မဟာဒေဝီ စဝ်ဆုစန္ဒီ ကွယ်လွန်အနိစ္စ ဝမ်းနည်းအောက်မေ့ဖွယ် ဆွမ်းကပ်အလှူပြုလုပ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်းနိုင်ငံရောက် သျှမ်းလူထုများက မဟာဒေဝီ စဝ်ဆုစန္နီ ကွယ်လွန်အနိစ္စ ဝမ်းနည်းအောက်မေ့ဖွယ် ဆွမ်းကပ် အလှူပြုလုပ်ခဲ့ကြသည်။

ဝမ်းနည်းအောက်မေ့ဖွယ် ဆွမ်းကပ် အလှူပြုလုပ်ပုံ

ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) ရက် နံနက်ပိုင်း ၉ နာရီမှစပြီး နေ့လည် ၁၂ နာရီအထိ သျှမ်းလူထုများအပါအဝင် ဆွေမျိုးများနှင့် နီးစပ်သူများအားလုံး လူဦးရေ ၁၀၀ ကျော်သည် မဟာဒေဝီ စဝ်ဆုစန္နီ ကွယ်လွန်အနိစ္စ ဝမ်းနည်း အောက်မေ့ဖွယ်ကြောင်းကို ဆွမ်းကပ် လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

“ စဝ်မေ (မဟာဒေဝီ) က ကျမတို့ သျှမ်းပြည်တိုင်းရင်းသား အပါအဝင် သျှမ်းလူမျိုးများအတွက် ကိုယ်ကျိုးစွန့်ပြီး လှုပ်ရှား ကူညီထောက်ပံ့ပေးတာ အံ့မခန်းပါ။ ဒါတွေကို ကျနော်၊ ကျမ တို့က ကြိုးစား လက်ဆင့်ကမ်း တာဝန်ထမ်းယူပြီး ရှေ့ဆက် သျှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားမယ် “ ဟု ပွဲစီစဉ်သူ နန်းစံတောင်းက ပြောသည်။

ဒီနေ့ ပြုလုပ်ခဲ့သည့် အထိမ်းမှတ်ဟာ အဓိက မဟာဒေဝီအတွက် ရည်စူးပြီး အလှူအတန်းများ ပြုလုပ်ပေးခဲ့ပြီး မဟာဒေဝီ ရဲ့ ဘဝ သမိုင်းအကြောင်းတွေကို ဓာတ်ပုံနှင့် တကွ လာရောက်လေ့လာနိုင်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပွဲစီစဉ်ထဲပါဝင်သူ တစ်ဦးဖြစ်သည့် နန်းမွေလျန်းက ထပ်လောင်းပြောသည်။

မဟာဒေဝီ စဝ်ဆုစန္

“အဓိကတော့ ပြီးခဲ့တဲ့ ၆ ရက်က ကံကုန်သွားတဲ့ စဝ်မယ် ဆုစန္ဒီကို ရည်စူးပြီးတော့ ကောင်းမှုကုသိုလ်တွေ၊ ဆွမ်းကပ်တာတွေ လုပ်တယ်။ ဗုဒ္ဓဘာသာ ထုံးစံအရ ကောင်းမှုကုသိုလ်တွေ ပြုလုပ်တယ်။ စဝ်မယ် အထိမ်းမှတ်အနေနဲ့ ဓာတ်ပုံတွေ ပြသတာတွေ ပြုလုပ်တယ်။ အဓိကတော့ စဝ်မယ်ရဲ့ အထိမ်းမှတ်အနေနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တယ်” ဟု နန်းမွေလျန်းက ဆိုပြန်သည်။

အသက် ၉၁ နှစ်အရွယ်ရှိ သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်ဆုစန္ဒီဟာ ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် အမေရိကန်ရှိ နေအိမ်တွင် သက်ကြီးရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...