ကျောက်မဲ အမျိုးသမီး ၂ ဦး ဓားခုတ်ခံရ

သျှမ်းပြည် ကျောက်မဲခရိုင် ကျောက်မဲမြို့ ရပ်ကွက် ၁ တွင် အမျိုးသမီး ၂ ဦး ဓားခုတ်ခံရပြီး ထိခိုက်ဒဏ်ရာ ရရှိသဖြင့် ကျောက်မဲ ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်လိုက်ရကြောင်း စုံစမ်း သိရှိရသည်။

ထိခိုက်ဒဏ်ရာ ရရှိသူ

ယနေ့ (ဖေဖော်ဝါရီ ၁၅) ရက် နံနက် ၈ နာရီခွဲတွင် ကျောက်မဲမြို့ ရပ်ကွက် ၁ အုတ်ကျင်းတွင် အသက် ၄၀ နှစ် ဝန်းကျင် အမျိုးသမီး ၂ ဦး ဓားခုတ်ခံရပြီး လက်ကောက်ဝတ် ပြတ်သွားရာ ကျန် ၁ ဦးသည် ဦးခေါင်းပေါ်မှ ဓားခုတ်ထားဒဏ်ရာ နှစ်ချက်ရထားကြောင်း 5 STARS-KME လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနက်က ကျနော်တို့ ဖုန်းဆက် အကြောင်းကြားလာပြီး သွားကူညီခဲ့ရတာဗျ။ ဓားခုတ်ခံရတဲ့ အမျိုးသမီး ၂ ယောက်က အသက် ၄၀ နှစ် ဝန်းကျင်လောက်တော့ရှိတယ်။ သူတို့က ဘယ်က အပြန် ဓားခုတ်ခံရလည်းဆိုတာကော၊ ဘယ်သူက ခုတ်တာလဲဆိုတာကော မသိရဘူး “ ဟု ၎င်း တာဝန်ခံက ပြောသည်။

ဓားခုတ်ခံရမှုကြောင့် အမျိုးသမီးတစ်ဦးသည် လက်ကောက်ဝတ် တစ်ဖက်ပြတ်သွားကြောင်း ကျန်အမျိုးသမီးတစ်ဦးသည် ဦးခေါင်းပေါ်၌ ဓားခုတ်ထားသည့် ဒဏ်ရာ ၂ ချက်ဖြင့် သွေးထွက်လွန်ကာ ၎င်းတို့ကို ကျောက်မဲဆေးရုံမှ တစ်ဆင့် မန္တလေး ပြည်သူ့ဆေးရုံကြီးကို အရေးပေါ်ပို့ဆောင်ထားကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး ၂ ဦး ဓားခုတ်ခံရမှု နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှ အသေးစိတ် စုံစမ်းနေဆဲဖြစ်သည်။

ထို့အပြင် ကျောက်မဲမြို့တွင် လောင်းကစားဝိုင်း ပေါများသောကြောင့် လောင်းကစားဝိုင်းမှ တစ်ဆင့် သူခိုး၊ ဓားပြများသည် ဒေသခံများထံ နေ့စဉ်နီးပါး ခိုးဆိုးလုယက် ပြုလုပ်နေကြောင်း သိရသည်။

ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၉ ရက်) လားရှိုးမြို့နယ် ဆင်တောင်သစ်ခွကျောင်း အဝင်လမ်းတွင် အသက် ၄၀ နှစ် အမျိုးသားတစ်ဦး ဓားပြတိုက်ခံရပြီး ဦးခေါင်း ဓားခုတ်ထားသည့် ဒဏ်ရာ ၃ ချက်နှင့် လက်ဖျံရိုးကျိုး၊ ဝမ်းဗိုက်ဓားပြရှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...