တောင်ကြီးရောက် USDP ဥက္ကဌ ဦးခင်ရီက ရွေးကောက်ပွဲကို ဝန်းရံရန်ပြော

ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ USDP ပါတီ၏ ဥက္ကဌ ခေါင်းဆောင် ဦးခင်ရီ သည် ၂၀၂၃ ခုနှစ် အတွင်း ကျင်းပသည့် ရွေးကောက်ပွဲကို ဝန်းရံကြရန်အတွက် တိုင်းရင်းသားများ စာပေ၊ ယဥ်ကျေးမှု အဖွဲ့
(၈) ဖွဲ့ကို လာရောက် ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။

Photo Credit – USDP Page

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးခန်းတွင် တိုင်းရင်းသား အဖွဲ့ (၈) ဖွဲ့ နှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ USDP ဥက္ကဌ ခေါင်းဆောင် ဦးခင်ရီ နှင့် တွေ့ဆုံသည့် သျှမ်းပြည် အတွင်း နေထိုင်ကြသော တိုင်းရင်းသားများ စာပေ၊ ယဥ်ကျေးမှုများမှ ပအိုဝ်း၊ သျှမ်း ၊ ကိုးကန့်၊ အင်း၊ တောင်ရိုး၊ တအာင်း (ပလောင်) ၊ ယင်းတလဲ (ယန်းလိုင်း နှင့် မုန်းဝန်း မှ စာပေ နှင့် ယဥ်ကျေးမှုအဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း တောင်ကြီး မှ ရှမ်းစာပေ နှင့်ယဥ်ကျေးမှု ဥက္ကဌ လုံးစိုင်းခမ်းနွတ်က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ကျနော်တို့ကို ဖိတ်စာနဲ့တကွ ဖိတ်လာတော့ ကျနော်တို့လည်း တက်ဖြစ်ခဲ့တယ်၊ ၄ ယောက်တက်ဖို့ ပြောပေမဲ့ ကျနော်တို့ကတော့ နှစ်ယောက်ပဲ တက်ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ တခြားအဖွဲ့အစည်းကတော့ ၄ ယောက်စီ တက်ဖြစ်တယ်၊ ထူးခြားတာကတော့ ပအိုဝ်းအဖွဲ့က ၈ ယောက်တက်တယ်၊ တွေ့ဆုံမှုမှာ စုစုပေါင်း လူ ၄၀ နီးပါး ရှိတယ်” ဟု လုံးစိုင်းခမ်းနွတ်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

USDP ဥက္ကဌ ဦးခင်ရီမှ တစ်မြေတည်းနေ တစ်ရေတည်းသောက်သည့် တိုင်းရင်းသားဖြစ်သည့် အတွက် မလိုသူ တို့၏ သွေးထိုးမှုကို နားမယောင်ကြရန်၊ အချင်းချင်း သွေးစည်းညီညွတ်ကြရန် နှင့် လာမည့် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ဖို့ အတွက် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်း ဆောင်ရွက်ကြရန် ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

ယင်းတွေ့ဆုံမှု နှင့် USDP ဥက္ကဌ ဦးခင်ရီ နှင့်အတူ သျှမ်းပြည်မှ ပြည်နယ်ပါတီ ဥက္ကဌ ဦးစိုင်းလုံကျော် နှင့် ပြည်နယ် အလုပ်အမှုဆောင်များလည်း တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲကို ဝန်းရံကြရန် ဦးတည်ပြောဆိုခဲ့ကြောင်း တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိက ကတော့ ၂၀၂၃ ရွေးကောက်ပွဲကို ဝန်းရံဖို့ ပြောတာပါ၊ ဓနု အဖွဲ့ ကတော့ မတက်ဘူး။ တချို့အဖွဲ့တွေကလည်း အခြေအနေအရ Follow လိုက်နေရလို့ လာတက်တာပေါ့” ဟု USDP တွေ့ဆုံမှုတွင် ပါဝင်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် ၂၀၂၃ ခုနှစ်အတွင်းတွင် PR စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေလျက်ရှိပြီး USDP (ကြံ့ခိုင်ရေးပါတီ) အနေဖြင့်လည်း ပါတီအားကောင်းသည့် မြို့နယ်များကို သွားရောက် တွေ့ဆုံ ဆွေးနွေး မဲဆွယ်မှုများ စတင်လုပ်ဆောင်နေကြောင်းလည်း သိရသည်။

တဖက်တွင်လည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် စစ်ကောင်စီ လက်အောက်ခံ အုပ်စုများက သက်ဆိုင်ရာ မြို့နယ်အလိုက် တစ်အိမ်တက် တစ်အိမ်ဆင်း နှင့် အိမ်ထောင်စု နာမည်စာရင်းကို ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ပြီး ကောက်ယူနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...