တာချီလိတ် – မယ်ဆိုင် တံတားဖွင့်ပြီ

ထိုင်း – မြန်မာ နယ်စပ် တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ် (၁) ကို ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

တာချီလိတ်- မယ်ဆိုင် အမှတ် (၁) တံတားဖွင့်လှစ်

အဆိုပါ တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ် (၁) ကို ဖြတ်သန်းသွားလာရန်အတွက် ကိုဗစ် – ၁၉ ကာကွယ်ဆေး ထိုးထားကြောင်း သက်သေခံ လက်မှတ် ရှိထားရမည်ဖြစ်ကြောင်း သိရသည်။

“ သွားချင်တဲ့ သူတွေကတော့ တန်းစီနေကြတယ်။ အများကြီး တန်းစီပြီး စောင့်နေကြတယ်။ မယ်ဆိုင်ဘက်ကို သွားမဲ့သူတွေပါ။ တံတားကို ဖြတ်သွားဖို့က ကိုဗစ် ကာကွယ်ဆေးထိုးထားတဲ့ သက်သေခံ လက်မှတ်ရှိ ထားရမယ်တဲ့။ အဲ့ဒါ မရှိထားရင်တေ့ာ သူတို့ကလည်း မပေးဝင်ဘူး” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးက ပြောသည်။

အဆိုပါ တာချီလိတ် – မယ်ဆိုင် တံတားအမှတ် ၁ ကို မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုအပြင် ယခင်က တံတား မပိတ်ခင်အထိ အဝင်ထွက် ပြောင်းလဲခြင်း မရှိကြောင်း တာချီလိတ် ခရိုင်၊ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်စိုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကန့်သတ်မှုတွေက မရှိပါဘူး။ ဟိုအရင်က မပိတ်ခင်တုန်းက အတိုင်းပါပဲ။ ကားတွေဆိုရင်လည်း မှတ်ပုံတင်ထားတဲ့ ကားဆိုရင်တော့ သွားလာလို့ရတယ်။ ကညန နားမှာ မှတ်ပုံတင်ထားတဲ့ ကားတွေဆိုရင်တော့ ပုံမှန်သွားလာလို့ရတယ်” ဟု ဦးတင်စိုးက ပြောသည်။

မြန်မာ – ထိုင်း နယ်စပ် တာချီလိတ် – မယ်ဆိုင် တံတားအမှတ် ၁ ကို ၃ နှစ်ကြာ ပိတ်လာခဲ့ပြီးနောက် ယနေ့ မနက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်တွင် စုဝေးနေထိုင်သည့် လူငယ် ၁၁ ဦးကို ဖမ်းဆီး၊ တရားမဝင် မြန်မာနိုင်ငံသား ၃ ဦး ပါဝင်

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်အတွင်း ညဉ့်နက်သန်းခေါင် စုဝေးပြီး လမ်းပေါ်တွင် ဆိုင်ကယ်ပြိုင်မောင်းရန် ပြင်ဆင်နေသည့် လူငယ်တစ်စုကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား လူငယ် ၃ ဦး အပါအဝင် စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ပြီးခဲ့သည့် ဇွန်လ...

သျှမ်းပြည်ကျားဖြန့်များ မြေရှားတွင်းများတွင် အဓမ္မခိုင်းစေခံနေရဟု SHRF ဆို

0
သျှမ်းပြည်အရှေ့ပိုင်းရှိ တရုတ်မြေရှားသတ္တုတွင်းများတွင် လူကုန်ကူးခံထားရသည့် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) မှ မြန်မာအလုပ်သမားများကို ကျွန်အဖြစ် အဓမ္မခိုင်းစေနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က မေလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုင်း-မြန်မာနယ်စပ်အနီး မိုင်းဆတ်မြို့နယ်တောင်ပိုင်းရှိ တရုတ်ကုမ္ပဏီတစ်ခု လုပ်ကိုင်နေသော မြေရှားသတ္တုတွင်းများကို တာချီလိတ်မြို့မှ လူကုန်ကူးခံရသည့် မြန်မာအလုပ်သမားများကို အဓမ္မခိုင်းစေနေခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...