Tuesday, January 27, 2026

ရန်ဖြစ်ပြီး သေဆုံးသွားသည့် နမ့်စန် ကျောင်းသားအမှုကို ကြေအေးပေးရန် ဖိအားပေးခံနေရ

သျှမ်းပြည် လွိုင်လင်ခရိုင် နမ့်စန်မြို့ အမှတ် (၁) အထက်တန်းကျောင်းသား အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာမှ သေဆုံး သွားရသည့် ကျောင်းသားအမှုကို ကြေအေးပေးရန် စစ်ကောင်စီ အသိုင်းအဝိုင်းက ဖိအားပေးနေကြောင်း စုံစမ်းသိရှိရသည်။

ကျောင်းမှာ နည်းပြလုပ်စဥ် ဆုရတဲ့ပုံ

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂ ရက်တွင် နမ့်စန် အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသား အချင်းချင်း ခိုက်ရန် ဖြစ်ပွားပြီး မောင်အောင်မော်ဟိန်း သည် ရရှိသည့် ဒဏ်ရာဖြင့် နိုဝင်ဘာလ ၅ ရက်တွင် သေဆုံးသွားခဲ့ရသည်။

ထို သေဆုံးမှုကြောင့် မောင်အောင်မော်ဟိန်း၏ မိဘများက ကျူးလွန်သူကို အမှုဖွင့်ထားခဲ့သည်။

ထိုအမှုကို ပိတ်သိမ်း ကြေအေးပေးရန် စစ်ကောင်စီ အသိုင်းအဝိုင်း၏ ဖိအားပေးခံရခြင်း ဖြစ်ကြောင်း မောင်အောင်မော်ဟိန်း မိသားစုနှင့် နီးစပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကလေး (မောင်အောင်မော်ဟိန်း) ရဲ့ နာရေးပြီးခါစမှာ ကျူးလွန်တဲ့ ကျောင်းသားမိဘက အမှုကို ပိတ်ပေးလို့ ရမလားဆိုပြီးတော့ ပိုက်ဆံ သိန်း ၂၀ ပေးတယ်၊ ဒါပေမဲ့ ကလေးရဲ့ မိဘတွေက လက်မခံ ပါဘူး၊ ကလေးက မသေသင့်ပဲ သေခဲ့ရလို့ ကျူးလွန်သူကို ဥပဒေအတိုင်းပဲ သွားမယ်လို့ ပြန်ပြောခဲ့တယ်” ဟု မောင်အောင်မော်ဟိန်း ၏ မိဘနှင့် နီးစပ်သူ အသက် ၅၀ ကျော် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အမှုဖွင့်ပြီး စွဲချက်တင်သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၅ ရက်တွင်လည်း နမ့်စန်မြို့ရှိ ရဲစခန်းမှ အမှုကို ကြေအေးပေးသင့်ကြောင်း နှင့် တစ်ဖက်ကလေး၏ တက်လမ်းကို ငဲ့ညှာသင့်ကြောင်း မောင်အောင်မော်ဟိန်း၏ မိဘကို ပြောဆိုခဲ့ကြောင်း သိရသည်။

“သေတဲ့ ကလေးကသေသွားပြီ၊ ကျူးလွန်သူဘက်ကလည်း ပိုက်ဆံရှိတာ မဟုတ်ဘူး၊ သိန်း ၂၀ ဖြစ် ၃၀ ဖြစ်ဖြစ် ယူပြီး ကြေအေးပေးလိုက်ပေါ့၊ သူများကလေး တက်လမ်းရှိသေးတာကို စဥ်းစားပြီး ငဲ့ညှာပေးသင့်တယ် ဆိုပြီးတော့ ပြောလာတယ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

လက်ရှိတွင် မောင်အောင်မော်ဟိန်း၏ မိဘများ အနေဖြင့် ကျူးလွန်သူ ကျောင်းသားကို ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်စေလိုကြောင်း နှင့် တစ်ဖက်တွင်လည်း လုံခြုံရေးအတွက် စိုးရိမ်ကြောက်လန့်မှုများ ရှိနေကြောင်း သိရသည်။

“တစ်ဖက်က စစ်ကောင်စီ အသိုင်းအဝိုင်း လက်နက်ကိုင်ကြတဲ့ သူတွေဆိုတော့လည်း ကြောက်ရတာပေါ့၊ သွားရေး လာရေးကအစ စိုးရိမ်နေရတာမျိုးရှိတယ်၊ သေတဲ့ ကလေးက သေသွားပြီဆိုပေမဲ့ ကျူးလွန်သူကိုသာ ဒီအတိုင်းလွတ်လိုက်ရင်လည်း စစ်ကောင်စီ အသိုင်းအဝိုင်းက ဒီလိုလုပ်လို့ရလားဆိုပြီး ပြောစရာတွေ ဖြစ်မှာကို မလိုလားဘူး၊ ဒါကြောင့် ကြောက်တဲ့ကြားကနေ မိဘတွေကတော့ အမှုကို ဆက်ဖွင့်ထားတာ” ဟု မောင်အောင်မော်ဟိန်း မိဘနှင့် နီးစပ်သည့် အမျိုးသမီးတစ်ဦးက ပြောပြသည်။

ထို့အပြင် မောင်အောင်မော်ဟိန်း၏ ဖခင်ဖြစ်သူလည်း သားဆုံးရှုံးလိုက်ရသည့် စိတ်ကြောင့် ကျန်းမာရေးများ ထိခိုက်ပြီး ဆေးသွင်းနေရကြောင်း နီးစပ်သူ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကိုဆက်ပြောသည်။

သေဆုံးသွားသည့် မောင်အောင်မော်ဟိန်း၏ မိဘများသည် နမ့်စန်မြို့ ဒေသခံ နေ့စားအလုပ်သမားများသာဖြစ်ပြီး၊ ၎င်းနှင့် ရန်ဖြစ်သည့် ကျောင်းသားသည် နမ့်စန်လေတပ်၏ အသိုင်းအဝိုင်းမှ ဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

လားရှိုးလေဆိပ် ကျပြီးနောက် နမ့်စန်လေတပ်စခန်းကို စစ်ကောင်စီတိုက်လေယာဉ် ပိုမိုအသုံးပြုလာ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်စခန်း ဌာနချုပ်တွင် တိုက်လေယာဉ် အတက်အဆင်း ပိုမိုများပြားလာပြီး နေ့၊ည အချိန်မရွေး ပျံသန်းမှု ခပ်စိပ်စိပ် ရှိနေကြောင်း စုံစမ်းသိရသည်။ လားရှိုးမြို့ အရှေ့မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် ကပ်ရပ်ရှိ လားရှိုးလေဆိပ်နှင့် လေတပ်စခန်းတို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဇူလိုင်လ...

လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်အတွင်း စက်သုံးဆီပြတ်လပ် ထောက်ခံစာဖြင့်သာဝယ်နေရ

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်နှင့် တောင်ကြီးခရိုင်တို့ဘက်တွင် စက်သုံးဆီများပြတ်လပ်နေပြီး ထောက်ခံစာဖြင့်ဝယ်နေရကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၃၁)ရက် ညနေပိုင်းတွင် စက်သုံးဆီရောင်းချနေသည့် ဆိုင်ကြီးများတွင် တန်းစီပြီး ထောက်ခံစာဖပါလာသည့် သူများကိုသာ ရောင်းချပေးနေကြောင်း တောင်ကြီးမြို့နယ် မှ ဒေသခံ အမျိုးသမီးတစ်ဦး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။ ‘’၂ပိဿာပုံးနဲ့သွားဝယ်တာတောင် ထောက်ခံစာပါမှ ရောင်းပေးတာ ။ အိမ်က...

နမ့်စန်မြို့ရှိ စစ်ကောင်စီ လေတပ်စခန်းမှ လေယာဥ်အတက်အဆင်း နေ့/ည ပျံသန်းမှု ရှိနေ

0
သျှမ်းပြည် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့ရှိ စစ်ကောင်စီ၏ လေတပ်စခန်းမှ တိုက်လေယာဥ် အတက် အဆင်းသည် နေ့/ည အချိန်မရွှေးပျံသန်းမှု ရှိနေကြောင်း စုံစမ်းသိရသည်။ ယခုရက်ပိုင်းအတွင်း နမ့်စန်မြို့ရှိ စစ်ကောင်စီ လေတပ်စခန်းမှ တိုက်လေယာဥ်များသည် တစ်နေ့လျှင် ပျှမ်းအားဖြင့် ၅ ကြိမ် မှ ၆ ကြိမ် အထိ...

ကျိုင်းတုံလေဆိပ်ကို လာအို၊ တရုတ် နှင့် ထိုင်း နိုင်ငံများမှ လေယာဉ် တိုက်ရိုက်ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်မည်ဟု စစ်ခေါင်းဆောင်ပြော

0
သျှမ်းပြည် ကျိုင်းတုံလေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နိုင်ရန် အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုခဲ့သည်။ ယမန်နေ့ (မေလ ၁၁) ရက် ညနေပိုင်းအချိန်၌ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ပြီး ကျိုင်းတုံလေဆိပ်ကို ပြည်တွင်းတွင် အသုံးပြုနေသည့် လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဟု နစကဉက္ကဌ မှ...