လားရှိုးတွင် လောင်းကစားဝိုင်း ဖွင့်လှစ်ထားသည့် နေရာ (၅) နေရာထက်မနည်းရှိ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့တွင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသည့် နေရာ (၅) နေရာ ထက်မနည်း ပိုမိုဖွင့်လှစ်လာကြောင်း သတင်းရရှိသည်။

လားရှိုးမြို့ရှိ လောင်းကစားရုံ တစ်နေရာ

စစ်တပ်က အာဏာသိမ်းပြီး ၂ နှစ်ပြည့် ကာလအတွင်း လားရှိုးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးရာထူး အဆင့်ရှိ ဗိုလ်ကြီးများ နှင့် ပြည်သူ့စစ်များ ပူးပေါင်းပြီး လောင်းကစားဝိုင်းများကို အဆမတန် ပိုမိုဖွင့်လှစ်လာရာ လက်ရှိမှာ (၅) နေရာထက် မနည်းရှိနေပြီ ဖြစ်ကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လားရှိုးမြို့နယ် ရပ်ကွက် (၅)၊ (၆)၊ (၇) အပါအဝင် ဝမ်နား၊ မယ်ဟန်၊ ဟတ်ကာနှင့် ဟိုပိတ်ကျေးရွာတွင် ပေါ်ပေါ်ထင်ထင် လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားကြောင်း တချို့နေရာများတွင် လျှို့ဝှက်ပြီး ဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။

“လောင်းကစားဝိုင်းက အရမ်းများတယ် (၅) နေရာလောက်ရှိတယ်။ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့စစ်တို့က ပူးပေါင်းပြီး လွှတ်လွှတ်လပ်လပ် ဖွင့်လှစ်ထားတာပါ။ သွားဆော့တဲ့သူက စုံပါတယ် ကလေး၊ လူကြီး၊ အမျိုးသမီး၊ တချို့က ကလေးငယ်တွေချီပြီး သွားဆော့ကြသေးတယ် “ ဟု ၎င်းက ပြောသည်။

လောင်းကစားဝိုင်းထဲတွင် လေးကောင်ဂျင်၊ ကုံးကင်း၊ တရုတ်ဖဲ စသည့်ဖြင့် လူကြိုက်များသည့် လောင်းကစားဝိုင်းများကို ထည့်သွင်းထားကြောင်း သိရသည်။

အဆိုပါ လောင်းကစားဝိုင်းများ ပေါများလာခြင်းကြောင့် ဒေသခံများသည် ခိုးဆိုးလုယက် ဒုစရိုက်များလည်း ယခင်ကထက် များစွာပေါများလာသည်။

လားရှိုးမြို့ရှိ လောင်းကစားရုံ တစ်နေရာ

“ယမန်နေ့ညက ကျောင်းဝန်းထဲမှာ ဆိုင်ကယ် ၃ စီး ထပ်မံ ခိုးခံရတယ်။ ကျောင်းဝန်းထဲကို ဝင်ခိုးသွားတာဗျ။ ပစ္စည်းတွေ ခိုးခံရတာတော့ ခဏခဏပါပဲ။ လုံခြုံစိတ်ချလည်း မရှိတော့ဘူး။ လောင်းကစားဝိုင်းလည်း ပေါတော့ သူခိုး၊ ဓားပြလည်း ပေါတယ် “ ဟု ၎င်းက ထပ်လောင်းပြောသည်။

လောင်းကစားဝိုင်းကို စစ်ကောင်စီ လက်အောက်ခံ ဗိုလ်ကြီးရာထူးအဆင့်ရှိ ဗိုလ်ကြီးနေမင်း၊ ဗိုလ်ကျသည့် ဦးမောင်ကြီး၊ စီးပွားရေး လုပ်ငန်းရှင်တချို့များ နှင့် မန့်နားပြည်သူ့စစ်တို့က ပူးပေါင်းပြီး ဖွင့်လှစ်ထားကြောင်း သိရသည်။

ထို လောင်းကစားဝိုင်းများကြောင့် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၉ ရက်) တွင် အသက် ၄၀ နှစ် အမျိုးသားတစ်ဦး လားရှိုးမြို့နယ် ဆင်တောင်သစ်ခွကျောင်း အဝင်လမ်းတွင် ဓားပြတိုက်ခံရပြီး ဦးခေါင်း ဓားခုတ်ဒဏ်ရာ ၃ ချက်၊ လက်ဖျံရိုးကျိုးပြီး ဝမ်းဗိုက်တွင် ဓားပြတ်ရှ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...
Lawksawk_Gambling

ရပ်စောက်မြို့နယ် ကျိုင်းခမ်း ရှင်လောင်းပွဲတွင် စစ်တပ်ဗိုလ်မှူး လောင်းကစားဝိုင်းဖွင့် ကိုယ်ကျိုးရှာ

0
သျှမ်းပြည် ရပ်စောက်မြို့နယ် ကျိုင်းခမ်းကျေးရွာအုပ်စုတွင် ဒေသခံများ ကျင်းပပြုလုပ်သည့် ရှင်လောင်းပွဲ၌ စစ်ကော်မရှင်တပ်မှ ဗိုလ်မှူး ဦးဆောင်ပြီး လောင်းကစားဝိုင်း ဖွင့်လှစ်နေကြောင်း စုံစမ်းသိရသည်။ မတ်လ ဒုတိယပတ်မှ စတင်ပြီး ရပ်စောက်မြို့နယ် ကျိုင်းခမ်းအခြေစိုက် စစ်ကော်မရှင်တပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၅၁၀ မှ ဗိုလ်မှူးဗညား ဆိုသူသည် လောင်းကစားဝိုင်းများကို ငွေကြေးကောက်ခံပြီး...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...