လားရှိုး အမျိုးသားတစ်ဦး ဓားခုတ်ခံရပြီး ဦးခေါင်းဒဏ်ရာရ

သျှမ်းပြည် လားရှိုးခရိုင် လားရှိုးမြို့တွင် အသက် ၄၀ နှစ် ဝန်းကျင် အမျိုးသားတစ်ဦးသည် ဓားခုတ်ခံရပြီး ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာ ရထားကြောင်း သတင်းရရှိသည်။

ဦးခေါင်းထိခိုက်ဒဏ်ရာရသူ

ယမန်နေ့ (ဖေဖော်ဝါရီ ၉) ရက် နံနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်တွင် လားရှိုးမြို့နယ် ဆင်တောင်သစ်ခွကျောင်း အဝင်လမ်း၌ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦးကို လူတစ်စုက ဓားပြတိုက်ပြီး ဓားဖြင့်လိုက်လံ ခုတ်သတ်ရန် ကြိုးစားခဲ့ကြောင်း သိရသည်။

ထိုလိုက်လံ ခုတ်သတ်ခံရသည့် အသက် ၄၀ အရွယ်ရှိ အမျိုးသားသည် ထွက်ပြေးလွှတ်မြောက်လာသော်လည်း ဦးခေါင်းတွင် ဓားဒဏ်ရာ ၃ချက် ထိကာ ကြောက်စိတ်ကြောင့် အသိမှတ်ဥာဏ်မဲ့သည့်အထိ ဖြစ်သွားကြောင်း လားရှိုးရွှေလှိုင်မေတ္တာ လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

“ သူ့ကို စစတွေ့တဲ့အခါမှာ သူရဲ့ အသိအာရုံက ချို့ယွင်းနေပြီ။ သူတို့ လိုက်ရိုက်လို့၊ လိုက်ခုတ်လို့ ဆိုပြီး ထွက်ပြေးလာတာပဲ ပြောနိုင်တယ်ဗျ။ အတော်ကြီးကို ဟို့အဝေးပြေးလာခဲ့တယ်လို့ ထင်တာဘဲဗျ၊ ရောက်တဲ့နေရာမှာ လက်ညှိးနဲ့ ထိုးထိုးပြနေတာ။ သူ့ဆီမှာ ဘာတွေပါသွားလည်း မေးလို့ လုံးဝမရဘူးဗျာ။ ဦးခေါင်းမှာ ဓားခုတ်ဒဏ်ရာ ၃ ချက်၊ လက်ဖျံရိုးတစ်ဖက် ကျိုးထားတယ်။ ဝမ်းဗိုက်မှာလည်း ပြတ်ရှထားတဲ့ ဓားဒဏ်ရာဒဏ်ချက်တွေ ရထားတယ် “ ဟု ၎င်း တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာများစွာ နှင့် အမျိုးသားတစ်ဦးသည် ၎င်းကို ဓားပြတိုက်တစ်စုမှ တိုက်ခိုက်ထားကြောင်း ယူဆထားသည်ဟု သိရသည်။

ထို့အပြင် ဒေသခံများအနေဖြင့် အပြင်သို့သွားလာသည့် အခါတိုင်း အန္တရာယ်ဇုံထဲသို့ ရောက်ရှိနေကြောင်းကို သတိပြုပြီး အသွားအလာ ဆင်ခြင်ကြရန် ၎င်းက တိုက်တွန်းထားသည်။

“ ပြည်သူတွေ အနေနဲ့ သတိရှိအောင်၊ ဆင်ခြေနိုင်အောင် ပြောပြချင်တယ်။ ကျနော်တို့တွေ အန္တရာယ်ဇုံထဲ ရောက်ရှိနေကြောင်းကို လူတိုင်းတော့ သိထားသင့်ပါတယ်။ ဒီချိန်မှာ လုံခြုံမှုဆိုတာ ဘာမှ မရှိတော့ဘူး၊ ကိုယ်စီ သတိထားနေထိုင်ကြပါ “ ဟု ၎င်းက တိုက်ထွန်းထားသည်။

လက်ရှိ ဓားခုတ်မှုခင်းမှာ ပထမဆုံးအကြိမ်တော့ မဟုတ်ကြောင်း၊ ယခင်က ဓားခုတ်မှု မကြာခဏဖြစ်ပွား သော်လည်း သတိမှတ်ဥာဏ်မေ့သည့် အဆင့်ထိတော့ မရှိခဲ့ဖူးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

စစ်တပ်ထိန်းချုပ် လားရှိုးမြို့ပေါ် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲမှုများလာ၊ ဖမ်းဆီးအရေးယူမှုမရှိ

0
သျှမ်းပြည် လားရှိုးမြို့တွင် ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး ဖမ်းဆီးအရေးယူမှုလည်း မရှိသလောက် နည်းပါးကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ကို စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် တစ်နှစ်ကျော်အတွင်း ခိုးဆိုးလုယက်မှုနှင့် ပြန်ပေးဆွဲ ငွေညှစ်တောင်းခံမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာပြီး မေလ ပထမပတ်အတွင်း အမျိုးသမီးတစ်ဦး ဆိုင်ကယ်လုယက်ခံရပြီး ခရိုင်ရဲစခန်းအနီးရှိ နေအိမ်တစ်အိမ်တွင်လည်း...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...