ထိုင်း – မြန်မာ နယ်စပ်ဂိတ် ဝင် ၊ ထွက် သူများကို အကန့်သတ်ဖြင့် သွားလာခိုင်းမည်

ထိုင်း – မြန်မာနယ်စပ် တာချီလိတ် – မယ်ဆိုင် တံတား အမှတ် (၁) ကို ဖွင့်လှစ်ဖြစ်ပါက လူအကန့်သတ်ဖြင့် သွားလာခွင့်ပြုမှာဖြစ်ပြီး ကိုဗစ် – ၁၉ ကာကွယ်ဆေးထိုးထားသည့် လက်မှတ်ပါ စစ်ဆေးသွားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

Crd: တာချီလိတ်မဏ္ဍိုင်

ယနေ့ ဇန်နဝါရီ ၂၀ တွင် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် သျှမ်းပြည် ဝန်ကြီးချုပ် တို့တွေ့ဆုံခဲ့ပြီး တံတားဖွင့်ရန်အတွက် သျှမ်းပြည်ဝန်ကြီးချုပ်ထံ တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ တင်ပြချက်ထဲတွင် လုံခြုံရေးအတွက် စစ်ဆေးရန် (Portable X Rays) ကို တပ်ဆင်ရန်အတွက် တင်ပြခဲ့ကြောင်း တာချီလိတ်မဏ္ဍိုင်မှ ရေးသားထားသည်။

” သူတို့ အဝင် အထွက်လုပ်မဲ့ သူတွေကိုလည်း အကန့်သတ်နဲ့ပဲ ဖွင့်သွားမယ်တဲ့။ ပြီးတော့ ကိုဗစ် ကာကွယ်ဆေး ထိုးထားတဲ့ စာရွက်တွေကိုလည်း ဆေးစစ်မယ်တဲ့။ ပြီးတော့ လုံခြုံရေးအတွက်ဆိုပြီး Scan စက်ကိုလည်း တောင်းထားတယ်တဲ့” ဟု တာချီလိတ်မြို့ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

ထို တံတားကို အမှန်တကယ် ဖွင့်လှစ်ဖြစ်ပါက တစ်နေ့လျှင် လူဦးရေ ၄ ထောင်မှ ၅ ထောင်အထိသာ ဖြတ်သန်းသွားလာခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ် (၁) ကို ထိုင်းနိုင်ငံဘက်မှ ဇန်နဝါရီ ၂၂ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဟု ကြေညာထားသော်လည်း မြန်မာနိုင်ငံဘက်မှ ဖွင့်လှစ်မည့်ရက်ကို အတိအကျ ကြေညာ ထားခြင်း မရှိသေးပေ။

” ဘယ်နေ့ ဖွင့်မလဲတော့ အတိအကျ မသိသေးဘူး။ ကြေညာထားတာလည်းမရှိဘူး။ ဒါမဲ့ ဖွင့်တော့မယ်လို့တော့ ကြားတယ်။ နေပြည်တော်ကနေလည်း ဖွင့်ဖို့အတွက် စာပို့လာပြီဆိုတော့ ဖွင့်ဖို့တော့ များမယ်ထင်တယ်။ ဒါမဲ့လည်း ယုံလို့ မရသေးဘူး” ဟု အထက်ပါ သူကပြောသည်။

တာချီလိတ် – မယ်ဆိုင် ချစ်ကြည်ရေး တံတားအမှတ် (၁) ကို ၃ နှစ်ကြာ ပိတ်ခဲ့ပြီ ဖြစ်ပြီး ယခုနှစ်အတွင်း ဖွင့်လှစ်ရန်အတွက် ပြင်ဆင်နေကြကြောင်း သိရသည်။

အလားတူ တံတားဖွင့်လှစ်ရန်အတွက် ဇန်နဝါရီ ၁၆ ရက်တွင်လည်း သန့်ရှင်းရေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မယ်ဆိုင်သို့ မြန်မာဘက်လူနာတင်ယာဉ်နှင့် အငှားယာဉ်များ ဝင်ရောက်ခွင့် ကန့်သတ်ခံရ

0
မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်နယ်စပ်ဂိတ်တွင် ထိုင်းအာဏာပိုင်များ၏ ယာဉ်စည်းကမ်းနှင့် လုပ်ငန်းခွင် ဝင်ရောက်မှုဆိုင်ရာ စစ်ဆေးမှုများ တင်းကျပ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံဘက်မှ အရေးပေါ် လူနာတင်ယာဉ်များနှင့် အငှားယာဉ်များ အခက်တွေ့နေရကြောင်း ဒေသခံများက ပြောကြားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်တွင် မယ်ဆိုင်ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်သမားဌာနတို့ ပူးပေါင်းပြီး စစ်ဆေးခဲ့ရာ ခွင့်ပြုချက်မရှိဘဲ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

မယ်ဆိုင်တွင် စိတ်ကြွဆေးပြားအမြောက်အမြား သယ်ဆောင်လာသူ မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်ရှိ ပထမမြောက် မယ်ဆိုင်နယ်စပ် အကောက်ခွန်စစ်ဆေးရေးဂိတ်တွင် မြန်မာနိုင်ငံသား ယာဉ်မောင်းတစ်ဦး သယ်ဆောင်လာသည့် သစ်သီးခြင်းများအောက်၌ သိုဝှက်သယ်ဆောင်လာသည့် ကီတမင်း ၁၁၁ ကီလိုဂရမ်ကျော်နှင့် ယာဘ (စိတ်ကြွဆေးပြား) ၆ သိန်းပြားကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇူလိုင်လ ၅ ရက်) နံနက်ပိုင်းတွင်...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...