တိုက်ပွဲကြား အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ IPDF တပ်ရင်းမှူး အပါဝင် (၄) ဦး ကျဆုံး ၃ ဦး ဖမ်းဆီးခံထားရ

သျှမ်းပြည် တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် အင်းလေးအနောက်ဘက်ခြမ်း ဘုရားနီကျေးရွာ နှင့် သန်းထောင်ရွာကြားတွင် စစ်ကောင်စီ နှင့် အင်းလေး IPDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး IPDF တပ်ရင်း ၁၀၀၉ တပ်ရင်းမှူး အပါဝင် (၄) ဦး ကျဆုံးခဲ့ကာ ၃ ဦး ဖမ်းဆီးခံထားရကြောင်း သတင်းရရှိသည်။

IPDF

ဇန်နဝါရီ (၃) ရက်နေ့က စစ်ကောင်စီ နှင့် အင်းလေး IPDF တို့တိုက်ပွဲကြား IPDF တပ်ရင်း ၁၀၀၉ တပ်ရင်းမှူး နှင့် တပ်ဖွဲ့ဝင် ၂ ဦးတို့က တိုက်ပွဲတွင်း သေဆုံးသွားခဲ့ပြီး ၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

“ တိုက်ပွဲကြားမှာက IPDF က တပ်ရင်းမှူးလည်း ကျဆုံးသွားခဲ့တယ်။ ပြီးတော့ တပ်သား ၂ ဦးလည်း ကျဆုံးသွားတယ်။ စစ်ကောင်စီဘက်က အရှင်တစ်ယောက် ဖမ်းသွားနိုင်ခဲ့တယ်။ သေဆုံးသွားတာက သေချာတယ်” ဟု PDF နှင့် နီးစပ်သူ အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ထိုအပြင် တိုက်ပွဲကြောင့် ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) ညပိုင်းတွင် IPDF ဘက်မှ တပ်ဆုတ်လာချိန် စစ်ကောင်စီ နှင့် ပျူစောထီးတို့က လိုက်လံရှာဖွေရာမှ ခေါင်တိုက်ကျေးရွာအနီး လင်းကင်းကျေးရွာတွင် IPDF တို့ တပ်သား (၃) ဦးကို ထပ်မံ ဖမ်းဆီးခံရကြောင်း သိရသည်။

အဆိုပါ ထပ်မံဖမ်းဆီးခံရသည့် တပ်သား (၃) ဦးထဲတွင် ၂ ဦးကို စစ်ကောင်စီက အရှင်ဖမ်းမိပြီး ကျန်တစ်ဦးက သေဆုံးသွားကြောင်း သိရသည်။

“ တိုက်ပွဲအရှိန်ကြောင့် IPDF တပ်သားတွေ တပ်ဆုတ်လာတဲ့အချိန်မှာ လင်းကင်းကျေးရွာမှာ ထပ်ပြီး (၃) ယောက် ဖမ်းဆီးခံရတယ်။ အဲ့ ၃ ယောက်က ၂ ယောက်ကို အရှင်ဖမ်းမိပြီးတော့ ကျန်တဲ့ ၁ ယောက်က သေနေပြီတဲ့။ သူတို့ဘယ်ကို ဆက်ခေါ်သွားလဲတော့ မသိဘူး” ဟု အထက်ပါ ပုဂ္ဂိုလ် က ပြောသည်။

အဆိုပါ ဇန်နဝါရီ ၃ ရက်နေ့က တိုက်ပွဲတွင် နှစ်ဦးနှစ်ဖက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော်လည်း စစ်ကောင်စီဘက်မှ မည်မျှကျဆုံးသည်ကို မသိရှိရသေးပေ။

တိုက်ပွဲကြောင့် အင်းလေးဒေသတွင် စစ်ကောင်စီက စစ်ဆေးမှု တင်းကြပ်နေလျက်ရှိကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီး ယခု ၂၀၂၃ ခုနှစ်ထဲတွင် သျှမ်းပြည် တောင်ကြီးခရိုင် အင်းလေးကန်ဒေသအတွင်း စစ်ကောင်စီ နှင့် သျှမ်းတောင် PDF တို့ ပထမဆုံး ဖြစ်သည့်တိုက်ပွဲဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

အင်းလေးဒေသတွင် အခြားတိုင်းရင်းသားများကို ပိတ်ပင်မည်ဟုဆိုသည့် ထုတ်ပြန်ချက်အတု

0
လတ်တလော လူမှုကွန်ရက်စာမျက်နှာများတွင် “အင်းတိုင်းရင်းသားများ သဘောထားထုတ်ပြန်ချက်” ဟူသည့် ခေါင်းစဉ်ဖြင့် အင်းလေးဒေသအတွင်း အခြားတိုင်းရင်းသားများ လာရောက်ခြင်းနှင့် စီးပွားရေး လုပ်ကိုင်ခြင်းများကို ပိတ်ပင်မည်ဟုဆိုသော စာတစ်စောင် ပျံ့နှံ့နေသည်။ ပျံ့နှံ့နေသော စာတွင် ၂၀၂၆ ခုနှစ် ဇူလိုင်လမှ စတင်ကာ အင်းလေးဒေသအတွင်း ကျင်းပသည့် ဘုရားပွဲ၊ စာတော်ပြန်ပွဲများသို့ အင်းတိုင်းရင်းသားမှလွဲ၍...

အင်းလေးဒေသကို နယ်မြေတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း PNO ပြော

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသကို ၎င်းတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ထည့်သွင်းရန်နှင့် နယ်မြေတိုးချဲ့ရန် အစီအစဉ် လုံးဝမရှိကြောင်း ပအိုဝ်းပြည်သူ့စစ် (PNO) ဇွန်လ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အင်းလေးဒေသအား ပအိုဝ်းကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သွတ်သွင်းမည့် ထိပ်တန်းလျှို့ဝှက် ညွှန်ကြားချက်စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုအပေါ် PNO ဗဟိုဌာနချုပ်ရုံးက ထုတ်ပြန်လိုက်ခြင်း...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...