Wednesday, January 28, 2026

တာချီလိတ် – မယ်ဆိုင် တံတားဖွင့်ပြီ

ထိုင်း – မြန်မာ နယ်စပ် တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ် (၁) ကို ယနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်ပိုင်းက ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

တာချီလိတ်- မယ်ဆိုင် အမှတ် (၁) တံတားဖွင့်လှစ်

အဆိုပါ တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ် (၁) ကို ဖြတ်သန်းသွားလာရန်အတွက် ကိုဗစ် – ၁၉ ကာကွယ်ဆေး ထိုးထားကြောင်း သက်သေခံ လက်မှတ် ရှိထားရမည်ဖြစ်ကြောင်း သိရသည်။

“ သွားချင်တဲ့ သူတွေကတော့ တန်းစီနေကြတယ်။ အများကြီး တန်းစီပြီး စောင့်နေကြတယ်။ မယ်ဆိုင်ဘက်ကို သွားမဲ့သူတွေပါ။ တံတားကို ဖြတ်သွားဖို့က ကိုဗစ် ကာကွယ်ဆေးထိုးထားတဲ့ သက်သေခံ လက်မှတ်ရှိ ထားရမယ်တဲ့။ အဲ့ဒါ မရှိထားရင်တေ့ာ သူတို့ကလည်း မပေးဝင်ဘူး” ဟု တာချီလိတ်မြို့ ဒေသခံ အမျိုးသမီးက ပြောသည်။

အဆိုပါ တာချီလိတ် – မယ်ဆိုင် တံတားအမှတ် ၁ ကို မနက် ၆ နာရီမှ ညနေ ၆ နာရီ အထိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုအပြင် ယခင်က တံတား မပိတ်ခင်အထိ အဝင်ထွက် ပြောင်းလဲခြင်း မရှိကြောင်း တာချီလိတ် ခရိုင်၊ ပို့ဆောင်ရေး စီမံကိန်း ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်စိုးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကန့်သတ်မှုတွေက မရှိပါဘူး။ ဟိုအရင်က မပိတ်ခင်တုန်းက အတိုင်းပါပဲ။ ကားတွေဆိုရင်လည်း မှတ်ပုံတင်ထားတဲ့ ကားဆိုရင်တော့ သွားလာလို့ရတယ်။ ကညန နားမှာ မှတ်ပုံတင်ထားတဲ့ ကားတွေဆိုရင်တော့ ပုံမှန်သွားလာလို့ရတယ်” ဟု ဦးတင်စိုးက ပြောသည်။

မြန်မာ – ထိုင်း နယ်စပ် တာချီလိတ် – မယ်ဆိုင် တံတားအမှတ် ၁ ကို ၃ နှစ်ကြာ ပိတ်လာခဲ့ပြီးနောက် ယနေ့ မနက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...