Wednesday, January 28, 2026

မဟာဒေဝီ စဝ်ဆုစန္ဒီ ကွယ်လွန်အနိစ္စ ဝမ်းနည်းအောက်မေ့ဖွယ် ဆွမ်းကပ်အလှူပြုလုပ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ထိုင်းနိုင်ငံရောက် သျှမ်းလူထုများက မဟာဒေဝီ စဝ်ဆုစန္နီ ကွယ်လွန်အနိစ္စ ဝမ်းနည်းအောက်မေ့ဖွယ် ဆွမ်းကပ် အလှူပြုလုပ်ခဲ့ကြသည်။

ဝမ်းနည်းအောက်မေ့ဖွယ် ဆွမ်းကပ် အလှူပြုလုပ်ပုံ

ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) ရက် နံနက်ပိုင်း ၉ နာရီမှစပြီး နေ့လည် ၁၂ နာရီအထိ သျှမ်းလူထုများအပါအဝင် ဆွေမျိုးများနှင့် နီးစပ်သူများအားလုံး လူဦးရေ ၁၀၀ ကျော်သည် မဟာဒေဝီ စဝ်ဆုစန္နီ ကွယ်လွန်အနိစ္စ ဝမ်းနည်း အောက်မေ့ဖွယ်ကြောင်းကို ဆွမ်းကပ် လှူဒါန်းမှု ပြုလုပ်ခဲ့သည်။

“ စဝ်မေ (မဟာဒေဝီ) က ကျမတို့ သျှမ်းပြည်တိုင်းရင်းသား အပါအဝင် သျှမ်းလူမျိုးများအတွက် ကိုယ်ကျိုးစွန့်ပြီး လှုပ်ရှား ကူညီထောက်ပံ့ပေးတာ အံ့မခန်းပါ။ ဒါတွေကို ကျနော်၊ ကျမ တို့က ကြိုးစား လက်ဆင့်ကမ်း တာဝန်ထမ်းယူပြီး ရှေ့ဆက် သျှမ်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်သွားမယ် “ ဟု ပွဲစီစဉ်သူ နန်းစံတောင်းက ပြောသည်။

ဒီနေ့ ပြုလုပ်ခဲ့သည့် အထိမ်းမှတ်ဟာ အဓိက မဟာဒေဝီအတွက် ရည်စူးပြီး အလှူအတန်းများ ပြုလုပ်ပေးခဲ့ပြီး မဟာဒေဝီ ရဲ့ ဘဝ သမိုင်းအကြောင်းတွေကို ဓာတ်ပုံနှင့် တကွ လာရောက်လေ့လာနိုင်အောင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပွဲစီစဉ်ထဲပါဝင်သူ တစ်ဦးဖြစ်သည့် နန်းမွေလျန်းက ထပ်လောင်းပြောသည်။

မဟာဒေဝီ စဝ်ဆုစန္

“အဓိကတော့ ပြီးခဲ့တဲ့ ၆ ရက်က ကံကုန်သွားတဲ့ စဝ်မယ် ဆုစန္ဒီကို ရည်စူးပြီးတော့ ကောင်းမှုကုသိုလ်တွေ၊ ဆွမ်းကပ်တာတွေ လုပ်တယ်။ ဗုဒ္ဓဘာသာ ထုံးစံအရ ကောင်းမှုကုသိုလ်တွေ ပြုလုပ်တယ်။ စဝ်မယ် အထိမ်းမှတ်အနေနဲ့ ဓာတ်ပုံတွေ ပြသတာတွေ ပြုလုပ်တယ်။ အဓိကတော့ စဝ်မယ်ရဲ့ အထိမ်းမှတ်အနေနဲ့ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ခဲ့တယ်” ဟု နန်းမွေလျန်းက ဆိုပြန်သည်။

အသက် ၉၁ နှစ်အရွယ်ရှိ သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီ စဝ်ဆုစန္ဒီဟာ ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် အမေရိကန်ရှိ နေအိမ်တွင် သက်ကြီးရောဂါဖြင့် ကွယ်လွန် အနိစ္စ ရောက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Hsipaw_Polling_Station

ကျောက်မဲတွင် နယ်မြေ ၆ ရာခိုင်နှုန်းသာ ရွေးကောက်ပွဲလုပ်နိုင်၊ သီပေါတွင် မဲရုံနေရာ ရွှေ့ပြောင်းခဲ့ရ

0
သျှမ်းပြည် ကျောက်မဲနှင့် သီပေါမြို့တို့တွင် စစ်ကော်မရှင်ဘက်မှ အရေးပေါ်အခြေအနေ ကြေညာထားသည့်ကြား ရွေးကောက်ပွဲ တတိယပိုင်း ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်း၌ သျှမ်းပြည်မြောက်ပိုင်းမှ ကျောက်မဲ၊ သီပေါနှင့် မက်မန်းမြို့နယ်တို့ ပါဝင်သည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်)...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...