရေး အမှတ် (၁) တံတားကို ပြန်လည်ဖွင့်လှစ်လာနိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကိုတော့ စိုးရိမ်ဖွယ်ရာ ရှိနေသေးကြောင်း တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ ကိုယ့်ကျန်းမာရေး အပေါ်မူတည်ပြီးတော့ ယုံကြည်ရတယ်။ ကိုယ်က ဘာမှမဖြစ်လည်း သူများက ဖြစ်ချင်ဖြစ်မယ်။ ဒါကြောင့် လူများလာရင်တော့ ကိုဗစ်-၁၉ ရောဂါကို သတိထားရတာပေါ့။ လူအများကြားမှာ သွားလာရင်လည်း မတ်တပ်ပြီး သွားကြပေါ့၊ အခုက မသွားရင်လည်း တံတားက ဖွင့်နေပြီလေ “ ဟု တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မြန်မာ – ထိုင်းနယ်စပ် တာချီလိတ် – မယ်ဆိုင် တံတားအမှတ် ၁ ကို ကိုဗစ် – ၁၉ ရောဂါကူးစက်မှုကြောင့် ၃ နှစ်ကြာ ပိတ်လာခဲ့ပြီးနောက် ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...