တာချီလိတ်တွင် စည်းကမ်းမဲ့ ယာဥ်မောင်းမှုကြောင့် ယာဉ်တိုက်မှု မကြာခဏဖြစ်

မြန်မာ – ထိုင်း နယ်စပ်ဒေသဖြစ်သည့် သျှမ်းပြည် တာချီလိတ်မြို့တွင် စည်းကမ်းမဲ့ ယာဥ်မောင်းမှုကြောင့် ယာဉ်တိုက်မှု မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။

ပုံစာ-တာချီလိတ် ယာဥ်တိုက်မှု (ဦးလှမိုး ပရဟိတ)

တာချီလိတ်မြို့တွင် ပျော်ပါး မူးယစ်သောက်စားသူ၊ ဆိုင်ကယ် ဦးထုပ် မစောင်းဘဲ စည်းကမ်းမဲ့ ယာဥ်မောင်းမှုကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစပြီး ဖေဖော်ဝါရီ ၁၄ ရက်ထိ လူ (၉) ဦး သေဆုံးပြီး ပျှမ်းမျှ လူ (၅) ဦးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တာချီလိတ်ခရိုင် ယာဉ်ထိန်းရဲ တစ်ဦးက ပြောသည်။

“ အဓိကတော့ ဒီမှာက အေးချမ်းတယ်လေ။ များသောအားဖြင့် နယ်က လူတွေ ဒီကိုလာပြီး အလုပ်လုပ် ချင်ကြတယ်။ အခြေခံ လူတန်းစားက အမျိုးမျိုးပေါ့နော်။ ညနေအလုပ်က ပြန်လာရင်လည်း စိတ်ညစ်စရာတွေ ရှိသလို အားလပ်ရက်တွေလည်းရှိတော့ နည်းနည်းပါးပါး အရက်သောက်ပြီး မူးတဲ့ချိန်မှာ ဖြစ်သွားကြတာပေါ့ ” ဟု တာချီလိတ်ခရိုင် ယာဉ်ထိန်းရဲ ဝန်ထမ်းတစ်ဦးက ပြောသည်။

တာချီလိတ် ယာဥ်တိုက်မှု (ဦးလှမိုး ပရဟိတ )

တာချီလိတ်မြို့မှာ အလုပ်လုပ်ကိုင်ချင်ကြသူတွေ၊ အခြေခံ လူတန်းစားတွေ ပိုမိုလာရောက်နေထိုင်လာသည်နှင့်အမျှ ၎င်းတို့သည် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ကို နားမလည်ကြရာ ဖြစ်သလိုမောင်းနှင်နေသည့်အတွက် ယာဉ်တိုက်မှုမှာလည်း ယခင်နှစ်ထက် မြှင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ဖေဖော်ဝါရီ ၂၀ ရက်တွင် တာချီလိတ်မြို့မှာ ယာဉ်တိုက်မှု နှစ်ကြိမ် ဖြစ်ပွားခဲ့ပြီး အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တာချီလိတ် ဦးလှမိုး ပရဟိတအသင်းမှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ယာဉ် အချင်းချင်းတိုက်တာက ပါလျှံ ၃ မီးပွိုင့်မှာ ဖြစ်တာဗျ။ အန်စာတုံး ကားက မိန်းလမ်းကနေ အရှိန်နဲ့ မောင်းလာတဲ့အချိန် ဖိုးဝီးကားက လက်ဖက်ရည်ဆိုင်လမ်းကြားကနေ ထွက်လာတာ။ အရှိန်က များတဲ့အတွက် တိုက်ကြတာ။ ယာဉ်မောင်း နှစ်ဦး ပွန်းနာ ထိခိုက်ဒဏ်ရာ ရသွားတယ်။ ဒီမနက်အစောပိုင်းက ပျံကျနေထိုင်သူ အမျိုးသားတစ်ဦးကို ဆိုင်ကယ်က တိုက်ပြီးထွက်ပြေးသွားတယ် “ ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

ထို့အပြင် ယာဉ်တိုက်မှု နှင့် ပတ်သက်ပြီး လျှော့နည်းဖို့ရန် ဟောပြောပွဲ၊ လက်ကမ်းစာစောင်၊ ဆိုင်ကယ် ဦးထုပ် ဝေခြင်း နှင့် စသည့် အသိပညာပေး တို့ကို အားဖြည့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ယာဉ်ထိန်းရဲ တစ်ဦးက ပြောသည်။

“ ကျနော်တို့ အနေနဲ့ ပြောချင်တာက ဆိုင်ကယ်မောင်းရင် ဦးထုပ်စောင်းပြီး မေးတိုင်းကြိုး တပ်ပါဗျ။ ကျနော် အနေနဲ့လည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး လက်ကမ်းစာစောင်၊ အသိပညာပေး၊ ဟောပြောပွဲတွေကို ဒီထက် အားစိုက်ပြီး ပြုလုပ်သွားမယ် “ ဟု ၎င်းက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ပြည့်ကာလအတွင်းမှာ သျှမ်းပြည်တွင် တရားဉပဒေ စိုးမိုမှု မရှိတော့သလို စီးပွားရေးမှာလည်း ကျဆင်းလာသည့်အတွက် အေးချမ်းသည့် တာချီလိတ်ကို အလုပ်လုပ်ကိုင်ချင်သူ အခြေခံ လူတန်းများလည်း လာရောက်နေထိုင်ကြသည်။

ထို့ကြောင့် လူနေထူထပ် များပြားလာသည်နှင့်အမျှ ယာဉ်တိုက်မှုမှာလည်း ယခင်နှစ်ထက် မြင့်တက်လာခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် တရုတ်လူမျိုးအပါအဝင် ကျားဖြန့်သမား ၅၆ ဉီး ထပ်မံဖမ်းခံရ

0
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၅ ဦးအပါအဝင် စုစုပေါင်း ၅၆ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေပိုင်းတွင် တာချီလိတ်မြို့ရှိ ဝမ်ကောင်းရပ်ကွက်အတွင်း အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် နေရာကို စစ်ကောင်စီတပ်တို့...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

တာချီလိတ်တွင် စစ်သားအယောင်ဆောင်ကာ လူငယ်များကို ဖမ်းဆီးနေသည့် အဖွဲ့ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် စစ်သားအယောင်ဆောင်ကာ လမ်းပေါ်တွေ့ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်နေသည့် အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးကို ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (ဩဂုတ်လ ၃၀ ရက်) နံနက်အစောပိုင်းတွင် တာချီလိတ်မြို့ ဖန်မင်ကျေးရွာအုပ်စုရှိ မယ်ဟုတ်တံတား၌ ရှောင်တခင်...

တာချီလိတ်-မယ်ဆိုင် တံတားဖြတ်ခ သတ်မှတ်နှုန်းထက်ပိုကောက်နေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဆက်သွယ်ထားသည့် ချစ်ကြည်ရေးအမှတ် (၁) တံတားတွင် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံဘက်သို့ ဖြတ်သန်းရာ၌ သတ်မှတ်ထားသည့် အခကြေးငွေထက် စစ်ကော်မရှင် လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့ (လဝက) က ပိုပေးဆောင်နေရကြောင်း စုံစမ်းသိရသည်။​ လုပ်ထုံးလုပ်နည်းအရ တံတားဖြတ်သန်းမည့် မြန်မာနိုင်ငံသားများအနေဖြင့် UID စမတ်ကတ်၊...